နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝေါလ်ကာ အနေနဲ့ ပြည်ပထွက်ကစားချင်နေကြောင်း ဖွင့်ဟလာတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ကိုင်လ် ဝေါလ်ကာ ကတော့ ပြည်ပ ကလပ် တစ်ခုခုကို ပြောင်းရွှေ့ ကစားလိုနေတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကို နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက ဆဲလ်ဖို့ဒ်ကို ၈ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ် အပြီးမှာ အတည်ပြု ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဂွါဒီယိုလာက ဝေါလ်ကာရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ကိုင်လ်က နိုင်ငံခြားမှာ ကစားခွင့်ရမယ့် ရွေးချယ်စရာတွေ ရှာဖွေဖို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော့်ကို ပြောလာပါတယ်။ ဒီကာလတွေမှာ ကိုင်လ် မပါရင် အသင်းက ဘာတွေလုပ်မိခဲ့မလဲ ဆိုတာ ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။ အဲဒါက မဖြစ်နိုင်ပါဘူး။ သူက ကျွန်တော်တို့ အသင်းရဲ့ ညာနောက်ခံလူပါ။ ကျွန်တော် တို့မှာ မရှိတဲ့ အရာ တစ်ခုကို သူက ပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သူ့ရဲ့ နောက်ဆုံး အချိန်ကာလတွေကို တခြား နိုင်ငံ တစ်ခုမှာ ကစားခွင့်ရနိုင်မလား ဆိုတာကို သူသိချင်နေတာပါ။” လို့ ဂွါဒီယိုလာက ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝေါလ်ကာက ပရီးမီးယားလိဂ် ကလပ် တစ်ခုခုကို ပြောင်းရွှေ့ဖို့ထက် ပြည်ပထွက်ကစားဖို့သာ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။
မန်စီးတီးနဲ့ အတူ ဆုဖလား အောင်မြင်မှု များစွာ ရရှိထားတဲ့ ဝေါလ်ကာ

လက်ရှိမှာ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝေါလ်ကာက ပရီးမီးယားလိဂ် ထိပ်သီး ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ခွဲ ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက သူ့ရဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ ကစားလိုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေါလ်ကာက ပရီးမီးယားလိဂ် ကလပ် တစ်ခုခုကို ပြောင်းရွှေ့ဖို့ထက် ပြည်ပထွက်ကစားဖို့သာ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

ကိုင်လ် ဝေါလ်ကာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်မှာ စပါး ကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဝေါလ်ကာ အနေနဲ့ စပါးမှာ မရခဲ့တဲ့ ဆုဖလား အောင်မြင်မှုတွေ ကိုတော့ မန်စီးတီးမှာ သိမ်းကျုံး ရယူနိုင်ခဲ့ပြီး ၈ ရာသီကြာ ကာလ အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဝေါလ်ကာက မန်စီးတီးမှာ ကစားနေစဉ် အတွင်း တစ်ဦးချင်း အောင်မြင်မှု များစွာလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ ညာနောက်ခံလူ နေရာမှာ အဓိက ကစားနေတဲ့ ကစားသမား အဖြစ်တော့ ကိုင်လ် ဝေါလ်ကာ တစ်ဦးတည်းသာ ရှိတာကြောင့် အကယ်၍ ဒီကစားသမားသာ ထွက်ခွာသွားခဲ့မယ် ဆိုရင် မန်စီးတီး အနေနဲ့ ကစားသမားသစ် ရှာဖွေရတော့မှာလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ပပ် ဂွါဒီယိုလာ အနေနဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ အသုံးများနေတဲ့ ၃ ယောက်တန်း ခံစစ်နဲ့ပဲ ကစားစေမလား၊ လီဝစ် ကိုပဲ အဓိက ပွဲထုတ်လာမလာ ဆိုတာ ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ မန်စီးတီးက ဗဟိုခံစစ် နေရာ အတွက် ဥဇဘက်ကစ္စတန် လူငယ် နောက်ခံလူ အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ်ကို ခေါ်ယူအားဖြည့်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်