အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၈ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ချဲလ်ဆီး ကြယ်ပွင့် အက်စတီဗာအိုကို ယူရို ၁၂၀ သန်း (ပေါင် ၁၀၄.၈ သန်း၊ ဒေါ်လာ ၁၃၉.၈ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က ဘရာဇီးလ်သားကို ချဲလ်ဆီးမှာ ရရှိနေတဲ့ လုပ်ခ လစာထက် နှစ်ဆတိုး ပေးဖို့ ဆန္ဒရှိနေပါတယ်။ တစ်ဖက်မှာ ချဲလ်ဆီး ကလည်း သူတို့ရဲ့ ထိပ်တန်း ကြယ်ပွင့်လေးကို ရောင်းချဖို့ ပြင်းပြင်းထန်ထန် ငြင်းဆန်ထားကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် အီဒါဆန်က အတ္တလန္တာနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် သူ့ရဲ့ ယူရို ၅၀ သန်း (ဒေါ်လာ ၄၃.၈ သန်း၊ ဒေါ်လာ ၅၈.၂ သန်း) တန်ကြေးက လျော့ကျသွားခဲ့ပါတယ်။ ဒီဘရာဇီးလ် ကွင်းလယ် ကစားသမားကို ဂျူဗင်တပ်စ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
မိုဟာမက် ဆာလာ ကတော့ အသင်းနဲ့ ပြဿနာတွေ ရှိနေပေမယ့်လည်း လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ တောင်းဆိုထားခြင်း မရှိကြောင်း သိရပါတယ်။ အဲဒီအစား ဆာလာရဲ့ မှတ်ချက်ပေး ပြောစကားတွေဟာ အာနေး ဆလော့တ် ထုတ်ပယ်ခံရဖို့ ဖိအားပေး ကြိုးပမ်းမှု တစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ ဒတ်ချ် နည်းပြ ရာထူး ကနေ နှုတ်ထွက်ခဲ့ရင်တော့ စတီဗင် ဂျာရတ်က ယာယီ နည်းပြ အဖြစ် ဝင်ရောက်ဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။
ဂါလာတာဆာရေးက ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း တစ်သင်း အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရပါတယ်။ တူရကီ ထိပ်သီး တို့ဟာ အန်ဖီးလ်မှာ မပျော်ရွှင်တဲ့ လစ်ဗာပူးလ် ကြယ်ပွင့်ကို တစ်နှစ်လုပ်ခ ဒေါ်လာ ၂၀ သန်း အထိ ပေးချေဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်ဟီလာနဲ့ အဲလ် အစ်တီဟတ် တို့ကတော့ ဆာလာကို အဓိက စိတ်ဝင်စားတဲ့ ကလပ်တွေ အဖြစ် ပေါ်ထွက်လျက် ရှိပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ လာမယ့် ဇန်နဝါရီမှာ ပြောင်းရွှေ့ကြေး ယူရို ၈၀ မှ ၁၀၀ သန်း (ပေါင် ၆၉.၉ မှ ၈၇.၃ သန်း၊ ဒေါ်လာ ၉၃.၂ မှ ၁၁၆.၅ သန်း) အကြားနဲ့ ကမ်းလှမ်းလာနိုင်ပါတယ်။
ဘေယန်မြူးနစ်တို့ မာ့ခ် ဂူဟီကို ခေါ်ယူနိုင်ဖို့ ဟယ်ရီကိန်းက အေးဂျင့် အဖြစ် အကူအညီပေးနေတယ်လို့ သိရပါတယ်။ အင်္ဂလန် နောက်ခံလူ ကိုတော့ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် တို့က ခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဘရက်ဒ်လေ ဘာကိုလာရဲ့ အပြောင်းအရွှေ့ တိုက်ပွဲထဲကို ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ဂန်းနားတွေဟာ လစ်ဗာပူးလ်က အသည်းအသန် စိတ်ဝင်စားနေတဲ့ ဒီကစားသမားကို လက်ဦးမှု ရယူကာ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ယူနိုက်တက် ကတော့ ချဲလ်ဆီးမှာ အနာဂတ် မရှိတော့တဲ့ အက်ဆဲလ် ဒီဆာဆီကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ငှက်ကြားတွေ ကတော့ ဒီကစားသမားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက် ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဂါလာတာဆာရေးနဲ့ ဂျူဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားနေပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ကြံ့ခိုင်မှု အားနည်းတဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို ခေါ်ယူဖို့ အတွက် ရိုးမားက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ လက်ရှိ ရိုးမား တိုက်စစ်မှာ အာတမ် ဒိုဗစ်ခ်နဲ့ အီဗန် ဖာဂူဆန်တို့ ရှိနေပေမယ့် ဇစ်ခ်ဇီးနဲ့ အတူ တိုက်စစ်အင်အား ပိုမို တောင့်တင်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


