ချဲလ်ဆီး အသင်းရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ရမယ် ဆိုပြီး တောင်းဆိုထားခြင်း မရှိဘူးလို့ နည်းပြ အန်ဇို မာရက်စကာ က ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
အန်ဇို မာရက်စ်ကာ အနေနဲ့ ချဲလ်ဆီးကို ဒီရာသီမှ စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ဖိအားများစွာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်ကြေးပေး တွက်ဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာ တောက်လျောက် ခြေစွမ်းပြနေခဲ့ပြီးတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ အပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ထားနိုင်ပါတယ်။
ဒီလို ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပေမယ့်လည်း မာရက်စ်ကာ ကတော့ ဒီရာသီ သူတို့ အသင်း အနေနဲ့ အဆင့် ၄ အတွင်း ဝင်ရမယ် ဆိုတဲ့ ဖိအားမျိုး ရှိမနေကြောင်း ထပ်မံ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ မာရက်စကာက “ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ။ ကလပ် အသင်းက အဆင့် (၄) ဝင်ရမယ်လို့ တောင်းဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အသင်းရဲ့ တာဝန်ရှိသူတွေက အနာဂတ် စီမံကိန်း အတွက်ပဲ ပြောဆိုတာ ရှိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
မာရက်စ်ကာက ဒီရာသီမစတင်ခင် အစောပိုင်း အင်တာဗျူးတွေ မှာလည်း “ကျွန်တော် ပြောနိုင်တာ ကတော့ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် ကလပ် ကနေ ဘယ်သူကမှ မတောင်းဆိုဘူး ဆိုတာနဲ့ ရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်အောင် လုပ်ဖို့ လိုအပ်တယ် ဆိုပြီး ဘယ်သူကမှ မပြောခဲ့ဘူး ဆိုတာပါပဲ။ အသင်း ပိုင်ရှင်တွေက ပြောတာ ကတော့ ကျွန်တော်တို့ တစ်ဆင့်ချင်း ယှဉ်ပြိုင်သွားရမယ်လို့ပဲ ပြောခဲ့တာပါ။ နောက်ပြီး အသင်းက လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ ဆိုတဲ့ ခံစားချက်ရှိဖို့ ပစ်မှတ်ထားပါတယ်။ ဒါက အရမ်းကောင်းတဲ့ ရည်မှန်းချက် ဖြစ်ပြီးတော့ အသင်းပိုင်ရှင် အားကစား ဒါရိုက်တာ နည်းပြနဲ့ ကစားသမားတွေ အားလုံးဆီမှာ တူညီတဲ့ အတွေးအမြင်တွေ ရှိနေပြီး အားလုံးက တူညီတဲ့ ဦးတည်ရာ ကိုပဲ သွားနေကြပါတယ်။” လို့ ဆိုပါတယ်။
ချဲလ်ဆီး ဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီးတော့ ယူနိုက်တက် ဘက်က အပိုင်အခွင့််အရေးတွေ အသုံးမချနိုင်ခဲ့သလို ချဲလ်ဆီး ကလည်း ဖိကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ တစ်ဖက်ကို တစ်မှတ်စီ ခွဲယူခဲ့ကြပြီးတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီးက အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.