မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ အားလုံး မျှော်လင့်ထားတဲ အတိုင်း အကြိတ်အနယ် ရှိခဲ့ပြီး ၂-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲ မှာတော့ ရိုဒရီ ဒဏ်ရာရသွားတာ၊ ထရော့ဆက်ဒ်ရဲ့ အငြင်းပွားဖွယ် အနီကတ် အပြင် မန်စီးတီးရဲ့ နောက်ကျ ချေပဂိုးတွေက ပွဲကို တော်တော်လေး ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းစေခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲ ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ ကတော့ သူ့ရဲ့ ဒိုင်လူကြီး သက်တမ်း အတွင်းမှာ အာဆင်နယ် ကစားသမား ၇ ဦး အထိ ထုတ်ပယ်ခဲ့ဖူးပြီး ဒါကလည်း တခြား အသင်းတွေထက် ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ မိုက်ကယ် အိုလီဗာ အနေနဲ့ မနေ့က ပွဲစဉ်မှာ အာဆင်နယ် တိုက်စစ်က လီအန်ဒရို ထရော့ဆက်ဒ်ကို နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပြီးတော့ အဲဒီ ဆုံးဖြတ်ချက် အတွက်လည်း ဝေဖန် ပြစ်တင်တွေ ခံနေရတာ ဖြစ်ပါတယ်။
ထရော့ဆက်ဒ်ကို ဒုတိယ အဝါကတ် ပြသခဲ့ခြင်းမှာ ပြစ်ဒဏ်ဘော အဖြစ် ခရာမှုတ်ပြီးချိန်မှာ ဘောလုံးကို ကန်ထုတ်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ အကြောင်းပြခဲ့ပေမယ့်လည်း ဒါက ဒုတိယ အဝါဖြစ်နေတာကြောင့် သတိပေးတဲ့ အဆင့်လောက်ပဲ ရှိသင့်ပေမယ့် မိုက်ကယ် အိုလီဗာ ကတော့ အနီကတ်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စည်းမျဉ်းအရ လုပ်ပိုင်ခွင့် ရှိပေမယ့် ဘောလုံး သုံးသပ်သူ အများစု ကတော့ ပရီးမီးယားလိဂ် ရဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲကို မိုက်ကယ် အိုလီဗာ အနေ ဖျက်ဆီးလိုက်သလို ဖြစ်ခဲ့ကြောင်း ဝေဖန်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ် အကြောင်း ပြန်သွားရမယ် ဆိုရင်တော့ မန်စီးတီးက ထုံးစံ အတိုင်း ပြိုင်ဘက်ကို သူ့အိမ်ကွင်းမှာ အသာစီးနဲ့ ကစားဖို့ အားထုတ်လာခဲ့ပြီး အမှန်တကယ်လည်း ကစားနိုင်ခဲ့သလို ပွဲချိန် ၉ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုးကို ဟာလန်းက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုဒရီ စောစောစီးစီး ဒဏ်ရာရသွားတာက မန်စီးတီး အတွက် နစ်နာစရာ ဖြစ်ခဲ့ပြီးတော့ ဒီကစားသမား မရှိတော့ချိန်မှာ ပွဲက အာဆင်နယ် ဘက် ပြန်ရောက်သွားခဲ့ပါတယ်။ ရိုဒရီ ထွက်ခွာသွားပြီးပြီးချင်း ၁ မိနစ် အကြာမှာပဲ အာဆင်နယ် အတွက် ပထမဦးဆုံး အကြိမ် အဖြစ် ပွဲထွက်လာခဲ့တဲ့ နောက်ခံလူသစ် ရီကာဒို ကာလာဖီအိုရီက ၁၈ ကိုက်စည်း ထိပ်ကနေ ဝေ့ဝိုက် ကန်သွင်းပြီး ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အာဆင်နယ်က ပွဲကို ပြန်လည် လွှမ်းမိုးပြီး ထိထိရောက်ရောက် ကစားနိုင်ခဲ့သလို ထုံးစံ အတိုင်း ဂါဘရီရယ် ကလည်း Set Piece ကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒီ နောက်ပိုင်းမှာ အာဆင်နယ်က ထရော့ဆက်ဒ် ထုတ်ပယ် ခံရပြီးနောက် ခံစစ် လုံးဝ ပိတ်ကစားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ မန်စီးတီးတို့ အမှန်တကယ်လည်း အာဆင်နယ်ရဲ့ ခံစစ် ပိတ်ဆို့ ကစားပုံကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပြီး ဂိုးရနိုင်ချေ ရှိတဲ့ အခြေအနေတွေ ကိုတော့ ဂိုးသမား ရာယာက လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့ မန်စီးတီးတို့ ခက်ခဲခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၇ မိနစ် ပေးခဲ့ပေမယ့် ၈ မိနစ် အရောက်မှာတော့ ဂရီးလစ်ရှ်ရဲ့ အားထုတ်မှုကနေ အာဆင်နယ် ဂိုးဧရိယာ အတွင်း ရှုပ်ရှက်ခက်နေမှုကို ဂျွန်စတုန်းစ်က အခွင့်ကောင်းယူပြီး အဖိုးတန် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် အဓိကထား ယှဉ်ပြိုင်နေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်တာနဲ့ အညီ ပွဲက ကြည့်ကောင်းခဲ့ပေမယ့် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာရဲ့ ဆုံးဖြတ်ချက်က ပွဲ အရသာကို ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ မန်စီးတီးရော၊ အာဆင်နယ်ပါ ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ အခြေအနေ တစ်ခုကို ဆက်ထိန်းနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် မန်စီးတီး ကတော့ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး အာဆင်နယ် ကတော့ အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.