လစ်ဗာပူးလ် – ဝက်ဖို့ဒ်
ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် မန်စီးတီးကို အကောင်းဆုံး ဖိအားပေးနေတဲ့ လစ်ဗာပူးလ်တို့ အခုတစ်ပတ် ပွဲစဉ် ၃၁ မှာတော့ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်ကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၉ ပွဲဆက် အနိုင်ရရှိထားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီး ကို ၁ မှတ် အကွာနဲ့ လိုက်လံ ဖိအားပေးနေတဲ့ လစ်ဗာပူးလ်တို့ ဖလား ၃ လုံး လမ်းကြောင်း ပေါ်မှာ အကောင်းဆုံး လျှောက်လှမ်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီ အတွက် ခရာဘောင်ဖလား တစ်လုံး ပိုင်ဆိုင်ထားခဲ့တဲ့ ဂျာဂျင် ကလော့ပ်ရဲ့ အသင်းက ဆုဖလား ဆာလောင်စိတ် အပြည့် ရှိနေပြီး ပွဲတိုင်းကို နိုင်ကို နိုင်ရမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးသလို ၁၄ ပွဲ ကစားထားရာမှာ ၁၁ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။ ဆာလာ၊ ဂျိုတာ၊ ဖေမီနို၊ မာနေး၊ ဒီးရာ့ဇ် တို့ရှိနေတဲ့ တိုက်စစ် အစုအဖွဲ့က ပွဲတိုင်းလိုလို သွင်းဂိုး ရဖို့ မခက်ခဲတာ တွေ့ရပြီး ဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီး ထက်တောင် သွင်းဂိုးတွေ ပိုရထားတာ တွေ့ရပါတယ်။ တိုက်စစ် ထက်မြတ်နေရုံ သာမက ခံစစ်ပိုင်း ကလည်း အကောင်းဆုံး စွမ်းဆောင်ပြနေတာကြောင့် ဂိုးမပေးရတဲ့ ပွဲ ၁၇ ပွဲ အထိ ရှိထားပြီး လစ်ဗာပူးလ်ဟာ အခုနှစ် ပရီးမီးယားလိဂ်ရဲ့ ပေးဂိုး မရှိ ပွဲအများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်နေခဲ့ပါတယ်။ ဒီပွဲပြီးရင် ၃ ရက်သာ ခြားပြီး ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားဖို့ ရှိတာကြောင့် အဓိက ကစားသမား တချို့ အနားပေးနိုင်ချေ ရှိပေမယ့် မန်စီးတီး နောက် အမှီလိုက်ဖို့ ဝက်ဖို့ဒ်ကို သေချာပေါက် အနိုင်ကစားပါလိမ့်မယ်။ လက်တလော လစ်ဗာပူးလ်မှာ အာနိုးလ် တစ်ဦးတည်း ဒဏ်ရာပြသနာ ရှိနေပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ သွားကစားထားတဲ့ ကစားသမားတွေလည်း ပြန်ရောက်ပြီ ဖြစ်လို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ မြင်တွေ့ရဖို့ ရှိပါတယ်။
လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ ဝက်ဖို့ဒ်ဟာ လစ်ဗာပူးလ် အတွက် ပြိုင်ဘက် မဟုတ်ပါဘူး။ လစ်ဗာပူးလ် တို့ ဝက်ဖို့ဒ်နဲ့ ပတ်သတ်လို့ စိုးရိမ်စရာ အချက် ၂ ချက်ပဲ ရှိပါတယ်။ ပထမ တစ်ချက်က တန်းဆင်းဇုန် ရုန်းအား ဖြစ်ပြီး နောက်တစ်ချက် ကတော့ ဝက်ဖို့ဒ်တို့ ဒီနှစ် ပရီးမီးယားလိဂ်မှာ အသင်းကြီး တချို့ကို အဝေးကွင်းမှာ မထင်ရင် မထင်သလို ဒုက္ခပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတွေ့ဆုံနေတဲ့ အသင်းဟာ ယူနိုက်တက် မဟုတ်သလို ဆောက်သမ်တန်၊ အဲဗာတန် တို့လည်း မဟုတ်တာကြောင့် ဝက်ဖို့ဒ် တို့ ဂိုးပြတ် မရှုံးဖို့ပဲ မျှော်လင့်ရမယ့် ပွဲ ဖြစ်ပါတယ်။ လက်တလော ဝက်ဖို့ဒ်မှာ ဒဏ်ရာရ/ပွဲပယ် ကစားသမား မရှိတာကြောင့် ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း မြင်တွေ့ရဖွယ် ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ်မှာ လစ်ဗာပူးလ်တို့ ၈ ကြိမ်နိုင်ပြီး ဝက်ဖို့ဒ် ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ သရေ ၁ ပွဲသာ ရှိထားပြီး ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းမှာ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်လေ့ ရှိသလို အနိုင်ရတဲ့ အသင်းက အနည်းဆုံး ၂ ဂိုးနဲ့ ၂ ဂိုး အထက် သွင်းယူနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဝက်ဖို့ဒ်တို့ အိမ်ကွင်းမှာ ၀-၅ ရလဒ်နဲ့ လစ်ဗာပူးလ်ကို ရှုံးနိမ့်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် အတွက် ၁.၁၃ ဆ၊ ဝက်ဖို့ဒ် အတွက် ၂၀.၀၀ ဆ၊ သရေ အတွက် ၇.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရရော၊ အစဉ်အလာအရပါ ဝက်ဖို့ဒ်တို့ လစ်ဗာပူးလ်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဝက်ဖို့ဒ်တို့ တန်းဆင်းဇုန် ဖိအား အောက်က ရုန်းထွက်ဖို့ ကြိုးစားနေပေမယ့် လစ်ဗာပူးလ် ကလည်း ချန်ပီယံ အိမ်မက် အတွက် အမှားခံမှာ မဟုတ်ပါဘူး။ လစ်ဗာပူးလ် အနိုင်သေချာပြီး အကျိုးအမြတ် အတွက် ဆိုရင်တော့ ဂိုးပေါ်ကို ရွေးချယ်ထားတာက မမှားနိုင်ပါဘူး။ လစ်ဗာပူးလ် ဂိုးပြတ် အနိုင်ယူမယ့် ပွဲပါ။
ခန့်မှန်းရလဒ် (၃-၀)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.