နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်နဲ့ ပိုနီးစပ်လာတဲ့ ဂက်ခ်ပို၊ အမ်မရာဘတ်ကို ဖြေဆေးလို့ ယူဆနေတဲ့ ကလော့ပ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်ရဲ့ စောင့်ကြည့် ရေဒါအောက် တဖြည်းဖြည်း ရောက်လာတဲ့ ဂက်ခ်ပို

ဟော်လန် ကလပ် PSV ကွင်းလယ် တိုက်စစ် ကစားသမား ကိုဒီ ဂက်ခ်ပိုဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ကြယ်ပွင့်တွေ ထဲက တစ်ဦး ဖြစ်ခဲ့ပြီးနောက် ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ရယူနိုင်ခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေ ဖြစ်တဲ့ ဆီနီဂေါ၊ အီကွေဒေါတို့နဲ့ ပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ဂက်ခ်ပိုက နည်းပြ ဗန်ဟားလ်ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ 

ဟော်လန်တို့ ကွာတားဖိုင်နယ် အထိ တက်ရောက်ခဲ့ရာမှာ ဂက်ခ်ပိုက အဓိကကျခဲ့ပြီး အသက် ၂၃ နှစ် အရွယ် ကစားသမားက ၃ ဂိုး အထိ ရယူပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် ကတည်းက ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ဂက်ခ်ပိုဟာ အခုလက်ရှိမှာ ယူနိုက်တက်နဲ့ နောက်ထပ် တစ်ကြိမ် နာမည်ထွက်လာပြီး ဒီတခါတော့ အမှန်တကယ် ပြောင်းရွှေ့နိုင်ဖွယ်ရာလည်း ရှိနေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နေရာမှာ သူ့ကို အစားထိုးဖွယ် ရှိနေပြီး အစောပိုင်းက မခေါ်ယူဖြစ်ခဲ့တဲ့ အတွက် လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်တို့ အားထည့် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ဂက်ခ်ပို ကလည်း အသင်းကြီး တသင်းကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပြီး PSV နည်းပြ နစ္စတယ်ရွိုင်းက ကစားသမားရဲ့ ဆန္ဒကို ဦးစားပေးရဖွယ် ရှိနေပါတယ်။


အမ်မရာဘတ်ကို ခေါ်ယူဖို့ အလေးအနက် ထားနေတဲ့ လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် အသင်းဟာ မော်ရိုကိုနဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
ကွင်းလယ်ပိုင်းကို အဓိက အင်အားဖြည့်တင်းမှု ပြုလုပ်မယ့် လစ်ဗာပူးလ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် အသင်းဟာ မော်ရိုကိုနဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းဖြစ်နေတဲ့ လစ်ဗာပူးလ်ဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် အမ်ဘရာဘတ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတယ် လို့လည်း ဆိုပါတယ်။

ကာတာမှာ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပြီး မော်ရိုကိုကို ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် အမ်မရာဘတ်က ကူညီပေးနိုင်ခဲ့ပြီး သူ့နာမည် ကလည်း ကျော်ကြားလာခဲ့ပါတယ်။ ဖီအိုရင်တီးနား ကတော့ သူတို့ရဲ့ ကစားသမားက ရောင်းချဖို့ မဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် စျေးကောင်းကောင်းရမယ် ဆိုရင်တော့ လက်ခံဖွယ် ရှိနေပါတယ်။

 ဖီအိုရင်တီးနားနဲ့ ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုထားတဲ့ အသက် ၂၆ နှစ် အရွယ် ကွင်းလယ်လူက လစ်ဗာပူးလ်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကလော့ပ်က ယူဆနေပါတယ်။ ဒါပေမယ့် ဖီအိုရင်တီးနားက အမ်မရာဘတ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။


မက် အယ်လစ္စတာကို အသင်းကြီးတွေ စောင့်ကြည့်နေ

အာဂျင်တီးနား အတွက် ကာတာ မှာ ခြေစွမ်းပြခဲ့ပြီး ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တဲ့နောက် ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန် အသင်းရဲ့ ကစားသမား အလက်ဆစ် မက် အယ်လစ္စတာကို အသင်းကြီးတွေက စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ စာချုပ်သက်တမ်း ၂နှစ်ခွဲ ကျန်ရှိနေသေးပမယ့်လည်း ကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေ ကတော့ အားထုတ်မှုတွေကို စတင်နေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 လိဒ်ယူနိုက်တက် @ 8.75
လိဒ်ယူနိုက်တက် အာရှ ဟန်းဒီးကပ် +1.50 @ 2.09
ဂိုးပေါ် 3.25 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အယ်လစ္စတာဟာ အာဂျင်တီးနားရဲ့ အရေးပါတဲ့ ကစားသမား အဖြစ် ရှိခဲ့ပြီး ဒီပေါလ်၊ အန်ဇို ဖာနန်ဒက်စ်ဇ် တို့နဲ့ အတူ အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်နိုင်ခဲ့ပြီး ပိုလန်နဲ့ ပွဲမှာလည်း အနိုင်ဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရာသီအစတုန်းက ဘရီုက်တန် အတွက် ခြေစွမ်းပြ ကစားပေးခဲ့ပြီး ကျော်ကြားခဲ့တဲ့နောက် လက်ရွေးစင် အသင်းကပါ ခေါ်ယူခဲ့တာပါ။

သူ့ကို တော့တင်ဟမ်ဟော့စပါး၊ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့က စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ဘရိုက်တန် ကတော့ သူတို့ရဲ့ အဓိကကစားသမားကို ရောင်းချဖို့ စိတ်ကူးမရှိပေမယ့် ကစားသမား ကိုယ်တိုင်က အသင်း ပြောင်းရွှေ့ခွင့် ပေးဖို့ တောင်းဆိုလာခဲ့မယ် ဆိုရင် ခွင့်ပြုပေးရဖွယ် ရှိနေပါတယ်။

 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်