နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ လမ်းခွဲခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟလာတဲ့ ကလော့ပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ဂန္ထဝင် နည်းပြဟောင်း ယာဂင် ကလော့ပ် ကတော့ သူဘာကြောင့် ကြိုးကြာနီ တို့နဲ့ လမ်းခွဲခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ကလော့ပ်ရဲ့ ဖွင့်ဟချက်အရ ဆိုရင် ပြင်းထန်လွန်းတဲ့ ဖိအားတွေကြောင့် နည်းပြ ဘဝ ကနေ အနားယူခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ကလော့ပ်က “ဘောလုံးနည်းပြ အဖြစ် နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပါတယ်။ ဒီအလုပ်က အရမ်းကို ပြင်းထန်လွန်းပြီး ဖိအားလည်း များပါတယ်။ ကျွန်တော်က အရာရာကို သိချင်တဲ့သူ ဖြစ်ပြီးတော့ အဲဒီ ဖိအားဒဏ်တွေကို မခံနိုင်တော့ပါဘူး။ ပွဲတွေ တစ်ပွဲပြီး တစ်ပွဲ ကစားရတယ်။ အသင်းရဲ့ ခြေစွမ်း ကိုလည်း ထိန်းသိမ်းထားရပါတယ်။ ရိုးသားစွာ ဝန်ခံရမယ် ဆိုရင်တော့ အဲဒီလို လုပ်ရတာကို ကျွန်တော် မပျော်ရွှင်တော့တာပါ။ ကျွန်တော်က အသစ်တွေကို အမြဲတမ်း လုပ်ချင်သူပါ။ ကျွန်တော်က တစ်ကမ္ဘာလုံးမှာ ဘောလုံးကို တိုးတက်အောင် လုပ်ပေးချင်ပါတယ်။ အခု ဒါကို လုပ်ခွင့်ရနေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။ 

ကလော့ပ်ဟာ လက်ရှိမှာ ရက်ဘူးလ် အဖွဲ့အစည်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်နေပြီလည်း ဖြစ်ပါတယ်။ ဂျာမနီ လူမျိုး နည်းပြကြီးက လစ်ဗာပူးလ် ကနေ ထွက်ခွာပြီးနောက် ပထမဦးဆုံး အကြိမ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ လစ်ဗာပူးလ် ကနေ ထွက်ခွာခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ပြောကြားချက် အရ ဆိုရင် သူ့အနေနဲ့ ရက်ဘူးလ် မှာလည်း နည်းပြ အဖြစ် လုပ်ကိုင်သွားမှာ မဟုတ်ပဲ ဘောလုံး လောက တိုးတက်ဖို့ အတွက်သာ လုပ်ဆောင်သွားမှာလည်း ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ အသက် ၅၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး ဘောလုံး နည်းပြဟောင်း ယာဂင် ကလော့ပ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ စတင် ကိုင်တွယ်ခဲ့ပါတယ်။
လစ်ဗာပူးလ်နဲ့ အတူ ဆုဖလား အောင်မြင်မှု အကုန် ရရှိခဲ့တဲ့ ကလော့ပ်

လက်ရှိမှာ အသက် ၅၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး ဘောလုံး နည်းပြဟောင်း ယာဂင် ကလော့ပ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ စတင် ကိုင်တွယ်ခဲ့ပါတယ်။ အဲဒီနောက် လစ်ဗာပူးလ်ကို သူတို့ နှစ်ပေါင်း ၃၀ ကြာ ကွာဝေးနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူပေးခဲ့သလို ချန်ပီယံလိဂ် အပါအဝင် အဓိက ဆုဖလား ၇ လုံး အထိ ရယူပေးခဲ့ပါတယ်။  

ယာဂင် ကလော့ပ်ဟာ လစ်ဗာပူးလ် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိခဲ့ပေမယ့်လည်း ဖိအားဒဏ်တွေကြောင့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန်နဲ့ လစ်ဗာပူးလ် ကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကလော့ပ်ကို အသင်း လက်မဲ့ ဖြစ်နေချိန် မှာတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက နည်းပြ အဖြစ် ခန့်အပ်ချင်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ကို ကလပ် အသင်းတွေ အပြင် နိုင်ငံ လက်ရွေးစင် အသင်းတွေ ကလည်း နည်းပြ အဖြစ် ခန့်အပ်ဖို့ နည်းမျိုးစုံနဲ့ ကမ်းလှမ်းခဲ့ပေမယ့် သူ ကိုယ်တိုင် ကတော့ ရက်ဘူးလ်ရဲ့ ဘောလုံး အကြီးအကဲ အဖြစ် ဆောင်ရွက်ဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်