နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်ကို ရပ်တန့်ပေးပြီး မန်စီးတီးကို ၁ မှတ် အကွာနဲ့ ဖိအားပေးနိုင်ခဲ့တဲ့ လစ်ဗာပူးလ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၀-၂ လစ်ဗာပူးလ်

မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပွဲစဉ်တွေ ကစားခဲ့သလို တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ပွဲကျန် ပွဲကောင်းတွေ ကစားသွားခဲ့ပြီး လစ်ဗာပူးလ်တို့ ခြေတက်နေတဲ့ အာဆင်နယ်ကို အန်းမရိတ်စ်မှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မီခယ် အာတေးတားရဲ့ အသင်း အနေနဲ့ ကလော့ပ်ရဲ့ အသင်းကို ခြေရည်တူ ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ အတွေ့အကြုံပိုင်းမှာ စကားပြောသွားခဲ့လို့ အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အာတေးတားက ပုံမှန် အသုံးပြုနေကျ လူစာရင်း အတိုင်း ပွဲထုတ်လာခဲ့ပြီး တိုက်စစ်မှာ လာကာဇက်၊ တောင်ပံနှစ်ဖက်မှာ မာတင်နယ်လီ၊ ဆာကာ၊ ကွင်းလယ်မှာ အိုဒီဂတ်၊ ချာကာ၊ ပါတေးနဲ့ ခံစစ်မှာ ဝှိုက်၊ ဂါဘရီရယ်၊ စီဒရစ်၊ တီယာနီ၊ ဂိုးမှာတော့ ရမ်းစ်ဒေးလ်ပဲ ပါဝင်လာခဲ့ပါတယ်။ ကလော့ပ် ကလည်း ၄-၃-၃ အခင်းအကျင်းနဲ့ ကိုမှ ဆာလာ နေရာမှာ မာနေးကို ထားပြီး ဒီးရာ့ဇ်၊ ဂျိုတာ တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ သီယာဂိုနဲ့ ခံစစ်မှာ ရော်ဘတ်ဆန်၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ အာနိုးလ်၊ ဂိုးမှာ အလီဆွန်ပဲ ပွဲထွက်ခဲ့ပါတယ်။

ပုံမှန် ခြေစွမ်းကောင်း တစ်ခုကို ထိန်းထားနိုင်ပြီး ရလဒ်တွေ တောက်လျောက် ကောင်းနေခဲ့တဲ့ အာဆင်နယ်တို့ ဒီနေ့ပွဲ မှာလည်း လစ်ဗာပူးလ်ကို အကောင်းဆုံး တုန့်ပြန် ကစားသွားနိုင်ခဲ့ပါတယ်။ ကလော့ပ် ကတော့ သူတို့ရဲ့ ဟန်အတိုင်း High Pressing နဲ့ပဲ ကစားပြီး ပွဲကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ် လူငယ်တွေရဲ့ အသင်းလိုက် စုဖွဲ့မှုအား ကောင်းမွန်မှုကြောင့် ပထမပိုင်း တစ်ပိုင်းလုံး ရုန်းကန်ခဲ့ရပါတယ်။ ထရန့် အာနိုးလ်ရဲ့ တောင်ပံက ဖြတ်တင်ဘောတွေကို အဓိက အားပြုခဲ့ပြီး တိုက်စစ်က မာနေးဆီကို တိုက်ရိုက် ပေးပို့ခဲ့ပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ် ကာကွယ်နိုင်ခဲ့သလို ဘန်ဝှိုက်၊ ဂါဘရီရယ်တို့ အမှားနည်းနေခဲ့တာကြောင့်လည်း လစ်ဗာပူးလ်တို့ ပထမပိုင်းမှာ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြီးမားတဲ့ ထိခိုက်မှု မရှိသေးပေမယ့် လက်ကျန် ပွဲစဉ်တွေ အားလုံး ကိုတော့ ပိုပြီး အားစိုက်ဖို့ လိုအပ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ အာဆင်နယ်

