ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဒေါမနစ် ဆိုလန်ကီ ကတော့ ဒူးဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရတော့မှာ ဖြစ်ကြောင်း နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက အတည်ပြုလာခဲ့ပါတယ်။
အသက် ၂၇ နှစ် အရွယ် ဆိုလန်ကီက ပြီးခဲ့တဲ့ တစ်ပတ်က လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၊ ဟော်ဖန်ဟိမ်းနဲ့ ယူရိုပါလိဂ် ပွဲစဉ် တို့ကို လွဲချော်ခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဆိုလန်ကီက ဒူးဒဏ်ရာကို ခွဲစိတ်ကုသဖို့ မလိုအပ်ပေမယ့် ၆ ပတ်ခန့် အနားယူရမှာ ဖြစ်ကြောင်း ပိုစတီကိုဂလူးက အခုလိုပဲ အတည်ပြု ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ပိုစတီကိုဂလူးက “ဒွန်မနစ် (ဆိုလန်ကီ)က လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေအရ ၆ ပတ်ဝန်းကျင် အနားယူရဦးမှာပါ။ ခွဲစိတ်စရာတော့ မလိုပါဘူး။ ဒီထက် နည်းနည်း စောပြီးတော့လည်း သူပြန်လာနိုင်ပါတယ်။ သူ့ရဲ့ အခြေအနေက ဘယ်လောက် အထိ တိုးတက်မှု ရှိမလဲ ဆိုတာ ကြည့်ရမှာပါ။ ဒါပေမယ့် ဒီအဆင့် မှာတော့ ၆ ပတ်ဝန်းကျင် လို့ပဲ ပြောရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။ ဆိုသည်။
စပါးရဲ့ ဒဏ်ရာရစာရင်းမှာ ဗီကာရီယို၊ စပန့်စ်၊ အူဒိုဂီ၊ ဗန်ဒီဗန်၊ ဘစ်ဆူးမား၊ ပိပ်ဆား၊ တီမို ဗာနာ၊ ဘရန်နန် ဂျွန်ဆင်၊ အိုဒိုဘတ်၊ ရိုမဲယို၊ ဒေါမနစ် ဆိုလန်ကီ တို့လို ကစားသမားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ စပါးက ရာသီအစမှာ ရလဒ်ပိုင်း မဆိုးရွားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်လစလုံး တောင့်တင်းတဲ့ လူစာရင်း မရှိတာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ စပါးက ပရီးမီးယားလိဂ် ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့သလို နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပါတယ်။ ဒီလို အခြေအနေကြောင့် နည်းပြ ဖြစ်ူ အန်ဂျီ ပိုစတီကိုဂလူးရဲ့ အနာဂတ် ကလည်း မရေရာ မသေမချာ ဖြစ်နေပါတယ်။
ဒါကြောင့် စပါးက လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မဖြစ်မနေ ကစားသမား ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒီအတွက် အတွက် လူခေါ်ရာမှာ သုံးဖို့ ပိုက်ဆံ ရှိလားလို့ မေးမြန်းရာ မှာတော့ ပိုစတီကိုဂလူးက “အဲဒီ မေးခွန်းတွေကို ကျွန်တော် မဖြေနိုင်ပါဘူး။ ကျွန်တော် ပါဝင်ပတ်သက်နေတဲ့ အရာ မဟုတ်လို့ပါ။ ကလပ်က ကစားသမားတွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး သူတို့ အလုပ်ကို သူတို့ လုပ်နေပါတယ်။ ကျွန်တော် ဒီအသင်းကို စီမံခန့်ခွဲနေပြီး သူတို့ကို နောက်လာမယ့် ပွဲအတွက် အဆင်သင့်ပြင်ထားဖို့ လုပ်ရပါတယ်။ မနေ့ ညက ဆိုရင် ၂ နာရီမှာ ကျွန်တော် ပြန်ရောက်ပါတယ်။ ကစားသမားသစ် ခေါ်ယူဖို့က ကျွန်တော့်ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး၊ အဲဒါကို လုပ်ဖို့ အချိန်ပိုလည်း မရှိပါဘူး။ ဂျိုဟန် နဲ့တော့ ကျွန်တော့်မှာ နေ့စဉ် ဆက်သွယ်မှု ရှိပြီးတော့ ကျွန်တော်တို့ လိုအပ်နေတဲ့ အကူအညီကို ရဖို့ အတွက် သူတတ်နိုင်သမျှ ကြိုးစားနေပါတယ်။ ဒီကစားသမား အစုအဖွဲ့က အကူအညီ လိုအပ်ပါတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ မခေါ်နိုင်ရင်တော့ မီးနဲ့ ကစားသလို ဖြစ်မှာပါ။ ဒါပေမယ့် ကလပ်က ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.