နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ယူနိုက်တက်ကို ပြန်ရောက်နေတဲ့ ဆန်ချို | ပရီးမီးယားလိဂ်

ဂျေဒန် ဆန်ချို ကတော့ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် မြင်တွေ့လာခဲ့ရပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နယ်သာလန်သား နည်းပြနဲ့ လူသိရှင်ကြား သဘောထား မတိုက်ဆိုင်မှုတွေ ရှိခဲ့ပြီးနောက် အခုနှစ် ဇန်န၀ါရီမှာတော့ အငှား ထွက်ကစားခဲ့ပါတယ်။ အင်္ဂလန် တောင်ပံ ကစားသမားဟာ အာဆင်နယ်ကို ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစာရင်း ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် တန်ဟက်ဂ်က ဆန်ချိုဟာ လေ့ကျင့်ရေး အစီအစဉ်တွေမှာ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း လူသိရှင်ကြား ဖွင့်ဟ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ အခြေအတင် ဖြစ်ခဲ့ပြီး အသက် ၂၄ နှစ် အရွယ် ကစားသမား ကလည်း ကလပ်ဟောင်း ဒေါ့မန်ဆီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ပရီးမီးယားလိဂ် ကလပ်မှာ ရုန်းကန်ခဲ့ရပေမယ့် ဒေါ့မန် မှာတော့ ပုံမှန် ခြေစွမ်း ပြန်လည် ရရှိခဲ့သလို အသင်း ကိုလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရာသီအကုန်မှာတော့ ဆန်ချိုက ဒေါ့မန်နဲ့ အငှားစာချုပ်သက်တမ်း ပြည့်ခဲ့တာကြောင့် ယူနိုက်တက်ဆီ ပြန်လာရမှာ ဖြစ်ပေမယ့် တန်ဟက်ဂ် ရှိနေသ၍ ပြန်လာမှာ မဟုတ်ကြောင်း တရားဝင် ပြောဆိုထားခဲ့တာပါ။

ဒါပေမယ့်လည်း လက်ရှိမှာ တန်ဟက်ဂ်က INEOS ရဲ့ ဆုံးဖြတ်ချက်နဲ့ အတူ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးခဲ့သလို သူနဲ့ အဆင်မပြေ ဖြစ်ခဲ့တဲ့ ဆန်ချို ကိုလည်း အသင်းကို ပြန်လည် ခေါ်ယူဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ESPN ရဲ့ ဖော်ပြချက်တွေအရ ၎င်းတို့ နှစ်ဦးဟာ ဒီတစ်ပတ်ထဲမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဆန်ချို အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရှိခဲ့ရင်တော့ ပရီးမီးယားလိဂ် ကလပ် ဘက်က ရောင်းထုတ်သွားမယ် ဆိုတဲ့ သတင်းတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ 

စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ်ဟာ ဆန်ချို အပြင် သူ့ရဲ့ ယူနိုက်တက် အသင်းဖော် မေဆန် ဂရင်းဝုဒ်ကို ချိတ်ဆက်လျက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ ဆန်ချိုကို ရောင်းချဖို့ အက်တလက်တီကိုမက်ဒရစ်၊ နာပိုလီနဲ့ ပီအက်စ်ဂျီ အသင်းတွေဆီ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဆန်ချိုဟာ လာမယ့် အပတ်မှာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ရိုဆင်ဘာ့ဂ်နဲ့ ကစားဖို့ နော်ဝေ နိုင်ငံကို လိုက်ပါသွားမှာ မဟုတ်ပေမယ့် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ပါဝင်နေတာ တွေ့ရပါတယ်။ 

ယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ပြောင်းရွှေ့ကြေး များစွာ သုံးစွဲဖို့ မရှိကြောင်း အစောပိုင်းမှာ သတင်းတွေ ထွက်ခဲပေမယ့် လက်ရှိမှာတော့ ကစားသမား အများအပြားကို ပစ်မှတ်ထားနေတာ တွေ့ရပါတယ်။ အခုလက်တလောတော့ ယူနိုက်တက်က ဘိုလော့ဂ်နာ တိုက်စစ်မှူးလေး ဂျော်ရွှာ ဇီယက်ခ်ဇီးကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဘေယန်မြူးနစ် ဗဟိုခံစစ်မှူး မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူဖို့ အလွန် နီးစပ်တဲ့ အခြေအနေမှာ ရှိနေသလို လိုင်လီက လီနီ ယိုရို အတွက်လည်း သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တဲ့ အဲဗာတန် လူငယ် နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်သ်နဲ့လည်း သတင်းတွေ ခပ်သဲ့သဲ့ ကြားနေရဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်