ဘုန်းမောက် – အဲဗာတန်
ဒီပွဲကလည်း စနေနေ့ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီးတော့ ဘုန်းမောက်က အဲဗာတန်ကို ဗိုက်တယ်လတီကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ မထင်မှတ်တာတွေ လုပ်ပြနေပေမယ့် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ ဘုန်းမောက်တို့ ခံစစ် ကစားပုံ ကောင်းတဲ့ အဲဗာတန် ဆီက အမှတ်ပြည့်ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အန်ဒွန်နီ အိုင်ရာအိုလာရဲ့ ဘုန်းမောက်က ဒီရာသီမှာ ပုံစံကောင်း တစ်ခုနဲ့ အတူ မထင်မှတ်တာတွေ လုပ်ပြနေပြီးတော့ ရလဒ်တွေလည်း ကောင်းနေပါတယ်။ ဘုန်းမောက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အပြီးမှာ ၈ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၅ ပွဲ ရှုံးပြီး အဆင့် ၅ နေရာက နယူးကာဆယ်နဲ့ ၂ မှတ် အကွာ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ဘုန်းမောက်က တိုက်စစ် ကစားပုံလည်း မဆိုးလှပဲ ပြိုင်ဘက်တိုင်းရဲ့ ခံစစ်ကို ဒုက္ခပေးနိုင်လေ့ ရှိတာ တွေ့ရပါတယ်။
တစ်ဖက်မှာ အဲဗာတန် ကတော့ နည်းပြ ရှောင်ဒိုက်ချ် စိတ်ကြိုက် ခံစစ်ကို အကျစ်လျစ်ဆုံး ကစားနေတာ တွေ့ရပြီး နောက်ပိုင်း ပွဲတွေမှာ ရှုံးပွဲတွေ နည်းလာပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်က အမြင့်ဆုံး သရေ ရလဒ်ပဲ ရယူထားနိုင်ပြီး အသင်း ကလည်း တန်းဆင်းဇုန်နဲ့ ၂ မှတ် အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ အဲဗာတန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဖောရက်စ်ကို ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် အဆုံးသတ် ညံ့သလို ခံစစ် အရမ်းအသားပေးတာကြောင့် အိမ်ကွင်းမှာ ၂ ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။ ဒီပုံစံအတိုင်း ဆက်ကစားရင်တော့ အခုပွဲမှာလည်း အဲဗာတန်တို့ ဘုန်းမောက်ရဲ့ တိုက်စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဖို့ ရှိပြီး အချိန်တန်ရင် ဂိုးတွေ ပေးရပြီး ရှုံးပွဲ ကြုံဦးမှာပါပဲ။
နှစ်ဖက်အသင်း သတင်းများ
အဲဗာတန် ဘက်မှာတော့ ကိုးလ်မန်း၊ မက်နေးလ်၊ ဂါနာ၊ အီရိုဂ်ဘူနမ်တို့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘုန်းမောက် – ကီပါ၊ အာရွန်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ ခရစ္စတီ၊ ကွတ်ခ်၊ ဆီမီညို၊ ကလွိုင်ဗက်၊ အော့တာရာ၊ အီဗန်နီလ်ဆင်
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ယန်း၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ မိုင်ကိုလန်ကို၊ လင်းစတွမ်း၊ ဂူရီ၊ မန်ဂါလာ၊ ဒူကိုရေး၊ အန်ဒီရာရီ၊ ကဲလ်ဗတ်-လီဝင်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘုန်းမောက်က ၈ ကြိမ်နိုင်၊ အဲဗာတန်က ၇ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ဘုန်းမောက်က ၃ ကြိမ် နိုင်ပြီး အဲဗာတန်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ဘုန်းမောက် အိမ်ကွင်း နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဘုန်းမောက်က ၄ ကြိမ် အနိုင်ရပြီးတော့ ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၁.၇၈ ဆ၊ အဲဗာတန် နိုင်ရင် ၄.၀၇ ဆနဲ့ သရေ ဆိုရင်တော့ ၃.၄၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဘုန်းမောက်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကလည်း ၂ လုံးက စဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရ ဘုန်းမောက်ကို အဲဗာတန်တို့ ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ အဲဗာတန်တို့ ခံစစ် ပိတ်ကစားဦးမှာ မှန်ပေမယ့် ဘုန်းမောက်တို့ ဂိုးရအောင် ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘုန်းမောက် ဂိုးပြတ် အနိုင်ရသွားမယ့် ပွဲလို့ပဲ ထင်ပါတယ်။
ခန့်မှန်းရလဒ်
ဘုန်းမောက် ၂-၀ အဲဗာတန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.