နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

Qualcomm နဲ့ ပေါင်သန်း ၆၀ တန် စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့တဲ့ မန်ယူနိုက်တက် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


Qualcomm နဲ့ ပေါင်သန်း ၆၀ တန် စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့တဲ့ မန်ယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ဟာ ၂၀၂၄-၂၀၂၅ ရာသီမှာ ရင်ဘတ် စပွန်ဆာ နေရာမှာ TeamViewer အစား ကမ္ဘာကျော် မိုဘိုင်းဖုန်း Chipset ထုတ်လုပ်သူ Qualcomm အမှတ်တံဆိပ်ကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ ဂျာမနီ အခြေစိုက် ကွန်ပျူတာ ဆော့ဖ်ဝဲလ်ကုမ္ပဏီ TeamViewer က စပွန်ဆာစာချုပ်ကို သက်တမ်းမတိုးချင်ကြောင်း ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ်ကတည်းက ရှပ်စပွန်ဆာအသစ်ကို ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။ TeamViewer ရဲ့ စပွန်ဆာ သဘောတူညီမှု စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ ရှိနေပေမယ့်လည်း နှစ်ဖက်စလုံးက စပွန်ဆာသစ် ရှာတွေ့ခဲ့ရင် မန်ယူနိုက်တက် အနေနဲ့ ၎င်းတို့ရဲ့ မူပိုင်ခွင့်ကို ပြန်လည် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိတယ်လို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ TeamViewer ကနေ တစ်နှစ်ကို စပွန်ဆာကြေး ပေါင် ၄၇ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Qualcomm နဲ့ တစ်နှစ်ကို ပေါင်သန်း ၆၀ ကျော် တန်ကြေး ရှိတဲ့ ရင်ဘတ် စပွန်ဆာ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 မန်ချက်စတာ ယူနိုက်တက် @ 2.13
ဂိုးအောက် 3.25 @ 1.90
ဂိုးပေါင်း 2-3 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သမိုင်းဝင် ခြေစမ်းပွဲမှာ တောက်ပခဲ့တဲ့ ဖိုဒန်နဲ့ ဘယ်လင်ဟမ်

အင်္ဂလန်ရဲ့ လူငယ် ကြယ်ပွင့်တွေဟာ အင်္ဂါနေ့ညက စကော့တလန်ကို ၃-၁ နဲ့ ဟမ့်ပ်ဒန်ပါ့ခ်မှာ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ တောက်ပခဲ့ကြပါတယ်။ ဖိုဒန်နဲ့ ဘယ်လင်ဟမ် တို့ရဲ့ လျင်မြန်တဲ့ သွင်းဂိုး ၂ ဂိုးက အင်္ဂလန်ကို ထိန်းချုပ်မှု ရရှိစေခဲ့တာ ဖြစ်ပြီး ဟယ်ရီ မက်ဂွိုင်းယားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပေမယ့်လည်း ဟယ်ရီ ကိန်းက အနိုင်သေချာစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် နိုင်ငံဟာ ပထမဆုံးသော နိုင်ငံတကာ ဘောလုံးပွဲ ကစားခဲ့တာ နှစ်ပေါင်း ၁၅၀ ပြည့် အထိမ်းအမှတ် အဖြစ်နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ကြတာ ဖြစ်ပါတယ်။ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်ခဲ့တဲ့ အင်္ဂလန်နဲ့ စကော့တလန်တို့ အတွက် ခြေစမ်းပွဲ ဆိုတာ မရှိခဲ့ဘဲ ပွဲစကတည်းက အကြိတ်အနယ် ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၃၂ မိနစ်မှာ ဖိုဒန်က ဝေါ်ကာရဲ့ အားပါတဲ့ ဖြတ်တင် ပေးပို့မှုကို အနီးကပ် ပိတ်သွင်းပြီး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မိနစ် အနည်းငယ်အကြာမှာ ၎င်းရဲ့ ဖြတ်တင်ဘောကို ရောဘတ်ဆန် ထိန်းသိမ်းရာမှာ မသေမသပ်ဖြစ်ခဲ့တာကြောင့် ဘယ်လင်ဟမ် ရသွားခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုး သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၇ မိနစ်မှာ ရောဘတ်ဆန်ရဲ့ ဖြတ်တင် ပေးပို့မှုကို လူစားဝင်ကစားပေးခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယား ရှင်းထုတ်ဖို့ ကြိုးပမ်းရာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် စကော့တလန်တို့ ချေပဂိုး ရသွားခဲ့ပြီး ပွဲစဉ်ထဲ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းက အနိုင်သေချာစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးပို့မှု ကနေ တဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။


ကိုယ့်ဂိုးကိုယ် သွင်းတဲ့ မက်ဂွိုင်းယားကို ကာကွယ်ပေးခဲ့တဲ့ ဆောက်ဂိတ်

မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက် အတွက် ယခုရာသီ ပရီးမီးယားလိဂ် မှာ လူစားဝင် ကစားသမား အဖြစ် ၂၃ မိနစ်သာ ပါဝင် ကစားပေးထားရပါသေးတယ်။
ပြစ်တင်ဝေဖန်မှုတွေ အောက်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဂွိုင်းယား

အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဆက်လက် ပါဝင်နေတဲ့ ဟယ်ရီ မက်ဂွိုင်းယား အပေါ် အလွန်အမင်း ရူးကြောင်ကြောင်နိုင်တဲ့ ဆက်ဆံပုံတွေကိုတော့ နည်းပြ ဆောက်ဂိတ်က ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဝေဖန် ပြစ်တင်မှုတွေဟာ မြင်ဖူးခဲ့သမျှထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ မန်ချက်စတာယူနိုက်တက် အတွက် ယခုရာသီ ပရီးမီးယားလိဂ် မှာ လူစားဝင် ကစားသမား အဖြစ် ၂၃ မိနစ်သာ ပါဝင် ကစားပေးထားရပါသေးတယ်။ မက်ဂွိုင်းယားဟာ စနေနေ့က ယူကရိန်းနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့သလို အင်္ဂါနေ့ညက စကော့တလန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲ မှာလည်း လူစားဝင် ကစားသမား အဖြစ်နဲ့ မိနစ် ၃၀ ခန့် ပါဝင်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ ဟမ့်ပ်ဒန်ပါ့ခ်မှာ အင်္ဂလန် ပရိသတ်တွေ ဆီကနေ လှောင်ပြောင်မှုတွေ ရရှိခဲ့တာ ဖြစ်ပြီး ကံဆိုးစွာနဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ အတွက် အညှာအတာ ကင်းမဲ့တဲ့ လှောင်ပြောင်မှုတွေကို အလူးအလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန် ပရိသတ်တွေနဲ့ သံယောင်လိုက်ပြီး မက်ဂွိုင်းယားကို လှောင်ပြောင်ခဲ့ကြတဲ့ စကော့တလန် ပရိသတ်တွေကို အပြစ်မမြင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် နောက်ခံလူ အပေါ် မီဒီယာတွေနဲ့ အင်္ဂလန် ပရိသတ်တွေ ကိုယ်တိုင် ပြစ်တင် ဝေဖန်မှုတွေ ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်