နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇီယက်ဇီးကို ခေါ်ယူနိုင်ဖို့ တော်တော်လေး နီးစပ်နေပြီ ဖြစ်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဘိုလော့ဂ်နာ အသင်းရဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဂျော်ရွှာ ဇီးယက်ဇီးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး အပြီးသတ် ခေါ်ယူနိုင်ဖို့ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ တိုက်စစ်မှူး တစ်ဦးကို ရှာဖွေလျက် ရှိပြီး စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အန်တိုနီ မာစီရယ် နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန် လူငယ် ကြယ်ပွင့်လေး ဖြစ်တဲ့ ဇီယက်ဇီးကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်ကတည်းက စပြီး ယူနိုက်တက်ဟာ သူတို့ရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်ခဲ့ပြီး နယ်သာလန် ကစားသမားကို ခေါ်ယူဖို့ အတွက် အေစီမီလန်နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဇီယက်ဇီးဟာ အစောပိုင်းမှာ ဆန်စီရိုကို ပြောင်းရွှေ့ဖို့ ဦးတည်နေခဲ့ပေမယ့် အခုအခါမှာတော့ အပြောင်းအရွှေ့ ဇာတ်လမ်းက အလှည့်အပြောင်း ဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ပိုမိုအလားအလာ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

The Athletic က ဒေးဗစ် အွန်စတိန်းက အသက် ၂၃ နှစ် အရွယ် ကစားသမား ဇီယက်ဇီးကို ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ခေါ်ယူဖို့ အတွက် နီးကပ်လာနေပြီလို့ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဇီယက်ဇီးကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့သလို အေးဂျင့် အခကြေးငွေတွေနဲ့ ပတ်သက်လို့လည်း သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဇီယက်ဇီးကို စာချုပ် ဖျက်သိမ်းကြေး ပေါင် ၃၄ သန်း ပေးချေကာ ခေါ်ယူခွင့် ရှိနေပေမယ့် ဒီထက် ပိုများတဲ့ ပမာဏနဲ့ ဘိုလော့ဂ်နာထံ ချဉ်းကပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဇီယက်ဇီးဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် နယ်သာလန် အသင်း အတွက် အရွေးချယ်ခံထားရပေမယ့် လက်ရှိအချိန်ထိတော့ ရော်နယ် ကိုးမန်းရဲ့ အသင်းမှာ ရေရေရာရာ ပွဲထွက်ကစားခွင့်တော့ မရသေးပါဘူး။ ဒီယူရိုမှာ သုံးမိနစ်သာ ကစားခွင့်ရထားခဲ့တဲ့ ဇီယက်ဇီးဟာ ခြေစွမ်းအတက်အကျ မမှန်တဲ့ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းနေရာ အတွက် Back Up အနေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ရော်နယ် ကိုးမန်း ကတော့ ယူနိုက်တက်မှာ အငှားနဲ့ ကစားခဲ့တဲ့ ဝတ် ဗက်ဟော့စ်ကိုသာ အသုံးပြုနေတာ ဖြစ်ပါတယ်။

ဇီယက်ဇီးကို ခေါ်ယူနိုင်ဖို့ အတွက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ကစားသမားနဲ့ တိုက်ရိုက် ကစားပြောဆိုမှုတွေ ရှိထားတယ်လို့ သိရပါတယ်။ လက်ရှိ အသက် ၂၃ နှစ် အရွယ် ဒီကစားသမားလေးဟာ ဘေယန်မြူးနစ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ် စီနီယာ အသင်းကြီးနဲ့ ပွဲဦးထွက်ရာသီမှာ ၁၇ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယအသင်းဆီ ဆင်းကစားခဲ့ရပါတယ်။ အဲ့နောက် ဂျာမန် ကလပ်က ဇီယက်ဇီးကို ပါးမား၊ အန်ဒါလက်ချ် တို့ဆီ အငှားချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လ မှာတော့ စီးရီးအေ ကလပ် ဘိုလော့ဂ်နာဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ဇီယက်ဇီးဟာ အီတလီမြေမှာတော့ ပတ္တမြား မှန်လို့ နွံမနစ်ကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇီးယက်ဇီးဟာ ပြီးခဲ့တဲ့ ရာသီက ဘိုလော့ဂ်နာ အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၁ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမားရဲ့ ခြေစွမ်းကို မျက်စိကျခဲ့တဲ့ ရော်နယ် ကိုးမန်းက နယ်သာလန် လက်ရွေးစင် အသင်းကြီး အတွက် ရွေးချယ်ခဲ့ပေမယ့် ပွဲထွက် ကစားခွင့်တော့ ပေးထားခြင်း မရှိသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်