နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်မှာ ကစားချင်တာက အမြဲတမ်း အိမ်မက် တစ်ခုလို့ ထပ်ပြောလာတဲ့ ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်မှာ ကစားချင်တာက အမြဲတမ်း အိမ်မက် တစ်ခု ဖြစ်ကြောင်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ထပ်မံ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အဆိုပါ ပရီးမီးယားလိဂ် ကလပ်ရဲ့ ကွင်းလယ်လူကို လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေက ပြောင်းရွှေ့ကြေး အများအပြား သုံးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

အခုလို ကောလာဟလ များစွာ ထွက်ပေါ်နေချိန်မှာ ဘရူနို ဖာနန်ဒက်စ်က “လွန်ခဲ့တဲ့ ၄ နှစ်၊ ကျွန်တော့်ကို အေးဂျင့် ဖြစ်သူက ယူနိုက်တက် ကနေ ခေါ်ယူချင်တယ်လို့ ပြောတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အိမ်မက်တွေ ပြီးပြည့်စုံသွားခဲ့ပါတယ်။ ကျွန်တော် ဒီအသင်း ကနေ မထွက်ခွာချင်ပါဘူး။ ဒီအသင်းမှာ ဆက်ကစားဖို့က ကျွန်တော် အမြဲတမ်း မက်ခဲ့တဲ့ အိမ်မက် တစ်ခုပါ။” လို့ ပြတ်ပြတ်သားသားပဲ ထပ်မံ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်က “ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေနဲ့ အသင်းရဲ့ မျှော်လင့်ချက်တွေ ထပ်တူကျဖို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေလည်း အတူတူပဲ ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့ အမှတ်ပေး ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားချင်တယ်။ ချန်ပီယံလိဂ်လည်း ကစားချင်တယ်။ ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေလည်း ကစားချင်ပါတယ်။ ဒီအတွက်လည်း ဆက်လက် တိုက်ပွဲဝင်သွားချင်ပါတယ်။ နောက်ပြီး ကျွန်တော့် အနေနဲ့ ဒီအသင်းမှာပဲ ဆက်နေချင်ပါတယ်။ ကျွန်တော့် မိသားစုလည်း ဒီမှာပဲ ပျော်ရွှင်နေကြပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း အက်ဖ်အေဖလား ဗိုလ်လုပွဲ မန်ချက်စတာဒါဘီကို အားပေးကြပါဦး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်စ် အနေနဲ့ အရင် အင်တာဗျူးမှာလည်း “ကလပ်က ကျွန်တော့်ကို အလိုရှိချိန်အထိ ကျွန်တော် ဒီမှာရှိနေမှာ ဖြစ်ပြီး ကလပ် ဘက်က ကျွန်တော့်ကို အနာဂတ်ရဲ့ အစိတ်အပိုင်း ဖြစ်စေချင်တယ်။ အကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ကို မလိုချင်ဘူး ဆိုရင်တော့ ကျွန်တော် သွားမှာပါ” လို့ ဖြေကြားထားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ရာသီအကုန်မှာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း၊ ကိုဘီ မိန်းနူး၊ အလက်ဟန်ဒရို ဂါနာချို တို့ကလွဲလို့ ကျန်ကစားသမားတွေ အတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် နားထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ ကလည်း လုံးဝမ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရတဲ့ အခြေအနေပါ။ လက်ရှိမှာ ယူနိုက်တက်ဟာ အသင်းမှာ ခြေစွမ်းပိုင်း အဆင်မပြေတဲ့ ကစားသမား တော်တော်များများကို ရှယ်ယာရှင် အသစ်တွေက ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် ကိုလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲ အပြီးမှာ ထုတ်ပယ်သွားဖို့ ရှိနေပြီး အစားထိုးဖို့ အတွက် နည်းပြသစ် တစ်ဦး ရှာဖွေနေပါတယ်။ နည်းပြသစ် လက်ထက် မှာတော့ ဖာနန်ဒက်စ် အနေနဲ့ အသင်းမှာ ဆက်ရှိမလား၊ အသင်း ပြောင်းရွှေ့သွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၁၉ ခုနှစ်မှာ ပေါ်တူဂီ ကလပ် စပို့တင်းလစ္စဘွန်း ကနေ ပြောင်းရွှေ့လာခဲ့ပြီးတော့ အချိန်တိုတွင်းမှာပဲ ယူနိုက်တက်ရဲ့ အရေးအပါဆုံး ကစားသမား ဖြစ်လာခဲ့သူပါ။ ယူနိုက်တက်ဟာ ဖာနန်ဒက်စ် မကစားနိုင်တဲ့ အချိန်မှာ သိသိသာသာ ရုန်းကန်ရတတ်တာ တွေ့ရပြီး ရလဒ်တွေလည်း ဆိုးခဲ့ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ ဖာနန်ဒက်စ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ကြန့်ကြာနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်