ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ ဂိုးပြတ် နိုင်ပွဲကိုယ်စီ ရခဲ့တဲ့ ဘောက်ဆင်ဒေး ပွဲစဉ်များ
အခုတစ်ပတ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည် စတင်နေခဲ့ပြီး နာမည်ကျော် ဘောက်ဆင်းဒေး ပွဲစဉ်တွေ မနေ့ညက ကစားခဲ့ရာမှာတော့ ပွဲတိုင်းက အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့ လစ်ဗာပူးလ်၊ အာဆင်နယ် တို့ရဲ့ ပွဲတွေ ဆိုရင်လည်း ၁-၃ ဆိုတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး အသင်းကြီး နှစ်သင်းစလုံး နိုင်ပွဲကိုယ်စီရခဲ့ပါတယ်။
လစ်ဗာပူးလ်က ဗီလာကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး ရလဒ်ညံ့ဖျင်းနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ် အတွက် မိုဟာမက် ဆာလာ၊ ဗန်ဒိုက်နဲ့ ဘက်ဂျ်ဆီတစ် တို့က ဂိုးတွေ သွင်းပေးခဲ့ပြီး ဗီလာ အတွက် ဝတ်ကင်န်စ်က ချေပဂိုး တစ်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်ရဲ့ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်တွေက ပြန်လည် ရှင်သန်လာခဲ့ပါတယ်။
အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေတဲ့ အာဆင်နယ် ကလည်း ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ပြန်လည် သွင်းယူနိုင်ခဲ့ပြီး နိုင်ပွဲယူကာ အမှတ်ပေးဇယားကို ၇ မှတ် ဖြတ် ဦးဆောင်လိုက်ပါတယ်။ အာဆင်နယ် အတွက် ဆာကာ၊ မာတင်နယ်လီနဲ့ အန်ကတ်တီးယား တို့က ဂိုးတွေ သွင်းပေးခဲ့ပြီး မာတင် အိုဒီဂတ်က ၂ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။ ဝက်စ်ဟမ်း အတွက် ကိုတော့ ဘန်ရာမာက ပင်နယ်တီ ကနေ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ထမင်းလုပ်ကို ဖြတ်သုတ်သွားတဲ့ ကြိုးကြာနီများ
PSV တိုက်စစ် ကြယ်ပွင့် ကိုဒီ ဂက်ခ်ပိုဟာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီလို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ ဂက်ခ်ပိုဟာ ကြိုးကြာ အသင်းနဲ့ နှစ်ရှည် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပြီး နှစ်ဖက် အသင်းကြား သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် ရက်ပိုင်း အတွင်းမှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်မယ်လို့ ရေးသားထားပါတယ်။
PSV ရဲ့ ဒါရိုက်တာ မာဆယ်ဘရန်းစ် ကတော့ “ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို ကျနော်တို့ ပြောပြမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် PSV သမိုင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်တော့ ဖြစ်လာမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဂက်ခ်ပိုအတွက် ပေါင် ၃၇ သန်းနဲ့ အပိုဆုကြေး ပေါင်၁၃ သန်းအထိ ပေးချေရနိုင်တယ်လို့ ရိုမာနိုက ဆိုပါတယ်။
ကမ္ဘာ့ဖလားမှာ ဟော်လန် အတွက် ခြေစွမ်းပြခဲ့တဲ့ ဂက်ခ်ပိုကို ဂိတ်ကြီး တို့ကလည်း အသည်းအသန် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လစ်ဗာပူးလ်က လက်ဦးမှု ရယူနိုင်ခဲ့တာပါ။ ဒီယိုဂို ဂျိုတာနဲ့ လူးဝစ်ဇ်တို့ ဒဏ်ရာရနေချိန်မှာ နည်းပြ ဂျာဂျင် ကလော့ပ်က တိုက်စစ်အားသန် ကစားသမား တစ်ဦး လိုအပ်နေခဲ့ပြီး ဂက်ခ်ပိုကို အရခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ငှက်ကြားတွေ အတွက် စပယ်ရှယ် ခြေစွမ်းပြနေတဲ့ မီဂွယ်လ် အယ်လ်မီရွန်
နယူးကာဆယ် ယူနိုက်တက်ရဲ့ တိုက်စစ်အားသန် ကစားသမား တစ်ဦး ဖြစ်တဲ့ မီဂွယ်လ် အယ်လ်မီရွန် ကတော့ လက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ အသင်း အတွက် ထူးရှယ် ခြေစွမ်းကို ထပ်မံ ပြသသွားနိုင်ခဲ့ပါတယ်။ နယူးကာဆယ် အတွက် ၁ ဂိုး သွင်းယူပေးခဲ့တဲ့ အယ်လ်မီရွန်ဟာ ဒီရာသီမှာ သူ့အတွက် ၉ ဂိုးမြောက် လိဂ်ဂိုးကို ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
အယ်လ်မီရွန်က ညာတောင်ပံ ကနေ ဘောလုံးကို တောက်လျောက် ဆွဲပြေးလာခဲ့ပြီးနောက် အတွင်းကို ချိုးဝင်ပြီး အသင်းဖော်နဲ့ one-two ရိုက်ခဲ့ပါတယ်။ အဲ့နောက် ဧရိယာထဲ ပြေးဝင်သွားခဲ့ပြီး အသင်းဖော်ရဲ့ အလိုက်သင့် မျှောထိုးပေးခဲ့တာကို အယ်လ်မီရွန်က အလိုက်သင့်ပဲ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ် ကတော့ ဒီနိုင်ပွဲနဲ့ အတူ အဆင့် ၂ နေရာ အထိကို တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် သာမက ဆုဖလား အတွက် ကိုပါ မျှော်လင့်နေနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်နဲ့ ၇ မှတ်သာ ကွာဟနေတာ ဖြစ်ပြီး နည်းပြ အက်ဒီဟောင်းရဲ့ ဦးဆောင်မှု အောက်မှာ ငှက်ကြားတေ အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ တောက်ပပြနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.