နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာစီးတီး – လစ်ဗာပူးလ် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – လစ်ဗာပူးလ်

အခုတစ်ပတ် စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု အတွက် အဆုံးအဖြတ် ပွဲစဉ် ဖြစ်သွားနိုင်လို့ ကမ္ဘာ့အကောင်းဆုံး နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်း အားပြိုင်မှုနဲ့ အတူ ဗိုလ်လုပွဲ တမျှ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် ကျိန်းသေပေါက် မြင်တွေ့ရဖို့ ရှိနေပါတယ်။

လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးရဲ့ ချန်ပီယံဆု ကာကွယ်ရေး အတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ တစ်မှတ် ရရင်တောင် မန်စီးတီးတို့ သရဖူကို ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်ပေမယ့် ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ အသင်းက သရေရလဒ် အတွက် ဦးတည် ကစားတတ်တဲ့ အသင်း မဟုတ်ပါဘူး။ ပြိုင်ပွဲစုံ ၅ ပွဲမှာ သရေ ၂ ပွဲ ရှိခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားခဲ့ပါတယ်။ အက်ဖ်အေဖလားမှာ ဆောက်သမ်တန်ကို ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ထားသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ မှာလည်း အက်တလက်တီကိုမက်ဒရစ်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ အခုပွဲမှာလည်း ဂွာဒီယိုလာ အသင်းရဲ့ ထုံးစံ အတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပြိုင်ဘက် နောက်တန်းကို ပွဲချိန်ပြည့် ဖိအားပေးနိုင်ဖို့ ကြိုးစားလာဦးမှာ ဖြစ်ပါတယ်။ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား တို့ရဲ့ ကွင်းလယ်က ဖန်တီးမှုတွေနဲ့ အတူ မာရက်ဇ်၊ စတာလင် တို့ရဲ့ တောင်ပံ တိုက်စစ်တွေကို အားပြုကစားဖို့ပဲ ပြင်ဆင်လာမယ့် သဘော ရှိပါတယ်။ အခုပွဲ ကိုတော့ အဓိက ဗဟိုခံစစ်မှူး ရူဘင် ဒီးရာ့စ် လွဲချော်ဦးမှာ ဖြစ်ပြီး ကျန် အဓိက ကစားသမားတွေ အားလုံး ကတော့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – အီဒါဆင်၊ စတုန်းစ်၊ လာပေါ့တ်၊ ကန်ဆယ်လို၊ ဝေါလ်ကာ၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဆေးလ်ဗား၊ စတာလင်၊ မာရက်ဇ်၊ ဖိုဒန်

လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးရဲ့ ချန်ပီယံဆု ကာကွယ်ရေး အတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီး

ပြောရမယ် ဆိုရင် မန်စီးတီး အတွက်က သရေ တစ်မှတ် ရရုံနဲ့ အခြေအနေ ကောင်းသွားနိုင်ပေမယ့် လစ်ဗာပူးလ် အတွက် ကတော့ မဖြစ်မနေ အနိုင် ၃ မှတ် ရမှကို ဖြစ်မယ့်ပွဲ ဆိုရင်လည်း မမှားပါဘူး။ ၁၀ မှတ်ကျော် အကွာကနေ တောက်လျောက် လိုက်လာခဲ့ပြီးမှ တစ်ပွဲတည်းနဲ့တော့ ရင်အကွဲခံမှာ မဟုတ်လို့ ဂျာဂျင် ကလော့ပ် အနေနဲ့ နည်းဗျူဟာ ဝှက်ဖဲတွေကို အပြောင်မြောက်ဆုံး ထုတ်သုံးလာနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာပါ။ လစ်ဗာပူးလ်တို့ ပြိုင်ပွဲစုံမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေလို့ ခြေစွမ်းပိုင်းအရ အထွေအထူးတော့ ပြောစရာ မရှိပါဘူး။ မန်စီးတီး လိုပဲ ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်တတ်လို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားတတ်တဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပေမယ့် တကယ်တမ်းက လစ်ဗာပူးလ်ဟာ ခံစစ်ကနေ တိုက်စစ် အလျင်အမြန် ကူးပြောင်းပြီး ပြိုင်ဘက်ရဲ့ နောက်တန်းကို အစီအစဉ်တကျ ထိုးဖောက်တတ်တဲ့ အသင်း ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ကွင်းလယ်ကို အားပြုသယောင်နဲ့ ရော်ဘတ်ဆန်၊ အာနိုးလ် တို့ရဲ့ Full Back တွေက တစ်ဆင့် တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးနိုင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ရိုဘိုရော၊ အာနိုးလ်ပါ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှု အများဆုံး ကစားသမားတွေ ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် လစ်ဗာပူးလ်ရဲ့ တောင်ပံ နှစ်ဖက်ဟာ ပြိုင်ဘက်တိုင်းကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲ ဆိုတာ သိနိုင်ပါတယ်။ မန်စီးတီး လောက် အရန်အင်အား မတောင့်တင်းပေမယ့် လက်တလော အသင်းမှာ ဒဏ်ရာရကစားသမား ကင်းရှင်းနေတာက ကလော့ပ် အတွက်တော့ ဝမ်းသာစရာ ဖြစ်ပါတယ်။ မန်စီးတီး နောက်တန်းက ဖေမီနိုနဲ့ ဂျိုတာရဲ့ အကြောင်းကို ကောင်းကောင်း သိနေလို့ ကလော့ပ် အနေနဲ့ ဒီးရာ့ဇ်ကို မာနေး၊ ဆာလာ တို့နဲ့ တွဲဖက်ပေးဖို့ များပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာဖွယ် ရှိပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – အလီဆွန်၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ ဖာဘင်ဟို၊ သီယာဂို၊ ဟန်ဒါဆင်၊ လူးဝစ် ဒီးရာ့ဇ်၊ မာနေး၊ ဆာလာ

စီးရီးအေ
တိုရီနို
အေစီမီလန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု ၃၁ ကြိမ်မှာ မန်စီးတီးတို့ ၁၀ ကြိမ် အနိုင်ရထားပြီး လစ်ဗာပူးလ် ကတော့ ၁၃ ကြိမ် အနိုင်ရထားပါတယ်။ ၈ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားပြီး နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၂ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁ ကြိမ် နိုင်ထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ လစ်ဗာပူးလ် အိမ်ကွင်း ပွဲမှာတော့ အကြိတ်အနယ် ကစားပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ မန်စီးတီး အတွက် ၂.၁၄ ဆ၊ အတွက် ၃.၁၅ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ကမ္ဘာ့အကောင်းဆုံး နှစ်သင်း ဗိုလ်လုပွဲ တစ်ပွဲလို ထိပ်တိုက်တွေ့ဆုံ ကစားမယ့် ပွဲဖြစ်လို့ ပွဲအဖြေ ခန့်မှန်းရ ခက်လွန်းပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ထက် ပပ်နဲ့ ကလော့ပ်ရဲ့ နည်းဗျူဟာ တိုက်ပွဲကို မြင်တွေ့ရဖို့ ရှိပြီး အမှားနည်းတဲ့ အသင်းက အနိုင် ၃ မှတ် အပြည့်ရသွားမှာပါ။ အများစုက သရေရလဒ်ကို သဘောကျပေမယ့် စိတ်ဓာတ်ပိုင်းမှာ အနည်းငယ် ပိုမြင့်နေတဲ့ လစ်ဗာပူးလ်ကို အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။ သေချာတာ ကတော့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်