နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုအတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကိုပယ်ချလိုက်တဲ့ ဆက်စ်ကို| ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်ကတော့ဒီဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာတိုက်စစ်မှူးတစ်ဦးမဖြစ်မနေခေါ်ယူအားဖြည့်ဖို့လိုအပ်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အာဆင်နယ်ကအဓိကတိုက်စစ်ကစားသမားနှစ်ဦးဒဏ်ရာရရှိနေခြင်းနဲ့အတူတိုက်စစ်ပိုင်းလိုအပ်ချက်ကပြီးခဲ့တဲ့ပွဲစဉ်တွေမှာတော်တော်လေးသိသာခဲ့ပါတယ်။ဒါကြောင့်နည်းပြဖြစ်သူမီခဲလ်အာတေးတားကိုယ်တိုင်ကတိုက်စစ်မှူးခေါ်ယူဖို့လိုအပ်ကြောင်းဝန်ခံထားခဲ့ပြီးအသင်းဘက်ကလည်းသူတို့ရဲ့တိုက်စစ်ပစ်မှတ်တွေကိုလိုက်လံချိတ်ဆက်နေပါတယ်။

အာဆင်နယ်ရဲ့တိုက်စစ်ပစ်မှတ်တွေထဲမှာလိုက်ပ်ဇစ်တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုကထိပ်ဆုံးကပါဝင်နေပြီးကမ်းလှမ်းမှုလည်းပြုလုပ်ထားပေမယ့်ဘွန်ဒက်စ်လီဂါကလပ်ဘက်ကတော့သူတို့ရဲ့ကစားသမားကိုရာသီကုန်အထိအသင်းမှာဆက်ထိန်းထားချင်တာကြောင့်ကမ်းလှမ်းချက်ကိုပယ်ချသွားတယ်လို့သိရပါတယ်။
စလိုဗေးနီးယားလူငယ်တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုဟာပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့သဘောအကျဆုံးကစားသမားတစ်ဦးဖြစ်ပြီးပြီးခဲ့တဲ့နွေရာသီတုန်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဆက်စ်ကိုကအာဆင်နယ်ကိုပြောင်းရွှေ့လုနီးပါးအခြေအနေအထိရှိခဲ့ပေမယ့်နောက်ဆုံးမှာတော့လိုက်ပ်ဇစ်နဲ့စာချုပ်သက်တမ်းတိုးဖို့သာရွေးချယ်ခဲ့တာဖြစ်ပါတယ်။လက်ရှိဆောင်းရာသီဈေးကွက်မှာလည်းအာဆင်နယ်ကဆက်စ်ကိုကိုခေါ်ယူဖို့လက်မလျှော့သေးပဲနောက်ထပ်တစ်ကြိမ်ထပ်မံကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

စလိုဗေးနီးယားလူငယ်တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုဟာပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့သဘောအကျဆုံးကစားသမားတစ်ဦးဖြစ်ပြီးပြီးခဲ့တဲ့နွေရာသီတုန်းကလည်းကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ဆက်စ်ကိုကိုရာသီကုန်ထိထိန်းထားချင်တဲ့ လိုက်ပ်ဇစ်

လက်ရှိအာဆင်နယ်မှာကိုင်ဟာဗက်ဇ်ကအထောင်တိုက်စစ်မှူးအဖြစ်ကစားနေပေမယ့်အားကိုးလို့မရသလိုဂါဘရီရယ်ဂျေဇုစ်ကလည်း ACL ကြောင့်ကာလရှည်ကြာအနားယူရဖို့ရှိနေပါတယ်။ဒါ့အပြင်ဆာကာကလည်းပြန်လည်ကစားနိုင်ဖို့အချိန်တစ်ခုစောင့်ရဦးမှာဖြစ်လို့အာဆင်နယ်အနေနဲ့အရည်အသွေးမြင့်တိုက်စစ်မှူးတစ်ဦးခေါ်ယူမှပဲဆုဖလားတွေအတွက်တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်အာဆင်နယ်ကဆက်စ်ကိုကိုနောက်တစ်ကြိမ်ကြိုးပမ်းမှုအနေနဲ့ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ကမ်းလှမ်းဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမယ့်လည်းပရီးမီးယားလိဂ်ကလပ်ကတကယ်တမ်းကမ်းလှမ်းချိန်မှာတော့အပြီးသတ်ခေါ်ယူမှုနဲ့သာကြိုးပမ်းခဲ့ပါတယ်။ဒါပေမယ့်လည်းလိုက်ပ်ဇစ်ဘက်ကတော့သူတို့ရဲ့အဓိကကစားသမားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၇၀လောက်အထိသတ်မှတ်ထားခဲ့သလိုဘောလုံးရာသီဝက်မှာအသင်းကနေလုံးဝရောင်းထုတ်ဖို့ဆန္ဒမရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်လိုက်ပ်ဇစ်နည်းပြမာကိုရို့စ်ကသူရဲ့ကစားသမားကိုဒီရာသီမှာလုံးဝရောင်းထုတ်မှာမဟုတ်ကြောင်းချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာအတည်ပြုထားပါသေးတယ်။ဒါကြောင့်အာဆင်နယ်ကတခြားသောဖြစ်နိုင်ချေရှိတဲ့တိုက်စစ်မှူးတစ်ဦးကိုသာကြိုးပမ်းရတော့မှာဖြစ်ပြီးအမ်ဘူအမ်မို၊ဖာဂူဆန်နဲ့ဘရာဇီးလ်ကလပ်ဘိုတာဖိုဂိုတိုက်စစ်မှူးလေးအီဂေါဂျေဇုစ်တို့ကိုကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။အာဆင်နယ်နဲ့နောက်ထပ်သတင်းထွက်နေတဲ့တိုက်စစ်မှူးကတော့ချဲလ်ဆီးကစိတ်ဝင်စားနေတဲ့ဒူဆန်ဗလာဟိုဗစ်ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်