နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ချန်ပီယံ လမ်းကြောင်းပေါ်မှာ ရှိနေသေးကြောင်း ပြသနိုင်ခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ခရစ္စတယ်ပဲလေ့စ် ၁-၃ လစ်ဗာပူးလ်

အခုတစ်ပတ် စူပါဆန်းဒေး ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ခရစ္စတယ်ပဲလေ့စ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ တွေ့ဆုံမှု ကလည်း အပြန်အလှန် သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ပြီး ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

High Pressing ကစားတဲ့ အသင်းတွေပီပီ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားဖို့ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပက်ထရစ် ဗီအဲရာတို့ အိမ်ရှင် အသင်း ဘက်မှာ ဇာဟာနဲ့ ကိုရာတေး တို့ အာဖရိကဖလား သွားကစားနေလို့ လွဲချော်ခဲ့ပေမယ့် မက်တေးတား၊ အက်ဒ်ဝက်၊ အိုလစ်ဆီ၊ ဂူဟီ၊ ဟုဂျ်၊ ဂယ်လက်ဂါ၊ အန်ဒါဆင်၊ ရှလက်ပ် တို့လို  ကစားသမားကောင်း ပါဝင်လာခဲ့ပါတယ်။ ဂျာဂျင်ကလော့ပ်ရဲ့ အသင်းက အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာဒီယို မာနေးနဲ့ မိုဟာမက် ဆာလာတို့ ပါဝင်ကစားနိုင်ခြင်း မရှိလို့ တိုက်စစ်မှာ ဂျိုတာ၊ ဖေမီနို၊ ချိန်ဘာလိန် တို့ကို တိုက်စစ်မှာ ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်မှာ ဖာဘင်ဟို၊ ကာတစ်ဂျုံးစ်၊ ဟန်ဒါဆင်၊ ခံစစ်မှာ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ ရော်ဘတ်ဆန်၊ အာနိုးလ် တို့နဲ့ အတူ ဂိုးမှာတော့ အလီဆွန်ပဲ ပါဝင်လာခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာ ကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ဆင်းခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်

ပွဲအစကနေ အဆုံးအထိ တိုက်စစ်ဖွင့်ပြီး ကစားသွားခဲ့ကြလို့ ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားကွက် အချိတ်အဆက်မိပြီး အဆုံးသတ် ပိုပြီး သေချာခဲ့တဲ့ လစ်ဗာပူးလ် တို့ပဲ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ပွဲချိန် ၈ မိနစ်မှာ နောက်ခံလူ အန်ဒရူး ရော်ဘတ်ဆန်ရဲ့ ပေးပို့မှု ကနေ ဗန်ဒိုက်ခ် က သွင်းယူပေးခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာလည်း ရော်ဘတ်ဆန်ရဲ့ ဖန်တီးပေးမှု ကနေပဲ ချိန်ဘာလိန်က ဒုတိယဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ လစ်ဗာပူးလ်တို့ ၀-၂ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၁၀ မိနစ် အကြာမှာ မက်တေးတားရဲ့ ပေးပို့မှု ကနေ အော့ဒ်ဆွန်နီ အက်ဒ်ဝက် က ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်တို့ ပြန်လာနိုင်ဖို့ အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ လစ်ဗာပူးလ်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဖာဘင်ဟိုက အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့လို့ ပွဲအပြီးမှာ ၁-၃ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အမှတ်ပေးဇယား ထိပ်ဆုံးက မန်ချက်စတာစီးတီး နိုင်ပွဲ ပျောက်ဆုံးမှုကို လစ်ဗာပူးလ်တို့ အပြည့်အဝ အခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ High Pressing Game ရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားခဲ့ရတဲ့ ပွဲဖြစ်ပြီး ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား ပိုပြီး ပိုင်ဆိုင်ခဲ့တဲ့ ကလော့ပ်ရဲ့ အသင်းက အနိုင် ၃ မှတ် ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိခြင်းနဲ့ အတူ အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီး ထက် တစ်ပွဲလျော့ ကစားပြီး ၉ မှတ် အကွာ အနေအထားကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာ ကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းလုံး လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွေ ကစားဖို့ ရှိပြီး လစ်ဗာပူးလ်က ကာဒစ်ဖ်၊ ခရစ္စတယ်ပဲလေ့စ် ကတော့ ဟက်တဲလ်ပူးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်