နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဘီယော့တ်ကို အပြိုင်လိုက်မယ့် လစ်ဗာပူးလ်နဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ် ကတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ် တို့က ခေါ်ယူဖို့ အတွက် မကြာခင်မှာ ဆွေးနွေးသွားတော့မှာပဲ ဖြစ်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့တ်ဟာ တချိန်က မန်ချက်စတာစီးတီး လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူလည်း ဖြစ်ပါတယ်။ အဲ့ဒီကမှ တဆင့် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာခဲ့သလို လီဂူးဝမ်း ကလပ်မှာ တဆင့်တော့ ဂျုဗင်တပ်စ် အသင်းထံ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိ မှာတော့ ရာဘီယော့တ်ဟာ ဂျုဗင်တပ်စ်နဲ့လည်း စာချုပ်သက်တမ်းက ကုန်ဆုံးခဲ့သလို အသင်း ဘက်က ကမ်းလှမ်းလာတဲ့ စာချုပ်သစ် ကိုလည်း ပယ်ချထားခဲ့ပါတယ်။ လက်ရှိမှာ ရာဘီယော့တ်ဟာ အသင်း လက်မဲ့ ဖြစ်နေတာကြောင့် သူ့ စိတ်ကြိုက် ဖြစ်မယ့် ကလပ်ဆီ ပြောင်းရွှေ့နိုင်ဖို့ ရှိနေပါတယ်။

ရာဘီယော့တ်လို ကွင်းလယ်ပိုင်းမှာ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ လစ်ဗာပူးလ် လိုချင်နေပြီး အလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်လို့လည်း ပိုပြီး စိတ်ဝင်စားနေတာပါ။ သတင်းဖော်ပြချက်တွေအရ အသင်း လက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ရာဘီယော့တ်ကို လာမယ့် ရက်ပိုင်း အတွင်း ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့က ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေသလို နယူးကာဆယ်၊ နာပိုလီနဲ့ အေစီမီလန် တို့ကလည်း ရာဘီယော့တ်ကို ခေါ်ယူလိုနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက် ကတည်းက ရာဘီယော့တ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အေးဂျင့် ဖြစ်သူ ရာဘီယော့တ်ရဲ့ မိခင် ဖြစ်သူနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းတဲ့ နေရာမှာ အဆင်မပြေတာကြောင့် အိုးထရက်ဖို့ဒ်ကို ရောက်ရှိမလာခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ဒီကစားသမားကို စိတ်ဝင်စားကြောင်းသာ ပြသခဲ့ပေမယ့် ကမ်းလှမ်းမှုတော့ မပြုလုပ်ခဲ့ဖူးပါဘူး။ အခု လက်ရှိမှာတော့ ဒီနှစ်သင်းက ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေတာကြောင့် အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ရာဘီယော့တ်ကို အသင်းဆီ အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လိုင်လီ နောက်ခံလူ ယိုရိုနဲ့ ဘိုလော့ဂ်နာ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးတို့ အတွက် နှစ်ဦးပေါင်း ယူရို သန်း ၁၀၀ ကျော်အထိ သုံးစွဲထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ အူဂါတီ အတွက် ယူရို သန်း ၇၀ အထိ သုံးစွဲဖို့ အခက်အခဲ ရှိနိုင်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက် မှာလည်း ယူနိုက်တက်ဟာ အသင်း ကွင်းလယ်ပိုင်း အတွက် ကက်စ်မဲရိုး အပြင် စကော့တ် မက်တော်မီနေး ကိုပါ ကြိုက်ကြေးရရင် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်