နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ပျက်စရာ ခြေစွမ်းကြောင့် မန်စီးတီးရဲ့ ဂိုးပြတ် နှိပ်စက်ခြင်းကို ခံလိုက်ရတဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၄-၁ မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၄-၁ ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ်လို့ ဆိုပေမယ့် ခြေစွမ်းပိုင်း ကွာဟချက် မြင့်မားခဲ့ပြီး မန်စီးတီး အနေနဲ့ ပွဲချိန် အများစု ယူနိုက်တက် ကွင်းဘက်ခြမ်း အထိကို တက်ဖိပြီး တစ်ဖက်သတ် ဆန်ဆန် ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာ အထိ ရောက်ရှိသွားခဲ့ပြီး အဓိက ပြိုင်ဘက် အာဆင်နယ်ထက် ၃ ပွဲ ပိုကစားထားတဲ့ အခြေအနေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ဆင်းခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ပွဲမှာ မန်စီးတီး နည်းပြ ပပ်ဂွာဒီယိုလာ အနေနဲ့ ဖေးလ်ဖိုဒန်ကို False 9 နေရာထား ကစားစေခဲ့ပြီး တောင်ပံ နှစ်ဖက်မှာ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်ကို ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ ရိုဒရီ၊ ဆေးလ်ဗား၊ ကီဗင် ဒီဘရိုင်းနား၊ ကန်ဆယ်လို၊ လာပေါ့တ်၊ စတုန်းစ်၊ ဝေါလ်ကာ၊ အီဒါဆင်တို့ပဲ ပါဝင်လာခဲ့ပါတယ်။ ရန်းညက်ခ် အသင်းရဲ့ လူစာရင်းမှာ အဓိက တိုက်စစ်မှူး ခရစ္စတီယာရော်နယ်ဒို ပါဝင်လာခဲ့ခြင်း မရှိပဲ တိုက်စစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ အီလန်ဂါ၊ ဂျေဒန်ဆန်ချို၊ ကွင်းလယ်မှာ ပေါ့ဘာ၊ ဖရက်ဒ်၊ မက်တော်မီနေး၊ ခံစစ်မှာ အဲလက်စ်တဲလက်စ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဝမ်ဘစ်ဆာခါ၊ ဂိုးမှာတော့ ဒါးဗစ် ဒက်ဟဲယားပဲ ပွဲထွက်လာခဲ့ပါတယ်။

ခြေစွမ်း အဆင့်အတန်း ကွာဟချက် ရှိခဲ့တာကြောင့် ပွဲစကတည်းက မန်စီးတီးတို့ပဲ ထိရောက်တဲ့ ခြေစွမ်းနဲ့ အခွင့်အရေး ဖန်တီးမှုတွေ ပြုလုပ်ပြီး ယူနိုက်တက်ရဲ့ ခံစစ်ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၅ မိနစ် မှာတင်ပဲ မန်စီးတီး တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပြီး ဆေးလ်ဗားရဲ့ ဖန်တီးပေးမှု ကနေ ဒီဘရိုင်းနားက သွင်းယူခဲ့ပါတယ်။ အဲ့နောက် ၂၂ မိနစ်မှာ ယူနိုက်တက်တို့ မထင်မှတ်ပဲ ချေပဂိုး ပြန်ရခဲ့ပြီး ဂျေဒန် ဆန်ချိုက လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာလေ ယူနိုက်တက် ခံစစ်က ဖရိုဖရဲ ဖြစ်လာခဲ့လို့ မန်စီးတီး တို့ တရစပ် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်နဲ့ ဒါးဗစ် ဒက်ဟဲယားတို့ အသည်းအသန် ခုခံနေတဲ့ကြားက ၂၈ မိနစ် မှာ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ဒီတစ်ကြိမ် မှာလည်း ဖိုဒန်ရဲ့ ကန်ချက်ကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို တိုက်စစ်ကို အသင့်ပါလာတဲ့ ဒီဘရိုင်းနားက အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့် ကီဗင်ဒီဘရိုင်းနား အနေနဲ့လည်း ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ ပြည့်တဲ့ ဘယ်ဂျီယံ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ယူနီယံ ဘာလင်
စတုဂတ်
1X2 သရေ @ 3.25
စတုဂတ် အာရှ ဟန်းဒီးကပ် 0.25 @ 2.17
