ဖူလ်ဟမ် – အစ်ပ်ဆွစ်ချ်တောင်း
အခုတစ်ပတ် စူပါဆန်းဒေးရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အဖြစ် ဖူလ်ဟမ်နဲ့ အစ်ပ်ဆွစ်ချ်တောင်းတို့ ခရေဗင်ကော့တေ့ဂျ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ဖူလ်ဟမ်တို့ အစ်ပ်ဆွစ်ချ်နဲ့ အတွေ့မှာ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။
မာကို ဆေးလ်ဗားရဲ့ ဖူလ်ဟမ် ကတော့ ဒီရာသီမှာလည်း ခြေစွမ်းပိုင်း မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၈ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ ဘရိုက်တန် ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ် မှာ သရေပွဲ အများဆုံး အဖြစ် ပဲလေ့စ်နဲ့ ပူးတွဲ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ဖူလ်ဟမ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ဝုဖ် တစ်သင်းတည်းကိုသာ အိမ်ကွင်းမှာ ရှုံးထားပါတယ်။ စပါး၊ အာဆင်နယ်၊ လစ်ဗာပူးလ်၊ ဘုန်းမောက် တို့လို အသင်းတွေကို သရေ ကစားကာ ချဲလ်ဆီးနဲ့ ဘရိုက်တန် ကိုတောင် အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။
အစ်ပ်ဆွစ်ချ်တောင်း ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးကို ၂-၀ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမဦးဆုံး အိမ်ကွင်း နိုင်ပွဲ ရရှိထားခဲ့ပါတယ်။ တန်းဆင်ဇုန်ထဲကို ရောက်နေတဲ့ အစ်ပ်ဆွစ်ချ် အတွက် ချဲလ်ဆီးကို နိုင်လိုက်တာက စိတ်ဓာတ် ခွန်အား ဖြစ်သွားဖွယ် ရှိပြီး အခုပွဲ မှာလည်း နောက်ထပ် လန်ဒန် တစ်သင်းကို ထပ်မံ ကျော်ဖြတ်ပြဖို့ အားခဲနေပါလိမ့်မယ်။ နောက်တစ်ချက်က အစ်ပ်ဆွစ်ချ်ဟာ တန်းမဆင်းချင်တဲ့ အတွက် ရှိတဲ့ ခွန်အားနဲ့ စပြီး ရုန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လျှော့တွက်ရင် မထင်မှတ်ပဲ ဒုက္ခပေးသွားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အစ်ပ်ဆွစ်ချ် ဘက်မှာလည်း ဆလစ်ကာ ပါဝင်ကစားနိုင်မှာ မဟုတ်ပဲ မက်ဆီမို လွန်ဂို၊ တွမ်ဇီဘီ၊ အော့ဂ်ဘီနီ၊ ဂျော့ဟစ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ် – လန်နို၊ ဒီယော့ပ်၊ အန်ဒါဆန်၊ ဘက်ဆေး၊ ကတ်စတန်ဂ်ညီ၊ ပါရဲရား၊ ရော်ဘင်ဆင်၊ ဝီလ်ဆင်၊ ဟင်မီနက်ဇ်၊ အီဝိုဘီ
အစ်ပ်ဆွစ်ချ်တောင်း – ဝဲလ်တန်၊ အိုရှေး၊ ဂရိဗ်စ်၊ ဝုဖ်ဖန်ဒန်၊ ဒေးဗစ်၊ မော်ဆီ၊ ကာဂျု့စ်၊ ဘန်းစ်၊ ဟက်ချင်ဆန်၊ ဇမိုဒစ်၊ ဒီလက်ပ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၁ ကြိမ်မှာ ဖူလ်ဟမ်က ၆ ကြိမ် နိုင်၊ ၂ ကြိမ် သရေကျပြီး၊ အစ်ပ်ဆွစ်ချ်က ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ဒီရာသီ ပထမအကျော့ကမှ ပထမဦးဆုံး အကြိမ် တွေ့ဆုံဖူးတာ ဖြစ်ပြီး သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ဖူလ်ဟမ် အိမ်ကွင်းမှာ ကစားတဲ့ ၄ ကြိမ် မှာတော့ ဖူလ်ဟမ်က ၂ ကြိမ် နိုင်၊ အစ်ပ်ဆွစ်ချ်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ဖူလ်ဟမ် နိုင်ခဲ့တဲ့ ၂ ကြိမ် ကလည်း ဂိုးပြတ်တွေချည်းပါပဲ။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၁.၅၂ ဆ ရမှာ ဖြစ်ပြီး အစ်ပ်ဆွစ်ချ်တောင်း နိုင်ရင်တော့ ၅.၂၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၉၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဖူလ်ဟမ်က တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး သရေ၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး ဆို ပျော်ရွှင်လို့ ရပါပြီ။ ဖူလ်ဟမ်က ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် ရလဒ်ပိုင်း ကတော့ တည်ငြိမ်နေတာ တွေ့ရပါတယ်။ ဖူလ်ဟမ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံး အစ်ပ်ဆွစ်ချ်တို့ ဂိုးပြတ်တွေချည်း ရှုံးခဲ့တာပါ။ ဒီပွဲမှာလည်း ဖူလ်ဟမ်ပဲ ကြိုက်ပြီး ဂိုးပြတ် နိုင်ချေတော့ မရှိပါဘူး။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၂-၁ အစ်ပ်ဆွစ်ချ်တောင်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.