ဒုတိယပိုင်း ပွဲပြန်စချိန်မှာ သီယာဂိုရဲ့ လူပေးမှားမှု ကနေ လာကာဇက် ရသွားပြီး ပြန်ချပေးတာကို အိုဒီဂတ် အပိုင် ကန်ခွင့်ရခဲ့ပေမယ့် အလီဆွန် ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပြီး မိနစ်ပိုင်း အကြာမှာ မာနေး လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသွင်းခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ ပွဲချိန် ၅၄ မိနစ် မှာတော့ သီယာဂိုရဲ့ ပေးပို့မှု ကနေ ဒီယိုဂို ဂျိုတာ ကန်သွင်းတာကို ရမ်းစ်ဒေးလ် ပေါ့ဆခဲ့လို့ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီယိုဂို ဂျိုတာ အနေနဲ့ လစ်ဗာပူးလ်ကို ရောက်ရှိချိန်က စပြီး အာဆင်နယ်နဲ့ ၇ ပွဲ တွေ့ဆုံကစားခဲ့ရာမှာ ၇ ဂိုး အထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့နောက် ကလော့ပ် အနေနဲ့ ဂျိုတာနဲ့ ဒီးရာ့ဇ်ကို ထုတ်ပြီး ဆာလာ၊ ဖေမီနို တို့ ထည့်သွင်း ကစားစေခဲ့လို့ လစ်ဗာပူးလ်တို့ အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ် မှာတော့ ရော်ဘတ်ဆန်ရဲ့ တောင်ပံ ကနေ ဆွဲပြေးပြီး ပြန်ခင်းပေးတဲ့ ဘောလုံးကို လူစားဝင် တိုက်စစ်မှူး ဖေမီနိုက အဆုံးသတ်ပေးခဲ့လို့ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ရခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အာဆင်နယ်တို့ စမစ်ရိုးဝ်၊ ပေပေ၊ အန်ကတ်တီးယား တို့ထည့်ပြီး ချေပဂိုး ရဖို့ တိုက်စစ်မြှင်ခဲ့သေးပေမယ့် အရာမထင်ခဲ့ပဲ ၀-၂ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်ရဲ့ လူငယ် ကစားသမားတွေ ဒီနေ့ ပွဲမှာ ကလော့ပ်ရဲ့ အသင်းကို မှတ်ကျောက်တင်နိုင်တဲ့ ခြေစွမ်းနဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံပိုင်း အားနည်းမှု၊ ရမ်းစ်ဒေးလ်ရဲ့ ပေါ့ဆမှုတွေနဲ့ ကလော့ပ်ရဲ့ လူစား အပြောင်းအလဲ မှန်ကန်မှုတွေက ပွဲကို အဖြေကို အဓိက ထုတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်အားသန်ပြီး ခံစစ် အားနည်းတဲ့ ထရန့် အာနိုးလ်ရဲ့ ညာဘက်ခြမ်း ကနေ မာတင်နယ်လီ လုပ်အားနှုန်း ကောင်းကောင်းနဲ့ မွှေနှောက်နိုင်ခဲ့ပေမယ့် အဆုံးသတ် ကတော့ ညံ့နေဆဲ ဖြစ်ပါတယ်။ ကွင်းလယ်က သောမက်စ် ပါတေး ဒီနေ့ပွဲမှာလည်း အကောင်းဆုံး လှုပ်ရှား ကစားသွားခဲ့ပြီး အာဆင်နယ်ရဲ့ တိုက်စစ် အရွေ့ကို တွန်းပို့ပေးသွားနိုင်ခဲ့ပါတယ်။ တိုမီယာဆု မပါနိုင်သေးတဲ့ ခံစစ် ညာခြမ်း ကတော့ ယိုပေါက် ရှိနေဆဲ ဖြစ်ပြီး ဒီပုံ အတိုင်း ဆိုရင် ဂျပန်သား မကစားနိုင်ချိန်မှာ အရန်သင့် သုံးဖို့ စီဒရစ် မဟုတ်တဲ့ နောက်ထပ် ကစားသမား တစ်ဦး လိုအပ်နေခဲ့ပြီ လို့ပဲ ဆိုရပါမယ်။ နောက်ပြီး အသင်းငယ်တွေကို အသာအယာ ကျော်ဖြတ်နိုင်သမျှ အသင်းကြီးတွေနဲ့ တွေ့တိုင်းမှာ အရှုံးပေးနေရတဲ့ အခြေအနေ တစ်ခုကို ဘယ်လို ပြုပြင်မလဲ ဆိုတာ အာတေးတား အနေနဲ့ စဉ်းစားသင့်နေပါပြီ။

အာဆင်နယ်တို့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြီးမားတဲ့ ထိခိုက်မှု မရှိသေးပေမယ့် လက်ကျန် ပွဲစဉ်တွေ အားလုံး ကိုတော့ ပိုပြီး အားစိုက်ဖို့ လိုအပ်သွားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ဇယား ထိပ်က ဦးဆောင်နေတဲ့ မန်စီးတီးကို ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်တွေလည်း တစ်ပွဲထက် တစ်ပွဲ ပိုပို ရှင်သန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ကစားဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ မတ်လ ၂၁ ရက်နေ့မှာ နော့တင်ဟမ်ဖော့ရက်စ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်