ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟာ စီးရီးအေ ကလပ်နဲ့ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၂ ခုနှစ် ကလည်း ရာဘီယော့တ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လုနီးပါး ဖြစ်ခဲ့ပေမယ့် လစာ ကိစ္စ ညှိနှိုင်းလို့ အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ခဲ့တာ ဖြစ်ပါတယ်။ ရာဘီယော့တ်ရဲ့ အေးဂျင့်ဟာ သူ့ရဲ့ မိခင် ကိုယ်တိုင်ပဲ ဖြစ်ပြီး သားဖြစ်သူ အတွက် မြင့်မားတဲ့ လုပ်ခလစာ တောင်းဆိုခဲ့တာကြောင့် ယူနိုက်တက်နဲ့ အဆင်မပြေ ဖြစ်ခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ် ပစ်မှတ် ကစားသမားဟာ ဘာစီလိုနာက ဖရန်ကီ ဒီယောင် ဖြစ်ပြီး ရာဘီယော့တ် ကတော့ ဒုတိယ ဦးစားပေး ဖြစ်ပါတယ်။ တန်ဟက်ဂ် အနေနဲ့ သူအရမ်း သဘောကျခဲ့တဲ့ ဒီယောင်ကို မခေါ်ယူနိုင်ခဲ့တဲ့ နောက် ရာဘီယော့တ်ကို ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့် ကျန်အပိုင်းတွေမှာ အဆင်ပြေပေမယ့် လုပ်ခလစာ အပိုင်းမှာ သဘောတူညီမှု မရတာကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီတုန်း ကလည်း ရာဘီယော့တ်နဲ့ ဂျူဗင်တပ်စ်တို့ သက်တမ်း မတိုးခင် ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေက အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း အသက် ၂၉ နှစ် အရွယ် ကွင်းလယ်လူက တူရင် ကလပ်နဲ့ပဲ တစ်နှစ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ဖီအိုရင်တီးနားက အမ်မရာဘတ် ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အမ်မရာဘတ် ဟာ ယူနိုက်တက် အတွက် ကျေနပ်လောက်စရာ ခြေစွမ်းပြမှုမျိုး မပြုလုပ်နိုင်တာကြောင့် ကွင်းလယ်လူသစ် တစ်ဦး ခေါ်ယူဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ်ဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ရာဘီယော့တ်ကို ခေါ်ယူဖို့ တတိယအကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်ပြီး အီတလီ သတင်းစာတွေ မှာတော့ ယူနိုက်တက်ဟာ ကစားသမားနဲ့ ဆွေးနွေမှုတွေ ပြုလုပ်နေပြီလို့ ဖော်ပြနေပါတယ်။
ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ်တွေဟာ အသင်းကို ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်ဖို့ စီစဉ်နေပြီး ကစားသမား အများစုကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အသင်း အနေနဲ့ ဂါနာချို၊ မိန်းနူး၊ ဟွိုက်ဂျ်လန်း တို့လို လူငယ်ကစားသမားတွေက လွဲလို့ တခြား ကစားသမားတွေကို လက်လွှတ်ဖို့ အထိပါ စဉ်းစားထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ ဗာရန်းနဲ့ နှုတ်ဆက်ထားခဲ့ပြီး ရာသီသစ်မှာ အဲရစ်ခ်ဆန်၊ အမ်မရာဘတ်၊ မောင့်၊ မာစီရယ်၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ လင်ဒီလော့ဖ် တို့လို ကစားသမားတွေကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ ယူနိုက်တက်ရဲ့ အနာဂတ် အတွက် အဓိကကျတဲ့ ကစားသမား အဖြစ် သတ်မှတ်ခံထားရတာကြောင့် အသင်းမှာ ဆက်ရှိနေဖို့ များနေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း အသင်းဘက်က လိုအပ်နေသ၍ ဆက်ရှိပေးသွားဦးမှာ ဖြစ်ကြောင့် ဖွင့်ဟထားခဲ့ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် ယူနိုက်တက်ဟာ ရာသီသစ်မှာ အပြောင်းအလဲ များစွာ ပြုလုပ်မှာ ဖြစ်သလို ကစားသမား အင်အား ဖြည့်တင်းမှု အပိုင်းမှာတော့ အလွတ်နဲ့ ရရှိမယ့် ကစားသမားတွေ ကိုပဲ ဦးစားပေး ခေါ်ယူသွားမယ်လို့ သိရပါတယ်။ လက်တလော မှာတော့ ယူနိုက်တက်ဟာ ရာဘီယော့တ် အပြင် ဖူလ်ဟမ် နောက်ခံလူ အဒါရာဘိုင်အိုလို ကိုလည်း အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.