နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီအဲရာ ထုတ်ပယ်ခံရတဲ့ အပေါ် နားမလည်နိုင်တဲ့ ကွန်ပနီ၊ လာလီဂါကို ပြောင်းကန်ဖို့ နောက်ပြောင်ခံနေရတဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဗီအဲရာ ထုတ်ပယ်ခံရတဲ့ အပေါ် နားမလည်နိုင်တဲ့ ကွန်ပနီ၊ လာလီဂါကို ပြောင်းကန်ဖို့ နောက်ပြောင်ခံနေရတဲ့ ယူနိုက်တက် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၈ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗီအဲရာ ထုတ်ပယ်ခံရတဲ့ အပေါ် နားမလည်နိုင် ဖြစ်နေတဲ့ ကွန်ပနီ

ချန်ပီယံရှစ် ကလပ် ဘန်လေ နည်းပြ ဗင်းဆင့် ကွန်ပနီဟာ ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ်က နည်းပြ ဖြစ်သူ ပက်ထရစ် ဗီအဲရာကို ထုတ်ပယ်ခဲ့တဲ့ အပေါ် သူ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပဲလေ့စ်ဟာ မနေ့ကပဲ ဗီအဲရာကို ထုတ်ပယ်ခဲ့တာ ဖြစ်ပြီး အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်လာတာကြောင့်လို့ ဆိုပါတယ်။ 

ကွန်ပနီက “ ပဲလေ့စ်က လက်ရှိမှာ အဆင့် ၁၂ ရောက်နေတာပါ၊ ပြီးတော့ အခု သူတို့က နယူးကာဆယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ ၂ ပွဲ၊ မန်ချက်စတာစီးတီး၊ ဘရိုက်တန် တို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ၊ ပြီးတော့ ဇာဟာလို အဓိက ကစာသးမားလည်း မကစားပေးနိုင်ခဲ့ဘူး၊ နောက်ထပ် သူတို့ ရင်ဆိုင်ရတော့မှာက လိဒ်စ်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ အဲဗာတန် တို့နဲ့လေ”

“ ဗီအဲရာကို ထုတ်ပယ်လိုက်တာကို ကျနော် နားမလည်နိုင်အောင်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။ ဗီအဲရာဟာ ပဲလေ့စ် နည်းပြ ဘ၀ အစမှာ ရလဒ်ကောင်းတွေ ယူပေးခဲ့ပြီး လက်ရှိ မှာလည်း အခြေအနေ အဆိုးရွားကြီး မဟုတ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေ ရလဒ် မကောင်းခဲ့လို့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

လာလီဂါ
ဘာစီလိုနာ
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 3.15
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -0.25 @ 1.97
ဂိုးပေါ် 2.50 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်နဲ့ တွေ့မှ လေသံလျော့သွားတဲ့ ပေါ်တာ

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ မနေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် အတွက် မဲခွဲပွဲ မတိုင်ခင်မှာ ဖလား အရယူဖို့ ကြိုးစားမယ့် အကြောင်းကို အာပေါင် အာရင်းသန်သန်နဲ့ ပြောဆိုခဲ့ပါတယ်။ ပေါ်တာက “ အခု အဲဗာတန်ကို အနိုင်ကစားမယ်၊ ပြီးရင်တော့ ဒီ သောက် ချန်ပီယံလိဂ် ဖလားကို ရအောင် ကြိုးစားမယ်” လို့ ခပ်ကြမ်းကြမ်း ပြောခဲ့တာပါ။ 

ဒီလို ပြောပြီးနောက် မဲခွဲမှု အပြီး မှာတော့ ချဲလ်ဆီးဟာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီ ကလည်း ရီးရဲလ်က ချဲလ်ဆီးကို ကျော်ဖြတ်ခဲ့ပြီး အနိုင်ယူခဲ့တာပါ။ ဒီလို တွေ့ဆုံခဲ့တဲ့ နောက်မှာတော့ ပေါ်တာ တစ်ယောက် လေသံ ပြောင်းသွားခဲ့ကာ သူက ကြိုးစားမယ်ပဲ ပြောခဲ့ရုံပဲ ရှိတာပါလို့ ပြန်လုပ်နေရပါတယ်။ 

“ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားကို အရယူဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပြီး ဒီမဲခွဲမှု ထဲက ကျန်တဲ့ ၇ သင်းလည်း အတူတူပဲ ဖြစ်မယ် ဆိုတာ သေချာပါတယ်။ ကျနော်တို့ ရီးရဲလ်နဲ့ ကစားရမယ့် အချိန်ရောက်ရင် အာရုံစိုက်သွားမှာ ဖြစ်ပေမယ့် အခုအချိန်မှာ မနက်ဖြန် အဲဗာတန်နဲ့ ပွဲ အတွက်ပဲ ကျနော်တို့ တွေးနေပါတယ်။ ကျွန်တော် အဲဗာတန်နဲ့ ပွဲ ကိုပဲ အာရုံစိုက်မှာပါ။ ဘာလို့လဲ ဆိုတော့ တခြား ကိစ္စတွေက အဝေးကြီး လိုသေးလို့ပါ” လို့ ပေါ်တာက ပြောခဲ့ပါတယ်။


လာလီဂါကို ပြောင်းကန်တော့လို့ နောက်ပြောင်ခံနေရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ စပိန် လာလီဂါ ကလပ် ဆီဗီလာနဲ့ ရင်ဆိုင်ရတော့မှာပါ။ ဆီဗီလာ ကတော့ ယူရိုပါလိဂ်ရဲ့ ဘုရင်ကြီးလို့ သတ်မှတ်ခံထားရတဲ့ အသင်း ဖြစ်ပြီး ၃ ကြိမ် ဆက်တိုက် ဆွတ်ခူးထားနိုင်မှု အပါအဝင် ဖလား အများဆုံး ရရှိထားတဲ့ အသင်းတွေ ထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ 

ဒီလို တွေ့ဆုံမှုဟာ ပရီးမီးယားလိဂ် ကလပ် အတွက် အုပ်စုအဆင့်မှာ ရီးရဲလ် ဆိုစီဒက်၊ ပလေးအော့ဖ် အဆင့်မှာ ဘာစီလိုနာ၊ ၁၆ သင်း အဆင့်မှာ ရီးရဲလ် ဘက်တစ် တို့နဲ့ တွေ့ဆုံ အပြီး နောက်ထပ် လာလီဂါ အသင်း တသင်းနဲ့ ထပ်မံ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လာလီဂါ ကလပ် ဆီဗီလာနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်

ဒီလို တွေ့ဆုံမှုဟာ ပရီးမီးယားလိဂ် ကလပ် အတွက် အုပ်စုအဆင့်မှာ ရီးရဲလ် ဆိုစီဒက်၊ ပလေးအော့ဖ် အဆင့်မှာ ဘာစီလိုနာ၊ ၁၆ သင်း အဆင့်မှာ ရီးရဲလ် ဘက်တစ် တို့နဲ့ တွေ့ဆုံ အပြီး နောက်ထပ် လာလီဂါ အသင်း တသင်းနဲ့ ထပ်မံ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ယူရိုပါလိဂ် ကန်နေတာလား၊ လာလီဂါမှာ ဝင်ကန်နေတာလားလို့ ယူနိုက်တက်ကို ပရိသတ်တွေက စနောက်နေကြပါတယ်။ 

အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းဟာ အရှေ့မှာ ရင်ဆိုင်ခဲ့တဲ့ စပိန် ၃ သင်းနဲ့ ၆ ပွဲ ကစားခဲ့ရာမှာ ၁ ပွဲသာ အရေးနိမ့်ခဲ့ပြီး ၄ ပွဲ အထိ အနိုင်ယူကာ ၁ ပွဲ သရေကျခဲ့ပါတယ်။ ဆီဗီလာ ကိုတော့ သူတို့က ပြန်လည် လက်စားချေရမှာ ဖြစ်ပြီး တန်ဟက်ဂ် လက်ထက်မှာ ဒါကို လုပ်နိုင်မယ် လို့လည်း ယူနိုက်တက် ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်