လိဒ်စ်ယူနိုက်တက် ကတော့ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆန်းဒါးလန်းကို အလင်းရောင်ကွင်းမှာ တစ်ဂိုးစီ သရေ ကစားနိုင်ခဲ့ပါတယ်။ ဒန်နီရယ် ဖာကီရဲ့ အသင်းက နောက်ဆုံး ၅ ပွဲဆက် မရှုံးအောင် ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး ဖြစ်တဲ့ ဒေါမနစ် ကဲလ်ဗက်လီဝင်း ကလည်း နောက်ဆုံး ၆ ပွဲမှာ ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ပုံစံ ရရှိနေခဲ့ပါတယ်။
အင်္ဂလန် တိုက်စစ်မှူးက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ ဂိုး အထိ သွင်းယူထားနိုင်ပြီး ဒီလိုမျိုး ခြေစွမ်းပြနိုင်ဖို့ အတွက် သူ့ကိုယ်သူ အားပေးခဲ့ရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအစက အဲဗာတန် အတွက် ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကဲလ်ဗက်-လီဝင်းက ကာလို အန်ဆယ်လော့တီ လက်ထက်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း နှစ်တွေမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ ဂိုးသွင်း စွမ်းရည် ကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အင်္ဂလန်သားက ပြီးခဲ့တဲ့ ဘောလုံးရာသီ ၄ ခု အတွင်း ပွဲ ၁၀၀ သာ ကစားခဲ့ရသလို စုစုပေါင်း ၁၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီ အစမှာတော့ ကဲလ်ဗက်-လီဝင်းက တန်းတက် ကလပ် လိဒ်စ်ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၇ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုး သွင်းထားနိုင်ပါတယ်။ သူဟာ ရာသီ အစမှာ အနည်းငယ် ရုန်းကန်ခဲ့ရသေးပေမယ့် အခုတော့ သူ့ရဲ့ ဂိုးသွင်းခြေကို ပြန်တွေ့ခဲ့ပြီလည်း ဖြစ်ပါတယ်။
ကဲလ်ဗက်-လီဝင်းက BBC Sports ရဲ့ ၂၀၂၀-၂၁ ရာသီနောက်ပိုင်း အကောင်းဆုံး ပုံစံ ပြန်ရနေပြီလားဆိုတဲ့ မေးခွန်းကို “လူတွေက ဒီလိုမျိုး မြင်တွေ့ချင်ကြတာမလား။ အဲဒါက ကြာနေပါပြီ။ အဲဒီအချိန်ကတည်းက ကျွန်တော် အများကြီး ဖြတ်သန်းခဲ့ရပါတယ်။ အတက်အကျတွေ အများကြီးပါပဲ။ စရိုက်လက္ခဏာ ကလည်း စမ်းသပ်မှုတစ်ခုပါပဲ။ ကျွန်တော် စွဲစွဲမြဲမြဲ ဆက်ပြီး ကြိုးစားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ပြီး အခု ကျွန်တော် ပြန်ရောက်လာပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နောက်ပိုင်း ကဲလ်ဗက်-လီဝင်းရဲ့ အကောင်းဆုံး ဂိုးပြန်သွင်းနေတဲ့ ရာသီ ဖြစ်ပါတယ်။ သူဟာ ၂၀၂၁-၂၀၂၂ ရာသီအစ ကနေ ပြီးခဲ့တဲ့ ရာသီကုန် အထိ တော်ဖီတွေ အတွက် ၁၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ မျှော်မှန်းဂိုး ၃၂.၃ ထက် များစွာ လျော့နည်းခဲ့ပါတယ်။
ဆက်လက်ပြီး ကဲလ်ဗက်-လီဝင်းက “ပုံမှန် ဂိုးသွင်းနိုင်တာ အမြဲတမ်း ကောင်းတဲ့ ခံစားချက်ပါပဲ။ ကျွန်တော်က အခုအချိန်မှာ ကောင်းမွန်တဲ့ အချိန်ကို ရောက်နေပါတယ်။ ကျွန်တော့်ရဲ့ ချိန်သားကိုက်မှုက ကောင်းပါတယ်။ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ နည်းနည်း ပိုပြီး စည်းလုံးလာပါတယ်။ ကျွန်တော်တို့ အတွက် အရာအားလုံးက ကောင်းမွန်နေပါတယ်။”
“ကျွန်တော် တို့က စီးမျောမှုထဲမှာ ရှိနေပါတယ်။ ဗဟို တိုက်စစ်မှူး တစ်ယောက် အနေနဲ့ ဒီလိုပြေးလွှားမှုတွေ လုပ်ရပါမယ်၊ တစ်ခါတလေ ခြောက်သွေ့တဲ့ ရာသီမှာ ဘောလုံးက မင်းကို ရှာမတွေ့ပါဘူး။ ဒါပေမယ့် ခင်ဗျား အနေနဲ့ ဆက်လုပ်ပြီး အခြေအနေ ကောင်းလာမယ်လို့ မျှော်လင့်ရုံပါပဲ။ အဲဒါက အခုအချိန် ကျွန်တော့် အတွက် ဖြစ်ပျက်ခဲ့တာပါ။ ကျွန်တော် ခံစားချက်တွေ ကောင်းနေပါတယ်။ သန်မာတယ်လို့လည်း ခံစားရပါတယ်၊ ပြီးတော့ အသင်းဖော်တွေနဲ့ ကစားရတာကို နှစ်သက်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ကဲလ်ဗက်-လီဝင်း အနေနဲ့ သွင်းဂိုးတွေ ထပ်ရနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


