နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုကို ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရိုဒရီဂိုကို ခေါ်ယူဖို့ အံ့အားသင့်လောက်စရာ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီး အနေနဲ့ ရိုဒရီဂိုကို ယူရိုသန်း ၁၅၀ နဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ကြောင်း စပိန်မီဒီယာတွေက ဖော်ပြခဲ့တာပါ။

အသက် ၂၃ နှစ် အရွယ်ရှိ ဘရာဇီးလ် လူငယ် တိုက်စစ် ကြယ်ပွင့်လေး ရိုဒရီဂို ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ အထောင် တိုက်စစ် နေရာမှာ သာမက တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သူ ဖြစ်တာကြောင့်လည်း မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာရဲ့ အလိုအရှိဆုံး ကစားသမား တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တချို့သော သတင်းတွေရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းကို အသင်းမှာ ရေရှည် ထိန်းသိမ်းထားဖို့ မလွယ်ကူတာကြောင့် ရိုဒရီဂိုကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မန်စီးတီးရဲ့ တိုက်စစ်ကို ဦးဆောင်နေသူ ကတော့ အာလင်း ဟာလန်း ဖြစ်ပြီးတော့ နော်ဝေသားဟာ စီးတီး အတွက် ပြိုင်ပွဲစုံ ၁၁၃ ပွဲ ကစားပြီး ၁၀၄ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ဟာလန်းဟာ မန်စီးတီးနဲ့ ပွဲဦးထွက်ရာသီမှာ ၅၃ ပွဲ ကစားပြီး ၅၂ ဂိုး သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီ မှာတော့ ၄၅ ပွဲ ကစားပြီး ၃၈ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဟာလန်းက ၁၅ ပွဲ ကစားထားရာမှာ ၁၄ ဂိုး သွင်းယူထားပါတယ်။

သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းကို ရီးရဲလ်မက်ဒရစ်က ယူရို သန်း ၂၀၀နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်းလည်း သိရပါတယ်။
ဟာလန်းကိုလည်း ယူရို သန်း ၂၀၀ နဲ့ ပြန်လည် ခေါ်ယူချင်နေတဲ့ ရိုဒရီဂို

ရိုဒရီဂို ကတော့ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူပေးထားပါတယ်။ ရိုဒရီဂို ကတော့ ဘရာဇီးလ် ကလပ် ဆန်းတို့စ်မှာ ကစားဘဝကို စတင်ခဲ့ပြီးတော့ ၂၀၂၀ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ် အကယ်ဒမီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရိုဒရီဂို အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ရောက်ရောက်ချင်းမှာပဲ အလားအလာ ရှိတဲ့ ခြေစွမ်းကောင်းတွေ ပြသနိုင်တာကြောင့် စီနီယာ အသင်းကြီး အတွက် ချက်ချင်းဆိုသလိုပဲ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ် အတွက် ၆ ရာသီ ဆက်တိုက် ပါဝင် ကစားထားခဲ့ပြီး ပွဲပေါင်း ၂၃၀ အထိ ကစားကာ ၅၇ ဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ဒီရာသီမှာ အသင်းထံ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရောက်ရှိလာမှုနဲ့ အတူ ရိုဒရီဂိုဟာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလို ရာသီအစကလည်း အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းကို ရီးရဲလ်မက်ဒရစ်က ယူရို သန်း ၂၀၀နဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်