မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီးက ဘုန်းမောက်ရဲ့ ဗိုက်တယ်လတီကွင်းမှာ ဘုန်းမောက်ကို ၂-၁ ရလဒ်နဲ့ မထင်မှတ်ပဲ ရှုံးနိမ့်သွာခဲ့ပါတယ်။ မန်စီးတီးဟာ ဘုန်းမောက်ရဲ့ ကောင်းမွန်လှတဲ့ ကစားအားကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲနဲ့ ဆီမီညို၊ အီဗန်နယ်လ်ဆင် တို့ရဲ့ သွင်းဂိုးတွေကြောင့် ဒီရာသီ အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အခုပွဲစဉ် မတိုင်ခင် ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ရှုံးပွဲ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီး ပွဲပန်းမှု ဒဏ်နဲ့လည်း ရင်ဆိုင်နေရတဲ့ မန်စီးတီးဟာ ဘုန်းမောက်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပပ် ဂွာဒီယိုလာရဲ့ အသင်းဟာ အခုပွဲ မတိုင်ခင်ကလည်း စပါးကို ခါရာဘောင်ဖလား မှာ ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလား တစ်လုံး လက်လွှတ်ထားခဲ့ရပြီး ဖြစ်ပါတယ်။ အခု ရှုံးပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲရှုံး ရမှတ် ၂၃ မှတ်နဲ့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၂ မှတ် ကွာဟသွားခဲ့ပါတယ်။
အန်ဒွန်နီ အိုင်ရာအိုလာရဲ့ ဘုန်းမောက် ကတော့ နောက်ဆုံး ၃ ပွဲမှာ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ မန်စီးတီး တိုလို ထိပ်တန်း အသင်းတွေနဲ့ ဆက်တိုက် ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘုန်းမောက်က အာဆင်နယ်နဲ့ မန်စီးတီး တို့ကို အိမ်ကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သလို အက်စတွန်ဗီလာ ကိုလည်း ဗီလာပါ့ခ်မှာ သရေ ရအောင် ကစားနိုင်ခဲ့ပါတယ်။ မနေ့ညက ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။
ဂွာဒီယိုလာက “ဘုန်းမောက် ကစားသမားတွေရဲ့ ပြင်းထန်တဲ့ ကစားအားကို ကျွန်တော်တို့ အသင်းသားတွေ မယှဉ်နိုင်ခဲ့ပါဘူး။ long balls တွေနဲ့ ကစားလာတဲ့ အခြေအနေမျိုးမှာ ကျွန်တော် တို့က အဲ့ဒါကို မကိုင်တွယ်နိုင်ဘဲ ဒီလို ဖြစ်နေချိန်မှာ ဆီမီညိုနဲ့ တခြား တိုက်စစ်မှူးတွေဆီ ဘောလုံး ရောက်သွားပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ဘက်က ခံစစ်ကို ပိုပြီး လေးလေးနက်နက် ကစားခဲ့ရမှာပါ။ ကျွန်တော် တို့က build up ကစားဖို့ ရုန်းကန်ခဲ့ရသလို စည်းစနစ်တကျလည်း မကစားနိုင်ပါဘူး။ သူတို့ရဲ့ ကစားပုံက ကျွန်တော် တို့ထက် မြင့်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဒါကို သေချာ မကိုင်တွယ်နိုင်လိုက်ပါဘူး။ အရင်တုန်း ကတော့ ဒီလို အခြေအနေကို ကိုင်တွယ်နိုင်ခဲ့ပေမယ့် ဒီပွဲ မှာတော့ မလုပ်နိုင်ခဲ့ဘူး။ တခါတရံမှာ ကိုယ့် ပြိုင်ဘက်တွေက ကိုယ့်ထက် ပိုကောင်းနေတဲ့ အခါမျိုးမှာ ဒါကို လက်ခံသွားရမှာပါ။”လို့ ပြောဆိုသွားခဲ့ပါတယ်။
ဘုန်းမောက်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် ၁၅ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.