အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်နေပြီးတော့ ချန်ပီယံဆု အတွက် မျှော်လင့်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ် ၅ ပွဲ ဆက်တိုက် နိုင်ပွဲရထားခဲ့ပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့လည်း ရမှတ် ကွာဟချက် ကျဉ်းမြောင်းနေခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာက သူတို့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု အတွက် အဆင့်သင့် မဖြစ်သေးကြောင်း နောက်ထပ် တစ်ကြိမ် ပြောဆိုလာခဲ့ပြန်ပါတယ်။ ချဲလ်ဆီးက ဒီရာသီမှာ နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် မထင်မှတ်ပဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ရာသီ အစမှာ ကစားသမား အပြောင်းအရွှေ့ ခပ်ကြမ်းကြမ်း လုပ်ဆောင်ခဲ့ပြီး ဒီကစားသမားတွေဟာ နည်းပြသစ် လက်ထက်မှာ အလျင်အမြန် အသားကျသွားခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားထားရာ ၁၀ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၂ ပွဲ ရှုူံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာ အထိ တက်လှမ်းကာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ ခြေချော်နေချိန်မှာ အကောင်းဆုံး အခွင့်ကောင်းယူနိုင်ခဲ့ပြီး ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ဆိုရင်လည်း ၁ ပွဲ ပိုကစားထားပေမယ့် ၂ မှတ်သာ ကွာဟနေပါတယ်။
အခုလို အချိန်မှာ ဘောလုံး ပရိသတ် အများစုက ချဲလ်ဆီး အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းထဲမှာ ရှိနေပြီလို့ သတ်မှတ်လာကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ သူတို့ အသင်း ဒီလို အခြေအနေ ရောက်ရှိနေတဲ့ အပေါ်မှာ အားရသေးပုံ မရပဲ အကြိမ်ကြိမ် ငြင်းဆန်နေတာ ဖြစ်ပါတယ်။
အခုတစ်ကြိမ် မှာလည်း အန်ဇို မာရက်စ်ကာက“ကျွန်တော် တို့တတွေ နိုင်ပွဲတွေ ဘယ်လောက်ပဲ ရနေပါစေ အမှတ်ပေး ချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်ဖို့ အတွက်တော့ အဆင်သင့် မဖြစ်သေးဘူးလို့ပဲ ကျွန်တော် မှတ်ယူထားပါတယ်။ ဒီလို ဘာကြောင့် ထင်ရသလဲ ဆိုတဲ့ အကြောင်းအရင်း တစ်ခု ကတော့ ဆုဖလားတွေ ရရှိအောင် ဘယ်လို ယှဉ်ပြိုင်ရမလဲ ဆိုတာ သိရှိတဲ့ အသင်းတွေက ကျွန်တော် တို့တွေ ဂိုးပေးရသလိုမျိုး သူတို့တွေ ဂိုးတွေ ခွင့်ပြုပေးနေရခြင်း မရှိတာကြောင့်ပါ။ အခုလည်း ကျွန်တော်တို့ အသင်းထက် ပေးဂိုးနည်းတဲ့ အသင်း အရေအတွက် ၂ သင်းပဲ ရှိနေပါတယ်။ ကျွန်တော် တို့က ခံစစ်ပိုင်းက နည်းနည်းတော့ အားရစရာ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ပေးဂိုးမဲ့ နိုင်ပွဲမျိုးနဲ့ပဲ အဆုံးသတ်ချင်တာပါ။” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးက လက်ရှိ ရာသီ နည်းပြ အန်ဇို မာရက်စ်ကာ လက်ထက်မှာ ပြိုင်ပွဲစုံ ၃ ပွဲသာ ရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာ ရောက်ရှိနေသလို ကွန့်ဖရင့်လိဂ် မှာလည်း ရာနှုန်း ပြည့် နိုင်ပွဲနဲ့ အတူ ချန်ပီယံ ဖြစ်ဖို့လည်း ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.