ဘေယန်မြူးနစ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ပေါ်တူဂီ ကွင်းလယ် ကြယ်ပွင့် အသင်းပြောင်းရွှေ့သွားမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ ရာသီအကုန်မှာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း၊ ကိုဘီ မိန်းနူး၊ အလက်ဟန်ဒရို ဂါနာချို တို့ကလွဲလို့ ကျန်ကစားသမားတွေ အတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် နားထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့ ကလည်း လုံးဝမ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရတဲ့ အခြေအနေပါ။ လက်ရှိမှာ ယူနိုက်တက်ရဲ့ ကစားသမား တော်တော်များများဟာ အသင်း အတွက် အဆင်မပြေနိုင်တာကြောင့် ရှယ်ယာရှင် အသစ်တွေက ရာသီအကုန်မှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ အသက် ၂၉ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိကြောင်း အတိအလင်း ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ကစားသမားက သူ့ရဲ့ အနာဂတ်ကို စဉ်းစားနေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီလို ကောလာဟလတွေ များစွာ ထွက်ပေါ်နေချိန်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က သူတို့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ဘရူနို ဖာနန်ဒက်စ်ကို စဉ်းစားနေကြောင်း သတင်းတွေပါ ထွက်လာခဲ့ပြီး အံ့အားသင့်ဖွယ် နွေရာသီအပြောင်းအရွှေ့ ဖြစ်လာနိုင်ကြောင်း The Independent က ဖော်ပြလာခဲ့တာပါ။
အဓိက ကတော့ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ပြန်လည် တည်ဆောက်ရေး စီမံကိန်းနဲ့ မကိုက်ညီတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘက်က ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ကြောင်း The Independent က ဆက်လက် ဖော်ပြခဲ့တာပါ။
Manchester Evening ကလည်း အိုးလ်ထရက်ဖို့ဒ် အဝတ်လဲခန်းထဲက လာတဲ့ သတင်းတွေ အရ ဖာနန်ဒက်စ် အနေနဲ့ လာမည့် ရာသီ အသင်းမှာ ဆက်ရှိနေဖို့ ဆိုတာ သံသယ ဖြစ်စရာ ရှိနေတယ်လို့ ဖော်ပြခဲ့ပြီး အသင်း ဘက်ကလည်း ကစားသမားကို အသင်းပြောင်းရွှေ့နိုင်ကြောင်း လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တချို့သတင်းတွေမှာတော့ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ကလပ် ကနေ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခြင်း မရှိပဲ အိုးထရက်ဖို့ဒ်မှာပဲ ပျော်ရွှင်နေတယ်လို့ ဖော်ပြတာတွေလည်း ရှိနေပါတယ်။
“ ဒါက အရင်အပတ်က မေးခွန်းနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျွန်တော် ဖြေမယ်။ အဖြေက အတူတူပါပဲ။ ယူနိုက်တက်မှာ ရှိခဲ့တဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ သူဟာ အလွန် အရေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အခွင့်အရေး အများဆုံး ဖန်တီးပေးခဲ့ပါတယ်။ ဂိုးဖန်တီးမှု များစွာ ပြုလုပ်ခဲ့သလို ဂိုးတွေ အများကြီးလည်း သွင်းနိုင်ခဲ့တာ ထင်ရှားပါတယ်။ သူဟာ ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။” လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှု တန်ဟက်ဂ်က ပြတ်ပြတ်သားသားပဲ ဖြေရှင်းသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.