နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ် အတွက် ပြန်ကစားနိုင်တော့မယ့် ဂျိုတာ၊ ကန်ဆယ်လို နေရာ အတွက် ဘန် ချေးဝဲလ်ကို စဉ်းစားနေတဲ့ မန်စီးတီး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

လစ်ဗာပူးလ် အတွက် ပြန်ကစားနိုင်တော့မယ့် ဂျိုတာ၊ ကန်ဆယ်လို နေရာ အတွက် ဘန် ချေးဝဲလ်ကို စဉ်းစားနေတဲ့ မန်စီးတီး စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ် အတွက် ပြန်ကစားနိုင်တော့မယ့် ဂျိုတာ 

ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေတဲ့ လစ်ဗာပူးလ်ရဲ့ ကာလရှည် အနားယူနေရတဲ့ တိုက်စစ် ကစားသမား ဒီယိုဂို ဂျိုတာက အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဂျိုတာဟာ အဲဗာတန်နဲ့ ကစားရမယ့် မာဆေးဆိုဒ် ဒါဘီ ပွဲကို ဝင်ကစားပေးဖွယ် ရှိတယ် လို့လည်း သိရပါတယ်။ 

လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်က “ သူ ပြန်ကစားဖို့ နီးစပ်နေပါပြီ၊ သူ နှစ်ရက်လောက် ပုံမှန်အတိုင်း လေ့ကျင့်နိုင်ခဲ့ပါပြီ၊ ဒါကြောင့် နောက်ထပ် ၃ ရက်လောက် ဆိုရင် သူ ပြန်ကစားနိုင်တော့မှာပါ၊ ဖေမီနို ကတော့ ကျနော် မသိသေးပါဘူး၊ သူ့ရဲ့ အနေအထားကို ကြည့်နေရတုန်းပါပဲ၊ ပြီးတော့မှ ဆုံးဖြတ်ရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ 

ဂျိုတာ ကတော့ လစ်ဗာပူးလ် အတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းက မကစားပေးနိုင်တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး သူမပါဝင်နိုင်တဲ့ အချိန်မှာ အသင်း ကလည်း ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး သူ ပြန်ကစားနိုင်မယ့် သတင်းက လစ်ဗာပူးလ်အတွက် သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ @ 3.90
ခရစ္စတယ်ပဲလေ့စ် အာရှ အကျောပေး -0.75 @ 1.79
ဂိုး‌ပေါ်် 2.75 @ 2.26
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နွေရာသီမှာ ကစားသမားတွေ ရှင်းထုတ်သွားမယ့် ချဲလ်ဆီး

ဒီရာသီမှာ ကစားသမားသစ်တွေကို ပေါင် သန်း ၆၀၀ ကျော်ဖိုး အထိ ဝယ်ယူထားတဲ့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ လာမယ့် ရာသီသစ် မတိုင်ခင်မှာ အသင်းအတွင်း အကြီးအကျယ် ပြုပြင် ပြောင်းလဲမှုတွေ လုပ်သွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ အဓိက ကတော့ ကစားသမား အများစုကို အသင်း ကနေ ထွက်ခွာစေမှာ ဖြစ်ပါတယ်။ 

ချဲလ်ဆီးက ရောင်းထုတ်တော့မယ့် ကစားသမားတွေ အဖြစ် ခရစ္စတီယန် ပူလီဆစ်၊ ဟာကင်မ် ဇီယက်ချ်၊ မက်တီယို ကိုဗာချစ်၊ ကူလီဘလီ၊ အိုဒွိုင်းနဲ့ လူကာကူ တို့က ထိပ်ဆုံးက ပါဝင်နေပါတယ်။ ချဲလ်ဆီးဟာ စျေးကွက် နှစ်ခု အတွင်း ကစားသမားသစ် ၁၈ ဦး အထိ ခေါ်ယူခဲ့တာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူ ကလည်း ထပ်မံ ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ 

သူတို့ဟာ ဇန်နဝါရီမှာ အန်ဇို ဖာနန်ဒက်ဇ်၊ မူဒရစ်ခ်၊ ဘာဒီယာရှီလီ၊ ဂက်စတို၊ အန်ဒရေ ဆန်းတို့စ်၊ ဒေးဗစ် ဒါထရို ဖိုဖန်နာ၊ ယာအို ဖီးလစ်၊ မာဒူအီကီ တို့လို ကစားသမားသစ်တွေ အားဖြည့်ထားတာပါ။ ဒါကြောင့် ဘဏ္ဍာရေး မျှတစွာ ကစားရေး စည်းကမ်းချက်မှာ မငြိစွန်းစေဖို့ရော၊ အသင်းတွင်း ကစားသမားတွေ ဖောင်းပွနေတာ ကိုပါ ရှင်းလင်းဖို့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ကန်ဆယ်လို နေရာ အတွက် ဘန် ချေးဝဲလ်ကို စဉ်းစားနေတဲ့ ဂွာဒီယိုလာ

ချေးဝဲလ် ကတော့ လက်စတာစီးတီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး အစောပိုင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေပေမယ့် ဂရေဟမ် ပေါ်တာ လက်အောက်မှာ ကူကူရယ်လာနဲ့ နေရာလုနေရသူပါ။
ယာအို ကန်ဆယ်လို နေရာမှာ အစားထိုးဖို့ ဘန်ချေးဝဲလ်ကို စောင့်ကြည့်နေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာဟာ ဘေယန်မြူးနစ်ကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့သွားပြီး အပြီးသတ်ပါ ရောက်ရှိဖွယ် ရှိနေတဲ့ နောက်ခံလူ ယာအို ကန်ဆယ်လို နေရာ အတွက် ချဲလ်ဆီး ဘယ်နောက်ခံလူ ဘန် ချေးဝဲလ်ကို စဉ်းစားနေတယ်လို့ အင်္ဂလန် သတင်းဌာန အများအပြားက ဖော်ပြခဲ့ကြပါတယ်။ 

ချေးဝဲလ် ကတော့ လက်စတာစီးတီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး အစောပိုင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေပေမယ့် ဂရေဟမ် ပေါ်တာ လက်အောက်မှာ ကူကူရယ်လာနဲ့ နေရာလုနေရသူပါ။ အင်္ဂလန် လက်ရွေးစင်ဟာ ကစားခွင့် နည်းပါးလာတဲ့ အပေါ် စိတ်ပျက်နေပုံရပြီး မန်စီးတီးက ကမ်းလှမ်းမယ် ဆိုရင် ပြောင်းရွှေ့နိုင်ချေလည်း ရှိပါတယ်။ 

ကန်ဆယ်လိုနဲ့ ပြသနာတက်ခဲ့ပြီးနောက် အငှားချခဲ့တဲ့ ဂွာဒီယိုလာက ဘယ်အစွန် ခံစစ်မှာ လူငယ် ကစားသမားတွေကို အသုံးပြုနေရတာပါ။ ဒါကြောင့် အမာခံ ကစားပေးနိုင်မယ့် သူကို ရှာဖွေနေပြီး ချေးဝဲလ်ကို ပစ်မှတ်ထားနေတာပါ။ မန်စီးတီးဟာ လက်တလော ဘယ်နောက်ခံလူ နေရာမှာ ဗဟို နောက်ခံလူ အကန်ဂျီ ကိုလည်း အသုံးပြုနေရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်