နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ပုံစံ မရခဲ့ပေမယ့် နိုင်ပွဲ ဆက်ခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၂-၀ ဝက်ဖို့ဒ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ ဝက်ဖို့ဒ်ကို ဒီယိုဂို ဂျိုတာ၊ ဖာဘင်ဟို တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီးမှာ လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား ထိပ်ဆုံး က မန်ချက်စတာစီးတီးကို ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ဝက်ဖို့ဒ် ကတော့ တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ လစ်ဗာပူးလ်ရဲ့ တိုက်စစ်မှာ မိုဟာမက် ဆာလာ၊ ဖေမီနို၊ ဒီယိုဂို ဂျိုတာတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ်မှာ သီယာဂို၊ ဟန်ဒါဆင်၊ ကာတစ် ဂျုံးစ်၊ ခံစစ်မှာ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ ရော်ဘတ်ဆန်၊ ဂိုးမက်ဇ်၊ ဂိုးမှာတော့ အလီဆွန်ပဲ ပွဲထွက်ခဲ့ပါတယ်။ ဝက်ဖို့ဒ် ကတော့ ၄-၁-၄-၁နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ ပက်ဒရို တစ်ဦးတည်းကို အထောင်ထားပြီး ကွင်းလယ်နဲ့ တောင်ပံမှာ ကူကာ၊ ဆစ်ဆိုခို၊ အစ္စမေလာဆား၊ ချူချိုဟာနန်ဒက်ဇ်၊ လိုဇာ၊ ခံစစ်မှာ ဆမ်မီရာ၊ ကာမာရာ၊ ကာဘာဆီလီ၊ ကီကို၊ ဂိုးမှာတော့ ဖော်စတာပဲ ပါဝင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘန်ဖီကာ
လီဗာပူးလ်
1X2 သရေ @ 5.00
ပထမပိုင်း ဂိုးအောက် 1.00 @ 2.28
ဂိုးပေါင်း 2-3 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအစပိုင်းမှာ ဝက်ဖို့ဒ်တို့ ချူချို ဟာနန်ဒက်ဇ်၊ ကူကာ၊ ပက်ဒရို တို့ရဲ့ တွဲလုံးတွေ ကတစ်ဆင့် လစ်ဗာပူးလ် ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် အလီဆွန် ကာကွယ်နိုင်ခဲ့လို့ သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။ ပွဲချိန် ကြာလာတာနဲ့အမျှ လစ်ဗာပူးလ်တို့ ပွဲကို ပိုမို ဖိအားပေး ထိန်းချုပ်လာနိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ် မှာ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ညာနောက်ခံလူ ဂျိုး ဂိုးမက်ဇ်ရဲ့ ကန်တင်ပေးပို့မှု ကနေ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာက ပါးပါးနပ်နပ် ခေါင်းတိုက် အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်း မှာလည်း ဂျိုး ဂိုးမက်ဇ်ရဲ့ ကန်တင်ပေးပို့မှု တွေကနေ လစ်ဗာပူးလ်တို့ ဂိုးရဖို့ နီးစပ်ခဲ့သလို တစ်ဖက်က အစ္စမေလာ ဆားရဲ့ ဖန်တီးပေးမှု ကနေ ဂျာအို ပက်ဒရို ချေပဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ မိနစ် ၆၀ ကျော်ချိန် မှာတော့ ကလော့ပ် အနေနဲ့ ဖာဘင်ဟို၊ ဆာဒီယို မာနေး တို့ လူစားဝင်စေခဲ့ပြီး ဝက်ဖို့ဒ် ကတော့ ကလီဗာလေ၊ ကင်း၊ ဒန်းနစ် တို့ထည့်ပြီး ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးထပ်ရခဲ့တာက လစ်ဗာပူးလ် တို့ပဲ ဖြစ်ပြီး ပွဲချိန် ၈၉ မိနစ်မှာ ဒီယိုဂို ဂျိုတာကြောင့် ရတဲ့ ပင်နယ်တီကို ဖာဘင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီရလဒ်ကြောင့် ဝက်ဖို့ဒ် တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်မှာ ဆက်လက် ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ ဝက်ဖို့ဒ်

ဒီနေ့ပွဲမှာ ကလော့ပ် အနေနဲ့ နိုင်ငံတကာ ပွဲစဉ်တွေ ကစားပြီး ပြန်လာတဲ့ အဓိက ကစားသမား တချို့ကို အနားပေးခဲ့တာကြောင့် လူစုံ ပါဝင်ခဲ့ခြင်း မရှိပဲ ပွဲချိန် တချို့မှာ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။ အကောင်းဆုံး ပုံစံ တစ်ခုကို ပြသနိုင်ခြင်း မရှိခဲ့ပေမယ့် နိုင်သင့် နိုင်ထိုက်တဲ့ ပွဲကနေ ၃ မှတ် အပြည့် ရအောင်ယူပြီး ဇယား ထိပ်ဆုံးက မန်စီးတီးကို အမှားအယွင်း မရှိ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ရွိုင်းဟော့ဆန်ရဲ့ ဝက်ဖို့ဒ် ကတော့ တန်းမဆင်းရရေး အတွက် တတ်နိုင်သမျှ တိုက်ပွဲဝင်သွားခဲ့ပေမယ့် ပြိုင်ဘက် လစ်ဗာပူးလ် ဖြစ်နေတဲ့ အတွက်တော့ ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်း မရှိပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ဝက်ဖို့ဒ် တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်မှာ ဆက်လက် ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ဘင်ဖီကာနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ပွဲ အဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဝက်ဖို့ဒ် ကတော့ ဧပြီ ၉ ရက်နေ့မှ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်