မန်ချက်စတာစီးတီးစပိန်လူမျိုးနည်းပြပပ်ဂွါဒီယိုလာကတော့ဒီရာသီဟာသူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက်ပေးဂိုးအများဆုံးနဲ့ရမှတ်အနည်းဆုံးရာသီအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်ပါတယ်။မန်စီးတီးဟာဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်၂၉ပွဲကစားပြီးချိန်မှာပေးဂိုး၄၀အထိခွင့်ပြုပေးထားရပြီးဒါကဂွါဒီယိုလာအတွက်လည်းတစ်ရာသီအတွင်းပေးဂိုးအများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာလက်ထက်မှာယခင်ကပေးဂိုးအများဆုံးအဖြစ်မန်စီးတီးကိုစတင်ကိုင်တွယ်ခဲ့တဲ့သည့်၂၀၁၆-၂၀၁၇ဘောလုံးရာသီမှာ၃၉ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ဒါ့ပြင်မန်ချက်စတာစီးတီးက၂၉ပွဲကစားပြီးချိန်မှာ၄၈မှတ်အထိရရှိထားပြီးတော့လက်ကျန်ပွဲစဉ်၉ပွဲစလုံးအနိုင်ရခဲ့ရင်တောင်အမြင့်ဆုံးအဖြစ်၇၅မှတ်သာရရှိတော့မှာဖြစ်ပါတယ်။ဒါဟာဂွါဒီယိုလာရဲ့နည်းပြသက်တမ်းတစ်လျှောက်ရမှတ်အနည်းဆုံးရာသီလည်းဖြစ်လာခဲ့ပါတယ်။ယခင်ရမှတ်အနည်းဆုံးရာသီကလည်းမန်စီးတီးနဲ့ပထမဦးဆုံးပရီးမီးယားလိဂ်ရာသီမှာ၇၈မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဂွါဒီယိုလာအနေနဲ့တစ်ပွဲပျမ်းမျှ၂မှတ်နှုန်းသာရယူနိုင်ခြင်းကလည်းပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

လက်ရှိမန်စီးတီးရဲ့အခြေအနေတွေနဲ့ပတ်သတ်လို့ဂွါဒီယိုလာကဘရိုက်တန်နဲ့ပွဲအပြီးမှာအခုလိုပဲပြောကြားခဲ့ပါတယ်။ “၉ပွဲကျန်နေပါသေးတယ်။ဒါကဗိုလ်လုပွဲ၉ပွဲပါ။နောက်ဆုံးနေ့အထိယှဉ်ပြိုင်ရမှာပါ။ရာသီကုန်အထိကိုးပွဲကစားဖို့ကျန်နေပါသေးတယ်။ကျွန်တော်တို့အတွက်ခက်ခဲတဲ့ပွဲစဉ်တွေပါ။ဒါကနော့တင်ဟမ်ဖောရက်စ်နဲ့တော်တော်လေးဆင်တူပါတယ်။ကျွန်တော်တို့ဒီပွဲမှာမရှုံးခဲ့ပါဘူး။ဒါပေမယ့်သွင်းဂိုးတွေကနိုင်ပွဲရဖို့အထိတော့မလုံလောက်ခဲ့ပါဘူး။ဒါပေမယ့်နောက်ဆုံးအချိန်ထိတော်တော်လေးခက်ခဲပါလိမ့်မယ်။လာမယ့်ပွဲကိုလက်စတာစီးတီးနဲ့အိမ်ကွင်းမှာကစားရမှာဖြစ်ပြီးတော့ပြီးရင်အိုးထရက်ဖို့ဒ်မှာသွားကစားရမှာပါ။ဒါပေမယ့်ဘုန်းမောက်နဲ့အက်ဖ်အေဖလားအရင်ကစားရပါဦးမယ်။”လို့ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးကတော့ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေအဖြစ်လက်စတာစီးတီး (အိမ်ကွင်း)၊ယူနိုက်တက် (အဝေးကွင်း)၊ခရစ္စတယ်ပဲလေ့စ် (အိမ်ကွင်း)၊အဲဗာတန် (အဝေးကွင်း)၊အက်စတွန်ဗီလာ (အိမ်ကွင်း)၊ဝုဗ် (အိမ်ကွင်း)၊ဆောက်သမ်တန် (အဝေးကွင်း)၊ဘုန်းမောက် (အိမ်ကွင်း)၊ဖူလ်ဟမ် (အဝေးကွင်း) တို့နဲ့ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာလက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေပြီးတော့အဆင့်၃နေရာကနော့တင်ဟမ်ဖောရက်စ်နဲ့၆မှတ်ပြတ်နေသလိုချဲလ်ဆီးနဲ့တော့၁မှတ်ကွာဟနေပါတယ်။မန်စီးတီးအနေနဲ့ Top 4 ဝင်ခွင့်မျှော်လင့်ထားတယ်ဆိုရင်တော့လက်ကျန်ပွဲစဉ်တွေမှာရလဒ်တွေကောင်းဖို့လိုအပ်နေပြီဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.