နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရောဘတ် ဆန်းချက်ဇ်ရဲ့ အမှား အတွက် ကာကွယ်ပြောဆိုသွားခဲ့တဲ့ မာရက်စ်ကာ | ပရီးမီးယားလိဂ်

ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ ကြိမ်မြောက် အမှားကို ပြုလုပ်ခဲ့ပေမယ့်လည်း နည်းပြ အန်ဇို မာရက်စကာ က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ချဲလ်ဆီးက ဒီကနေ့ မနက် အစောပိုင်းက ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ မနေ့ညက ပွဲစဉ်မှာ တိုဆင် အဒါရာဘိုင်အိုယိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ ပေါ့ဆမှု ကနေ ပထမပိုင်း ပြီးခါနီးမှာ ဝုဗ်ကို ချေပဂိုး ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကူကာရယ်လာ၊ မူဒါကေး တို့ရဲ့ မိနစ် ၆၀ ကျော် သွင်းဂိုးတွေကြောင့် ဂိုးပြတ် နိုင်ပွဲရခဲ့ပြီး မန်စီးတီးနဲ့ နယူးကာဆယ်ကို ကျော်ကာ အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဝုဗ် ကတော့ ရမှတ် ၁၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ဆန်းချက်ဇ်ရဲ့ ပေါ့ဆမှုကို ဝုဗ်ကို ၁ ဂိုး ပြန်ပေးခဲ့ရတဲ့ ချဲလ်ဆီး

ဒါပေမယ့်လည်း ရောဘတ် ဆန်းချက်ဇ်ရဲ့ ပေါ့ဆမှုနဲ့ ပတ်သတ်လို့ ပရိသတ်တွေက ဝေဖန်ခဲ့ရာ မှာတော့ နည်းပြ ဖြစ်သူက သူ့ရဲ့ ဂိုးသမားကို ကာကွယ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ဂိုးသမားဟောင်း အတွက် ဒီရာသီ စတုတ္ထမြောက် အမှားလည်း ဖြစ်ပြီး အခုနှစ် ပရီးမီးယားလိဂ်မှာ သူ့ထက် ပိုပြီး အမှားလုပ်ထားတဲ့ ဂိုးသမား ဆိုလို့ အစ်ပ်ဆွစ်ချ်က မူရစ်ပဲ ရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်ဇို မာရက်စ်ကာ ကတော့ ဆန်းချက်ဇ် အပေါ်မှာ အပြည့်အဝ ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်း အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “ဒါဟာ လေးကြိမ်မြောက် အမှားလို့ ခင်ဗျားတို့ ပြောကြပါတယ်။ သူ ကျွန်တော် တို့ကို ဘယ်နှစ်ခါလောက် ကယ်တင်ခဲ့သလဲ၊ ၄ ကြိမ်ထက် ပိုပါတယ်။ အဲဒီ အတွက် ပြဿနာ မရှိပါဘူး။ ဖြစ်တတ်ပါတယ်။ အခုလိုမျိုး တိုက်စစ်မှူးတွေ၊ ကွင်းလယ်လူတွေလည်း ဖြစ်တတ်ပါတယ်။” လို့ မာရက်စ်ကာက Sky Sports ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “နောက်ဆုံး ၅ ပွဲမှာ ကျွန်တော်တို့ နိုင်ပွဲမရခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းခဲ့တယ်လို့ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီကနေ့ည မှာတော့ နောက်ဆုံးမှာ ဂိုးတွေ သွင်းနိုင်ခဲ့ပြီး ၃ ဂိုး ရခဲ့ပါတယ်။ ပထမပိုင်း မိနစ် ၄၀ လောက်က ကျွန်တော်တို့ အကောင်းဆုံး ပုံစံရခဲ့တယ်။ ပွဲကို လွှမ်းမိုးထားနိုင်ပြီး ဂိုးလည်း သွင်းနိုင်ခဲ့တယ်၊ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး ၅ မိနစ်မှာ ရှေ့ ၅ ပွဲမှာ ဖြစ်ခဲ့တဲ့ အတိုင်း ကျွန်တော်တို့ ထပ်ဖြစ်ခဲ့တယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ အတော်လေး ကောင်းမွန်ခဲ့ပြီး ဒုတိယနဲ့ တတိယဂိုး သွင်းအပြီးမှာ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။” လို့ မာရက်စ်ကာက ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဝုဗ် ကတော့ ရမှတ် ၁၆ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဒါကြောင့် ဝုဗ်က တန်းဆင်းဇုန် အန္တရာယ်တွေ ဆက်ရှိနေခဲ့ပြီး လက်ကျန် ပွဲတွေမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်