မန်ချက်စတာစီးတီး – ဝက်စ်ဟမ်း
အခုတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ရဲ့ ပွဲကောင်းတွေ ဆက်လက် ကစားဖို့ ရှိပြီး မန်ချက်စတာစီးတီးက ဝက်စ်ဟမ်းကို အက်တီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံချိန်တိုင်းနီးပါး အသာရခဲ့တဲ့ မန်စီးတီးတို့ ဒီတစ်ကြိမ်မှာရော သက်တောင့်သက်သာ နိုင်ပွဲ ရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးက ပြီးခဲ့တဲ့ ပွဲမှာ လက်စတာစီးတီးကို အနိုင်ရခဲ့ပြီးနောက် ရလဒ်ဆိုးနေမှုကို ရပ်တန့်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်စတာစီးတီးလို ရှုံးပွဲတွေ ဆက်နေတဲ့ တန်းဆင်းဇုန်ထဲက အသင်းကို ဖြစ်လို့ မန်စီးတီးတို့ လုံးဝ ပြန်လာနိုင်ပြီလို့ ပြောရခက်နေပါသေးတယ်။ ဟာလန်း ၄ ပွဲဆက် ဂိုးပေါက် ပျောက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ဆာဗင်ညိုလည်း မန်စီးတီး ကစားသမား ဘဝ ပထမဦးဆုံး သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပေမယ့် ပပ် ဂွါဒီယိုလာရဲ့ အသင်းက အားနည်းချက်တွေ များစွာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက ရမှတ် ၃၁ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ရောက်ရှိနေပြီး အထက်က အသင်းတွေကို အမှီလိုက်ဖို့ ကြိုးစားရဦးမှာပါ။ ဒါပေမယ့်လည်း ဘာပဲ ပြောပြော လိုအပ်နေတဲ့ နိုင်ပွဲနဲ့ အတူ အသက်ရှူပေါက်ချောင်ခဲ့တဲ့ မန်စီးတီးတို့ ဒီပွဲမှာလည်း ငယ်နိုင်လို ဖြစ်နေတဲ့ ဝက်စ်ဟမ်းနဲ့ ထပ်တွေ့နေလို့ မျှော်လင့်ထားတဲ့ အတိုင်း နိုင်ပွဲယူ သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လိုပက်တက်ဟီရဲ့ ဝက်စ်ဟမ်း ကတော့ ရလဒ်တွေ ပြန်ကောင်းလာပြီလို့ ပြောရုံ ရှိသေး ချန်ပီယံလောင်း လစ်ဗာပူးလ်နဲ့ တွေ့မှ အိမ်ကွင်းမှာ ၅ ဂိုးပြတ် အသိပ်ခံလိုက်ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ ဝက်စ်ဟမ်းက နောက်ဆုံး ၅ ပွဲမှာ လစ်ဗာပူးလ် တစ်သင်းတည်းကို ရှုံးနိမ့်ထားခဲ့တာ ကတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကံဆိုးတာက ဝက်စ်ဟမ်းတို့ လစ်ဗာပူးလ်နဲ့ တွေ့ပြီးပြီးချင်းမှာပဲ အမြဲတမ်းလိုလို အက်တီဟတ်မှာ ဒူးထောက်ခံရတဲ့ မန်စီးတီးနဲ့ ထပ်မံ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက အဓိက တိုက်စစ်မှူး အန်တိုနီယို မပါနိုင်ပေမယ့် တိုက်စစ်က သွင်းဂိုးတွေ ရှာတွေ့နေတာ ကတော့ မဆိုးဘူးလို့ပဲ ဆိုရပါမယ်။ နိုင်ပွဲ အသည်းအသန် လိုချင်နေတဲ့ မန်စီးတီးကို ဝက်စ်ဟမ်းတို့ ဘယ်လောက် အထိ တောင့်ခံသွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
နှစ်ဖက်အသင်း သတင်းများ
ဝက်စ်ဟမ်း ဘက်မှာတော့ ဖေဘီယန်စကီးနဲ့ အန်တိုနီယိုတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – အော်တီဂါ၊ လီဝစ်၊ အာကန်ဂျီ၊ အေခီ၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဖိုဒန်၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဆာဗင်ညို၊ ဟာလန်း
ဝက်စ်ဟမ်း – အာရီယိုလာ၊ ဝမ် ဘစ်ဆာခါ၊ အမ်ဗရိုပါးနို့စ်၊ ကေးလ်မန်း၊ အီမာဆင်၊ ဆိုချက်ခ်၊ ရိုဒရီဂွက်ဇ်၊ ကူဒု့စ်၊ ပါကေးတား၊ ဆမ်မားဗီးလ်၊ ဖူးလ်ခရက်ဂျ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ မန်စီးတီးက ၁၂ ကြိမ် နိုင်ပြီး ဝက်စ်ဟမ်းက ၁ ကြိမ်သာ အနိုင်ရထားခဲ့ပါတယ်။ မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားသလို ၂ ဂိုးပြတ်တွေချည်း အနိုင်ရထားတာပါ။ အက်တီဟတ် မှာလည်း မန်စီးတီးက ဝက်စ်ဟမ်းကို နောက်ဆုံး ၈ ပွဲဆက် နိုင်ထားပါသေးတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၃၀ ဆ၊ ဝက်စ်ဟမ်း နိုင်ရင် ၆.၇၀ ဆနဲ့ သရေ ဆိုရင်တော့ ၅.၃၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ မန်စီးတီးက တစ်လုံး အရှုံး၊ နှစ်လုံး တစ်ဝက်စား၊ နှစ်လုံး သရေ ကြေးတွေ ပေးထားပြီး ဂိုးပေါင်းကြေး ကလည်း အပေါ်ကို ဦးတည်ပါတယ်။ မန်စီးတီးက ပြီးခဲ့တဲ့ ပွဲမှာ နိုင်ပွဲ ပြန်ရခဲ့ပြီးတော့ ယုံကြည်မှုတွေ ပြန်ရနေလောက်ပြီး ဝက်စ်ဟမ်း ကတော့ ဒီရာသီမှာ အသင်းကြီးတွေနဲ့ တွေ့တိုင်း မှောက်နေသလို မန်စီးတီးကို သရေတောင် မကစားနိုင်တာ ကြာပါပြီ။ မန်စီးတီးတို့ ဂိုးပြတ် နိုင်မယ့် ပွဲလို့ပဲ ထင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၃-၀ ဝက်စ်ဟမ်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.