ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ လက်ရှိ ရာသီမှာ တော်တော်လေး အခြေအနေ ဆိုးရွားနေပြီး နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက အသင်းရဲ့ ရလဒ်တွေ တိုးတက်လာခြင်း မရှိရင် မန်စီးတီး အသင်း အနေနဲ့ သူ့ကို ရာထူး ကနေ ထုတ်ပယ်နိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ မိမိကို နည်းပြရာထူးမှ ထုတ်ပယ်နိုင်သည်ဟု ပြောကြားခဲ့သည်။
Sky Sports နဲ့ အင်တာဗျူးမှာ ပပ် ဂွါဒီယိုလာက “အသင်းပိုင်ရှင်တွေက အခြေအနေ ဆိုးရွားနေတာ၊ ရှုံးပွဲတွေ ကြုံနေတာကို သိပါတယ်။ ဒါကို လက်မခံနိုင်တော့တဲ့ အခါ နောက်လ ဒါမှမဟုတ် နောက်နှစ်လ အတွင်း ကျွန်တော် ဒီမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။ အတိတ်မှာ လုပ်ဆောင်ခဲ့တာတွေကို ကြည့်ပြီး လူတွေက ကျွန်တော် ထုတ်ပယ်ခံရမှာ မဟုတ်ဘူးလို့ ထင်ကြပေမယ့် ကျွန်တော် တို့က နေ့စဉ် အကဲဖြတ်ခံနေရတဲ့ နည်းပြတွေ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ ရာသီတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာနဲ့ ထွက်ခွာသွားရနိုင်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ပပ် ဂွါဒီယိုလာဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မတိုင်ခင် အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာဒါဘီ ပွဲစဉ် မှာလည်း မန်စီးတီးက အိမ်ကွင်း အက်တီဟတ်မှာ ယူနိုက်တက်ကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရကာ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို ရှုံးနိမ့်ခဲ့မှုကြောင့် ဂွါဒီယိုလာ အနေနဲ့ လက်ရှိမှာ ဖိအားတွေ ပိုတိုးသထက် တိုးလာခဲ့ပြီ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ နော့တင်ဟမ်ဖောရက်စ် တစ်သင်းတည်း ကိုသာ အနိုင်ရခဲ့ပြီးတော့ ဖီယင်နော့ဒ်နဲ့ ပဲလေ့စ်ကို သရေကျကာ ၈ ပွဲ အထိ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဂွါဒီယိုလာက ယူနိုက်တက်နဲ့ ပွဲမှာ သူတို့ အသင်း အနေနဲ့ အားထုတ်မှု အပိုင်းမှာ လုံလောက်မှု မရှိခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာ နည်းပြ တစ်ဦး အနေနဲ့ အသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့်လည်း အရာမထင်သေးကြောင်း ဝန်ခံသွားခဲ့ပါသေးတယ်။
စပိန်လူမျိုး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစီးတီးကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီးတော့ ၈ နှစ်တာ ကာလ အတွင်း ဆုဖလား အောင်မြင်မှု များစွာ ရယူပေးခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီးက ဂွာဒီယိုလာ လက်ထက် မှာတော့ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၃ ကြိမ်၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ်စီ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်မှု များစွာ ရယူပေးထားနိုင်ခဲ့တဲ့ ဂွါဒီယိုလာ အနေနဲ့ လက်ရှိမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းလည်း တိုးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်တလော မှာတော့ ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ တို့ဟာ အဘက်ဘက်မှာ အနိမ့်ပိုင်းကို ရောက်နေပြီး တော်တော်လေးကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.