နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ရောက်လို့ ကစားသမား ၃ ဦး ဒုက္ခရောက်သွားတယ်လို့ ဝေဖန်လိုက်တဲ့ ဖာဘရီဂတ်စ် | ပရီးမီးယားလိဂ်

ချဲလ်ဆီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ် ကတော့ ကစားသမား ၃ ဦးဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့လို့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်ခဲ့ရတယ် ဆိုပြီး ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ စိတ်ပျက်စရာ အခြေအနေ တစ်ခုနဲ့ ရသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး စိတ်ပျက်စရာ စံချိန်ဆိုးတွေ ပေးဂိုးတွေနဲ့ သူတို့ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့လည်း ၂၁ မှတ် အထိ ကွာဟခဲ့ရပါတယ်။ ပြိုင်ပွဲ တစ်လျှောက်လုံး ကစားသမား တော်တော်များများဟာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့သလို အသင်း အတွက်လည်း ထိရောက်တဲ့ စွမ်းဆောင်ရည်တွေ မပြသနိုင်ခဲ့ကြတာကြောင့် မေးခွန်းထုတ်စရာ ဝေဖန်စရာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ အာဆင်နယ်နဲ့ ချဲလ်ဆီး ကွင်းလယ် ကစားသမားဟောင်း ဖာဘရီဂတ်စ်က ကစားသမား ၃ ဦးဟာ ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ပျက်စီးသွားခဲ့တယ် ဆိုပြီး သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ ဖာဘရီဂတ်စ်က ကက်စ်မဲရိုး၊ ဂျေဒန် ဆန်ချိုနဲ့ အမ်မရာဘတ် တို့ဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာချိန်မှာ ခြေစွမ်းကျဆင်းသွားခဲ့ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

BBC ရဲ့ Planet Premier League podcast နဲ့ အင်တာဗျူးမှာ ဖာဘရီဂတ်စ်က “ကက်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ် ဖလားတွေ တစ်လုံးပြီး တစ်လုံး ရတယ်။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား ဖြစ်ခဲ့ပြီးတော့ ယူနိုက်တက် ကိုလည်း ရောက်ရော လုံးဝကို ကွဲပြားတဲ့ ကစားသမား တစ်ယောက် ဖြစ်သွားတယ်။ ဆန်ချို ကိုလည်း ကြည့်လိုက်ပါဦး။ သူက ယူနိုက်တက်မှာ ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ဘူး ဒါပေမယ့် သူ ဒေါ့မန် ကိုလည်း ပြန်သွားရော အရင်တုန်းကလိုမျိုး ပြန်ဖြစ်သွားရော။ “အမ်မရာဘတ်ဟာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အတွက် အထင်ကြီးလောက်စရာ ကွင်းလယ် ကစားသမား ဖြစ်ခဲ့ပါတယ်။ သူက အရမ်းကောင်းတယ်။ ပြီးတော့ သူ မန်ယူကိုလည်း ရောက်ရော မတူညီတဲ့ ကစားသမား ဖြစ်သွားပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စပိန်သားက ဒီကစားသမားတွေဟာ အသင်းပိုင်ရှင် ဂလေဇာ လက်ထက်မှာ ယူနိုက်တက်ရဲ့ စီမံခန့်ခွဲပုံကြောင့် ဒုက္ခရောက်ခဲ့ကြတယ်လို့ ယုံကြည်နေပြီး တန်ဟက်ဂ်ရဲ့ နည်းဗျူဟာပိုင်းမှာလည်း တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဖာဘရီဂတ်စ်က “အဲဒီမှာ တစ်ခုခု မှားနေပြီလို့ ကျွန်တော် သတိထားမိခဲ့ပါတယ်။ ထိပ်တန်း ကစားသမား သုံးယောက် ဝင်လာပြီး ရုတ်တရက် အဆင်မပြေ ဖြစ်သွားတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ကက်စ်မဲရိုးဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ ဘရာဇီးလ်သားက ပွဲပေါင်း ၂၀ တောင် မကစားခဲ့ရပဲ ကြံ့ခိုင်မှု မပြည့်ဝသလို စိတ်ဓာတ်ကျနေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ ဆန်ချို ကတော့ ကွင်းပြင်ပ ပြသနာတွေကြောင့် တန်ဟက်ဂ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဒေါ့မန်ကို အငှားထွက်ကစားခဲ့ရပါတယ်။ အမ်မရာဘတ် ကတော့ ဖီအိုရင်တီးနား ကနေ ပရီးမီးယားလိဂ် ကလပ်ဆီ အငှားနဲ့ပဲ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အခုချိန်ထိတော့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်း မရှိသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်