အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ အက်တီဟတ်မှာ တွေ့ဆုံ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ မန်စီးတီးက နောက်ခံလူသစ် ကူဆာနော့ဗ်ရဲ့ အမှား ကနေ ဦးဆောင်ဂိုး စောစောစီးစီး ခွင့်ပြုပေးခဲ့ရပေမယ့် အကောင်းဆုံး ပြန်လာနိုင်ခြင်းနဲ့ အတူ ၃-၁ ရလဒ်နဲ့ ချဲလ်ဆီးကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ပပ် ဂွါဒီယိုလာက အသစ် ခေါ်ယူထားခဲ့တဲ့ ကစားသမား နှစ်ဦးစလုံးကို ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားခဲ့ပြီးတော့ ဂဗာဒီယိုလ်၊ ဆေးလ်ဗား၊ ဖိုဒန်၊ ဂွန်ဒိုအန်၊ ဟာလန်း တို့ ပါဝင်တဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီး ဘက်ကလည်း ဂျက်ဆန်၊ ဆန်ချို၊ ပါးလ်မား၊ မာဒူခေး၊ အန်ဇို၊ ကိုင်စီဒို၊ ကိုးလ်ဝဲလ်၊ ချာလိုဘာ၊ ကူကာရယ်လာ၊ ဂျိမ်းစ်၊ ဆန်းချက်ဇ် တို့နဲ့ မန်စီးတီးကို ရင်ဆိုင်ခဲ့ပါတယ်။
ပွဲစကတည်းက အပြန်အလှန် ရှိခဲ့ပြီး အိုမာ မာမွတ်ရှ်ရဲ့ စောစောစီးစီး ကန်ချက်ကို ဆန်းချက်ဇ် ကာကွယ်ခဲ့လို့ မန်စီးတီးတို့ ဦးဆောင်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ အဲဒီနောက် နောက်တန်းက ဥဇဘက်ကစ္စတန် ကစားသမား ကူဆာနော့ဗ် အီဒါဆန်ကို ပြန်ပေးရာမှာ အမှားပြုလုပ်ခဲ့မိတာကို ဂျက်ဆန်နဲ့ မာဒူခေးက အခွင့်ကောင်းယူကာ ဦးဆောင်ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲဒီနောက် တန်ပြန် တိုက်စစ် ကနေ ပါးလ်မား ဆွဲပြေးပြီး ဂျက်ဆန်ကို ခင်းပေးရာမှာ ကြန့်ကြာနေတဲ့ အတွက် ချဲလ်ဆီးတို့ ဒုတိယ အကြိမ် ရတဲ့ အခွင့်အရေးကို ဖြုန်းတီးသလို ဖြစ်ခဲ့ပါတယ်။ ဒီနောက် ဖိုဒန်ရဲ့ ကန်ချက် တိုင်ထိခဲ့လို့ ချဲလ်ဆီးတို့ ကံကောင်းခဲ့ဖို့ ဂဗာဒီယိုလ်ရဲ့ အဆုံးသတ် တချို့လည်း အနည်းငယ် လွဲချော်နေခဲ့လို့ ဂိုးမရခဲ့ပါဘူး။
ပွဲချိန် ၄၂ မိနစ် အရောက် မှာတော့ ဂွန်ဒိုအန်ရဲ့ ကန်တင် ပေးပို့မှု ကနေ မားသီးယက်စ် နူညက်စ် ကန်သွင်းခဲ့တာကို ဆန်းချက်ဇ် ပုတ်ထုတ်ခဲ့ပေမယ့် တိုက်စစ် လိုက်ပါလာတဲ့ ဂဗာဒီယိုလ်က ကန်သွင်းသွားခဲ့လို့ မန်စီးတီး ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၆၀ လောက် အထိ နှစ်သင်းစလုံး အပြန်အလှန် ကစားရင်း အချိန်ကုန်ခဲ့ပေမယ့် ၆၈ မိနစ် မှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဟာလန်းက ဆန်းချက်ဇ် ရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ဧရိယာထိပ် ကနေ လှမ်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရတာကြောင့် ချဲလ်ဆီးတို့ တစ်သင်းလုံး ရှေ့တက်နေရာ ကနေ မန်စီးတီးက အခွင့်ကောင်းယူပြီး အနိုင်သေချာစေမယ့် ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အီဒါဆင် ကန်တင်ပေးလိုက်တာ ကနေ ဒီဘရွန်းနား နောက်ပြန် ခေါင်းတိုက်ချပေးပြီး ဟာလန်း ပြန်ခင်းပေးလိုက်တာကို ဖိုဒန်က ဆွဲပြေးကာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ မန်စီးတီးက အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ၃-၁ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရခဲ့ပါတယ်။
ဒီနိုင်ပွဲနဲ့ အတူ မန်စီးတီးက ရမှတ် ၄၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်ယူနိုင်ခဲ့ပြီး ဖောရက်စ်ကို ၃ မှတ် အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိကာ ဘုန်းမောက်နဲ့လည်း ရမှတ်တူ၊ ဂိုးကွာခြားချက်လည်း တူသွားခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့် ပွဲစဉ် အဖြစ် ကလပ် ဘရုဂေးနဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ အင်္ဂါနေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.