နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွာဒီယိုလာ အနေနဲ့ ဖာဂူဆန်ကို လိုက်မှီဖို့ လိုသေးတယ်လို့ ဆိုလိုက်တဲ့ မန်စီးတီး ဂိုးသမားဟောင်း | ပရီးမီးယားလိဂ်

အန်ဒရီ ပပ် ဂွာဒီယိုလာ အနေနဲ့ မန်စီးတီးကို ပရီးမီးယားလိဂ် လေးနှစ် ဆက်တိုက် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဆာအဲလက်စ် ဖာဂူဆန် ကသာ ပိုကောင်းတဲ့ နည်းပြ ဖြစ်ကြောင်း ဒေးဗစ် ဂျိမ်းစ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်နဲ့ မန်ချက်စတာစီးတီး ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က ပက်ဂွာဒီယိုလာကို ထူးထူးခြားခြား အရာတွေ လုပ်ပြနေတယ်လို့ ချီးကျူးခဲ့ပေမယ့် အဲလက်စ် ဖာဂူဆန်ရဲ့ အဆင့်မှာ မရှိသေးဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လေးကြိမ် ဆက်တိုက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံး အသင်း ဖြစ်လာခဲ့တာပါ။ ယူနိုက်တက် ကတော့ နည်းပြ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်မှာ နှစ်ကြိမ်တိုင်တိုင် (၁၉၉၈-၂၀၀၁နဲ့ ၂၀၀၆-၂၀၀၉) ပရီးမီးယားလိဂ် ၃ ရာသီဆက် ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်မှာ ဘယ်အသင်းမှ စွမ်းဆောင်နိုင်ခြင်း မရှိသေးတဲ့ ၄ နှစ်ဆက် ချန်ပီယံ ဆိုတဲ့ အောင်မြင်မှုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပပ် ဂွာဒီယိုလာရဲ့ အသင်း အနေနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း ယူနိုက်တက်နဲ့ နှစ်နှစ်ဆက်တိုက် တွေ့ဆုံနေခဲ့ပြီးတော့ နောက်ထပ် သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။


ဒါပေမယ့်လည်း မန်စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက်မှာ ဘယ်အသင်းမှ စွမ်းဆောင်နိုင်ခြင်း မရှိသေးတဲ့ ၄ နှစ်ဆက် ချန်ပီယံ ဆိုတဲ့ အောင်မြင်မှုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး

ဒါကြောင့် ဂွာဒီယိုလာ အနေနဲ့ ယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန်ရဲ့ အောင်မြင်မှုထက် သာလွန်သွားပြီလားလို့ ဒေးဗစ် ဂျိမ်းစ်ကို မေးမြန်းခဲ့ရာမှာတော့ “မဟုတ်ဘူး၊ ဖာဂီက အကောင်းဆုံးပါ။ အချက်အလက်တွေနဲ့ မှတ်တမ်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။” လို့ ဂျိမ်းစ်က Stats Perform ကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂျိမ်းစ်က “နောက်ပြီး ဖာဂီက ထွက်သွားချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ ဘာတွေ ဖြစ်ခဲ့သလဲ။ ဖာဂီ လက်ထက်မှာ အသင်းကောင်း တစ်သင်း ရှိခဲ့ပေမယ့် အနိမ့်အမြင့် အတက်အကျတွေ ကြားမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ခဲ့ရတာပါ။ သူ့ လက်ထက်မှာ အဆင့် ၃၊ ၄ ရခဲ့တယ် ဆိုတာ အဆိုးဆုံး အခြေအနေပါ။ ဖာဂီသာလျှင် အကောင်းဆုံး ဖြစ်ပြီးတော့ ပပ် အနေနဲ့ သူ့ကို မှီဖို့ ဆိုရင် နောက်ထပ် ဆယ်စုနှစ် တစ်ခုလောက် ဆက်ပြီး လျှောက်လှမ်းရဦးမယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာနဲ့ ပတ်သတ်ပြီး ဂျိမ်းစ်က လက်ရှိမှာ ဂွာဒီယိုလာရဲ့ အသင်းက မတူညီတဲ့ ဘောလုံးကစားတဲ့ ပုံစံ၊ ပုံစံ အမျိုးမျိုးနဲ့ ကွဲပြားခြားနားတဲ့ ဟန်တွေ ရှိနေပေမယ့် ဖာဂူဆန် လုပ်ဆောင်ခဲ့တဲ့ အရာတွေနဲ့ မတူညီအောင် လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “ဖာဂီဟာ ကြီးကျယ်ခမ်းနားတဲ့ မန်နေဂျာ တစ်ယောက် ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် အကြီးမြတ်ဆုံးတော့ မဟုတ်ပါဘူး။ Pep က ကြီးကျယ်ခမ်းနားတဲ့ မန်နေဂျာ တစ်ယောက် ဖြစ်သလို ကြီးကျယ်ခမ်းနားတဲ့ နည်းပြ တစ်ယောက်ပါ။ ဒီလိဂ်မှာ လေးနှစ်ဆက်တိုက် အောင်ပွဲခံနိုင်ဖို့ ခင်ဗျားဟာ ထူးချွန်တဲ့ မန်နေဂျာ တစ်ယောက် ဖြစ်ဖို့ လိုတယ်။ ပြီးတော့ ပပ် က ဒီအချိန်တိုလေး အတွင်းမှာ ထူးထူးခြားခြား လုပ်ပြနေတယ်၊ ဒါပေမယ့် ဖာဂူဆန်ရဲ့ သရဖူကို ယူဖို့တော့ အခုထက် ပိုပြီး ကြာဦးမှာပါ။”

လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဂွာဒီယိုလာဟာ ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သလို နည်းပြ ဘဝ မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်နဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား ၃ ကြိမ်၊ ပိုကယ်ဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ အဲ့နောက် မန်စီးတီး မှာတော့ ၇ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်