နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆောင်းရာသီ ဈေးကွက်မှာ ပေါင်သန်း ၂၀၀ သုံးပြီး ကစားသမားတွေ ဆက်လက် ခေါ်ယူဖို့ ရှိနေသေးတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ အသင်း ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ မန်စီးတီး လက်ရှိ အပြောင်းအရွှေ့ ကာလ အတွက် ပေါင် သန်း ၂၀၀ အထိ အသုံးပြုသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ 

မန်စီးတီးဟာ လက်ရှိ ရာသီမှာ အရင်နှစ်တွေနဲ့ မတူပဲ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်မှာ ကစားသမားသစ် အများအပြား ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးက ပထမဦးဆုံး ခေါ်ယူခဲ့တဲ့ ကစားသမား ကတော့ အသက် ၂၀ အရွယ် ဥဇဘက်ကစ္စတန် ဗဟိုခံစစ် ကစားသမား အက်ဘ်ဒူကိုဒီရာ ကူဆာနော့ဗ် ဖြစ်ပါတယ်။ ဒီကစားသမားလေး အတွက် မန်စီးတီးက လန်းစ်ကို ပေါင် ၃၃.၆ သန်း ပေးချေခဲ့ရပါတယ်။ ကူဆာနော့ဗ်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရမယ့် ပထမဦးဆုံး ဥဇဘက်ကစ္စတန် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကူဆာနော့ဗ်ဟာ အသက်အရွယ် ငယ်ရွယ်သေးပေးမယ့် လန်းစ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို မန်စီးတီး ကလည်း သွေးသစ်လောင်းဖို့ အကြံအစည်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ကူဆာနော့ဗ်က မန်စီးတီးနဲ့ ပထမဦးဆုံး အင်တာဗျူးမှာ “မန်စီးတီးက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေနဲ့ ပြည့်နှက်နေတဲ့ အသင်း တစ်သင်းပါ။ သူတို့နဲ့ ဆုံတွေ့ဖို့၊ သူတို့နဲ့ အတူတူ တွဲကစားခွင့်ရဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ပြီးတော့ ဂွါဒီယိုလာ ကလည်း အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက် ဖြစ်ပြီးတော့ သူ့ဆီက သင်ယူဖို့ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ မန်စီးတီးလို ထိပ်တန်း အသင်း တစ်သင်းနဲ့ လက်တွဲခွင့်ရတာဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အတွက် အလွန်ကို ဂုဏ်ယူစရာ ကောင်းတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဒီကစားသမား ကိုလည်း ပရီးမီးယားလိဂ် ကလပ်က ၅ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်းလည်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။
လန်းစ် အသင်းရဲ့ ဗဟိုခံစစ်မှူး တစ်ဦးကို ထပ်မံ ခေါ်ယူသွားဦးမယ့် မန်စီးတီး

မန်စီးတီးဟာ ကူဆာနော့ဗ်ကို ခေါ်ယူ အပြီးမှာတော ဘရာဇီးလ် ကလပ် ပါလ်မီးရက်စ်ရဲ့ အသက် ၁၉ နှစ် အရွယ် ဘရာဇီးလ် ဗဟိုခံစစ်မှူးလေး ဗစ်တာ ရိစ်ကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားလေး အတွက် မန်စီးတီးက ယူရို ၃၅ သန်း ပေးချေခဲ့ရပြီး ၅ နှစ် စာချုပ်လည်း ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွေမှာ ကစားသမားသစ် ခေါ်ယူမှု အတွက် ငွေသိပ်မသုံးတတ်တဲ့ အသင်း ဖြစ်ပေမယ့်လည်း ဒီနှစ် မှာတော့ အသင်းက ကစားသမား လိုအပ်ချက်တွေ ရှိနေတာကြောင့် ပေါင် သန်း ၂၀၀ အထိ သုံးစွဲဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

မန်စီးတီး ပိုင်ရှင်တွေက အသင်း နည်းပြ ပပ် ဂွါဒီယိုလာကို ကစားသမားတွေ စိတ်ကြိုက် ခေါ်ယူ အားဖြည့်ခွင့်ပေးထားပြီး မကြာခင် မှာလည်း ဖရန့်ဖတ်က အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို တရားဝင် ခေါ်ယူနိုင်ကြောင်း ကြေညာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဒီကစားသမား ကိုလည်း ပရီးမီးယားလိဂ် ကလပ်က ၅ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေကြောင်းလည်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။ 

သတင်းတွေအရ ဆိုရင် မန်စီးတီးက ခံစစ် ကစားသမား နှစ်ဦး ခေါ်ယူထားသည့် တိုင်အောင် တတိယမြောက် ဗဟိုခံစစ် ကစားသမား အဖြစ် လန်းစ် အသင်း ကပဲ ဂျူးမား ဘာ့ချ်ကို ထပ်မံ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။ ဒါ့အပြင် အသင်း ကနေ ထွက်ခွာဖို့ များနေတဲ့ ကိုင်လ် ဝေါလ်ကာရဲ့ နေရာမှာ အစားထိုးဖို့ ဂျူဗင်တပ်စ်က ကမ်ဘီယာဆို ကိုလည်း ကြိုးပမ်းနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်