ဂိုးပေါ် 2.50 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခံစစ် အားပြုကစားဖို့ ရည်ရွယ်ခဲ့တဲ့ ယူနိုက်တက်တို့ ဒုတိယပိုင်း မှာလည်း မန်စီးတီးရဲ့ ပွဲချိန်ပြည့် လွှမ်းမိုး ကစားတာကို ခံခဲ့ရပါတယ်။ အီလန်ဂါ နေရာမှာ လင်ဂတ်၊ ပေါ့ဘာ နေရာမှာ ရက်ရှ်ဖို့ဒ်တို့ ဝင်ရောက်လာခဲ့ပြီး တန်ပြန် တိုက်စစ် ကနေ ဂိုးရဖို့ မျှော်လင့်ခဲ့ပေမယ့် ထိထိရောက်ရောက် မကစားနိုင်ခဲ့လို့ ၆၈ မိနစ်နဲ့ မိနစ် ၉၀ တို့မှာ မန်စီးတီးကို ၂ ဂိုး ထပ်ပေးခဲ့ရပါတယ်။ နှစ်ဂိုးစလုံး ကို မားရက်ဇ် တစ်ဦးတည်းကပဲ အားပါကောင်းမွန်တဲ့ ကန်ချက်တွေနဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပြီး ဒက်ဟဲယား လည်း ဘယ်လိုမှ မတတ်နိုင်ပဲ သွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အားမနာတမ်း ပြောရရင် မန်ချက်စတာယူနိုက်တက်တို့ ဒီနေ့ပွဲမှာ စိတ်ဓာတ်မရှိ၊ ခြေစွမ်း မရှိ၊ ဖြစ်သလို ပြီးစလွယ် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတို့ ခြေစွမ်းကောင်းခဲ့တယ် ဆိုတာထက် ယူနိုက်တက်ရဲ့ စုတ်ပြတ်သတ်နေတဲ့ ကစားပုံကြောင့် သက်တောင့်သက်သာ အနိုင်ရသွားခဲ့တယ် လို့တောင် ပြောလို့ ရပါတယ်။ အဆိပ် မရှိတဲ့ တိုက်စစ်၊ ဖရိုဖရဲ ဖြစ်လွန်းတဲ့ ခံစစ်နဲ့ ပေါ့ဘာ တစ်ဦးတည်း မန်စီးတီး ကွင်းလယ်ကို ယှဉ်ကစားခဲ့ရတာ တွေက ယူနိုက်တက်ကို ဂိုးပြတ် ရှုံးပွဲတွေ့သွားစေခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာ အနေနဲ့ ဗျူဟာပိုင်းမှာ သိပ်ပြီး အားထုတ်စရာ မလိုခဲ့တဲ့ အထိ မန်စီးတီး အတွက် လွယ်ကူလွန်းခဲ့ပြီး ကစားသမားတွေရဲ့ ပုံမှန် လုပ်အားနှုန်း နဲ့ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် ယူနိုက်တက်တို့ ဒုတိယပိုင်းမှာ ဖန်တီးမှုရော၊ ကန်သွင်းမှုရော ၀ ကြိမ် ဖြစ်ခဲ့ပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့လည်း ဂိုးပေါက်တည့် ကန်ချက် ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါဟာ နောက်ဆုံး ၅ နှစ်အတွင်း အဆိုးဆုံး ခြေစွမ်းလို့ ဆိုနိုင်ပြီး အဲ့ထက် ပိုဆိုးတာက‌ နောက်ဆုံး ၁၀ မိနစ် အတွင်း မန်စီးတီးတို့ ပေးပို့မှု အကြိမ် ၁၂၀ ပြုလုပ်နိုင်ခဲ့ချိန်မှာ ယူနိုက်တက် ကတော့ ၁၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ မန်စီးတီး ကွင်းလယ်က ရိုဒရီတောင် နောက်ဆုံး ၁၀ မိနစ် အတွင်း ပေးပို့မှု ၁၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ဂိုးကန်သွင်းခံရမှု အကြိမ် ၁၄၀ အထိ ရှိလာခဲ့ပြီး ပိုများတဲ့ အသင်း ဆိုလို့ လိဒ်စ်ယူနိုက်တက်၊ နော့ဝှစ်ချ်စီးတီးနဲ့ ဘရန့်ဖို့ဒ် တို့ပဲ ရှိပါတယ်။

မန်စီးတီးတို့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် ဖိအားကို အတိုင်းအတာ တစ်ခု အထိ လျှောချနိုင်ခဲ့ပြီး ဒီပွဲကို စောင့်ကြည့်နေတဲ့ လစ်ဗာပူးလ် အတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာ အထိ ရောက်ရှိသွားခဲ့ပြီး အဓိက ပြိုင်ဘက် အာဆင်နယ်ထက် ၃ ပွဲ ပိုကစားထားတဲ့ အခြေအနေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီးတို့ လာမယ့် မတ်လ ၁၀ ရက်နေ့မှာ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ ကစားဖို့ ရှိပြီး မန်ချက်စတာယူနိုက်တက် ကတော့ မတ်လ ၁၃ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်