နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆလော့တ်ကို ကြိုဆိုကြောင်း ပြောလိုက်တဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ပရီးမီးယားလိဂ်ကို ခြေချလာခဲ့တဲ့ လစ်ဗာပူးလ် နည်းပြသစ် အာနေး ဆလော့တ်ကို ကြိုဆိုကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်နဲ့ အနာဂတ် မသေချာတော့တဲ့ တန်ဟက်ဂ်က ဆလော့တ် လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့တဲ့ အပေါ် စိတ်လှုပ်ရှားမိကြောင်း ဝန်ခံခဲ့ပြီး သူရောက်ရှိတဲ့ အချိန်ကထက် ပိုပြီး လွယ်လွယ်ကူကူ စတင်နိုင်လိမ့်မယ်လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တန်ဟက်ဂ်က အက်ဖ်အေဖလား ဗိုလ်လုပွဲ အပြီးမှာ ယူနိုက်တက်နဲ့ လမ်းခွဲမယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကလပ် ဘက်ကတော့ တရားဝင် ထုတ်ပြန်လာခြင်း မရှိပါဘူး။ တန်ဟက်ဂ်ဟာ ယူနိုက်တက်မှာ နည်းပြနေစဉ် ကာလ တလျှောက်လုံး ခက်ခဲခဲ့ပေယ့် နှစ်ရာသီ အတွင်းမှာ ဆုဖလား ၂ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် မှာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား ချန်ပီယံဆုနဲ့ အတူ ယူရိုပါလိဂ် ဝင်ခွင့်ပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ လာမယ့် ရာသီ အစမှာလည်း ကွန်မြူနတီဒိုင်း ကစားခွင့်ပါ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ လာမယ့် ရာသီ အစမှာလည်း ကွန်မြူနတီဒိုင်း ကစားခွင့်ပါ ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အာနေး ဆလော့တ်ကို ကြိုဆိုခဲ့တဲ့ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်

တန်ဟက်ဂ်က “ဒါက နယ်သာလန် နည်းပြ အဖွဲ့ အတွက် အရမ်းကောင်းပါတယ်။ ပြီးတော့ အာနေး ဆလော့တ် ကလည်း လစ်ဗာပူးလ်ကို သူ့ရဲ့ အတွေးအခေါ်နဲ့ အံဝင်ခွင်ကျ ဖြစ်စေပါလိမ့်မယ်။ ယာဂန် ကလော့ပ်နဲ့ ပက်ပင် လင်ဒါ တို့ဟာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေ ချပေးခဲ့ပြီးသားပါ။”

“ နယ်သာလန် ကနေ မန်ချက်စတာယူနိုက်တက်ကို ကျွန်တော် ရောက်လာတုန်းကထက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေတွေ ရှိပါတယ်။ အသင်းရဲ့ ဖွဲ့စည်းပုံက ဟန်ချက်ညီမှုလည်း ရှိပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထွက်ခွာသွားတဲ့ လက်ထောက် နည်းပြ ပပ် လင်ဒါ ကလည်း မန်နေဂျာသစ် လက်ထက်မှာ ပရီးမီးယားလိဂ် ကလပ်ရဲ့ အနာဂတ် အတွက် စိတ်လှုပ်ရှားမိကြောင်း The Athleticကို ဝန်ခံ ပြောကြားထားပါတယ်။

လင်ဒါက “ကျွန်တော် အာနေးကို ကောင်းကောင်း သိပါတယ်။ အာနေးက လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ဟော်လန်မှာ ရှိတဲ့ ကျွန်တော့် အိမ်ကို လာခဲ့တယ်။ ဘောလုံး အကြောင်း ပြောဖို့ လာခဲ့တာပါ။ သူ ကျွန်တော့်ကို တွေ့ဖို့ အချိန် အတော်ကြာ ကားမောင်းလာခဲ့ပြီး မေးခွန်းပေါင်း တစ်ထောင်လောက် ရှိခဲ့တယ်။ ကျွန်တော် အဲ့ဒီ မေးခွန်းတွေ အားလုံးကို ဖြေဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီအချိန်က စပြီး ကျွန်တော်တို့ အနီးကပ် အဆက်အသွယ် ရှိခဲ့ပါတယ်။ သူက အံ့အားသင့်စရာ နည်းပြ တစ်ဦး ဖြစ်ပြီး သူလိုချင်တာကို အတိအကျ သိပြီး လစ်ဗာပူးလ်လို ကလပ်ကို ကိုင်တွယ်ဖို့ အတွေ့အကြုံတွေ ရှိထားသူပါ။ ဖီယင်နော့ဒ်နဲ့ လစ်ဗာပူးလ် ကြားမှာ ကိုက်ညီမှုတွေ ရှိပါတယ်။ သူတို့ရဲ့ ပရိသတ်တွေက အရမ်းကို စိတ်အားထက်သန်ကြပါတယ်။ You’ll Never Walk Alone လို့လည်း သီဆိုကြပါတယ်။”

“နှစ်အတော်ကြာအောင် ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ အရာတွေနဲ့ နီးစပ်ဖို့ အာနေးလို နည်းပြ တစ်ယောက် လိုအပ်ပါတယ်၊ ပြိုင်ဘက်ကို ကွင်းတစ်ဝက်အထိ တက်ပြီး ဖိအားပေးတာ၊ ဂိုးသွင်းတာ၊ တန်ပြန် တိုက်စစ် ကစားပုံတွေမှာ သူက ဗျူဟာမြောက်စွာ ကစားစေနိုင်ပါတယ်။ သူ့ အနေနဲ့ နောက်ထပ် ကြီးမားတဲ့ ခြေလှမ်း တစ်ခုကို လှမ်းဖို့ အတွက် အခွင့်အရေးပါပဲ။

“မိုက်ခ် (ဂေါ်ဒွန်) ယာဂင်နဲ့ စကားပြောတုန်းက ဒီအသင်းသစ်နဲ့ အတူ တိုးတက်လာနိုင်တဲ့ လူငယ် နည်းပြ တစ်ယောက် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အာနေးက ဒီမှာ အောင်မြင်ဖို့ အတွက် သူ့မှာ အရာအားလုံး ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်