နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်ကို နှုတ်ဆက်တော့မယ့် မက်တစ်ပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ သူတို့ အသင်းရဲ့ နောက်ခံလူ ဂျိုဝဲလ် မက်တစ်ပ် အနေနဲ့ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ကစားသမားဟာ ရာသီကုန်မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဆရာ ဖြစ်တဲ့ ယာဂင် ကလော့ပ်ရဲ့ နောက်ကို လိုက်တော့မှာလည်း ဖြစ်ပါတယ်။

ကင်မရွန်း ဗဟိုခံစစ်ကစားသမားဟာ ၂၀၁၆ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ယာဂင် ကလော့ပ် စိတ်ကြိုက် ခေါ်ယူခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်ပါတယ်။ မက်တစ်ပ်ဟာ လစ်ဗာပူးလ်မှာ ၈ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ရှော်လ်ကီနဲ့ အတူ ပိုကယ်ဖလား၊ ဂျာမန် စူပါဖလား အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မက်တစ်ပ်ဟာ လစ်ဗာပူးလ် မှာလည်း ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလား တစ်ကြိမ်စီ ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်တလော မှာတော့ မက်တစ်ပ်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိထားတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အနားယူနေရပြီး လက်ရှိ အချိန်ထိ မသက်သာသေးပါဘူး။ ဒါကြောင့် မက်တစ်ပ် အနေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် အထိ ပရီးမီးယားလိဂ် ကလပ် အတွက် ပါဝင်ကစားပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

မက်တစ်ပ် ထွက်ခွာမယ့် သတင်းကို ပြီးခဲ့တဲ့ သောကြာနေ့မှာ လစ်ဗာပူးလ် ဘက်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ထွက်ခွာမှုနဲ့ ပတ်သတ်လို့ မက်တစ်ပ်က ကလပ်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် ကနေ တဆင့် အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

“ ထူးခြားတဲ့ အသင်း တစ်သင်းမှာ အံ့အားသင့်စရာ ကောင်းတဲ့ နည်းပြ တစ်ယောက်နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကြီးကျယ် ခမ်းနားတဲ့ ဆုဖလားတွေ ရခဲ့သလို ကမ္ဘာပေါ်က အကောင်းဆုံး ပရိသတ်တွေလည်း ရှိပါတယ်။”

“ကလပ်ကို အားပေးတဲ့ ဒီလို ထူးခြားတဲ့လူတွေနဲ့ လစ်ဗာပူးလ်ကို ချစ်တဲ့ ပရိသတ်တွေနဲ့ တွေ့ကြုံခွင့်ရခဲ့တဲ့ အံ့သြစရာကောင်းတဲ့ အချိန်တွေ အတွက် ကျေးဇူးတင်မိပါတယ်။”

“ကျွန်တော်တို့ ဇနီးမောင်နှံ အပါအဝင် ကလေးတွေ ကလည်း ဒီနေရာမှာ အကောင်းဆုံး စိတ်ကူးယဉ် အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ထောက်ခံ အားပေးမှုလည်း ရခဲ့ပါတယ်။ ဒီလို အခြေအနေတွေကို အထူး အမှတ်တရ အဖြစ် အမြဲတမ်း သိမ်းဆည်းထားမှာပါ”

နည်းပြ ဖြစ်တဲ့ ယာဂင် ကလော့ပ် ကတော့ “ကျွန်တော် ဘောလုံးလောကထဲမှာ ရှိနေတဲ့ နှစ်တွေ အတွင်း ဂျိုဝဲလ် ထက် ပိုချစ်ရတဲ့ ကစားသမားတွေ အများကြီး မရှိခဲ့ပါဘူး။ သူ့အကြောင်း မကောင်းပြောဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” လို့ ချီးကျူးသွားခဲ့ပါတယ်။

ကင်မရွန်း လက်ရွေးစင်ဟောင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ပရီးမီးယားလိဂ် မှာ ၂၄ ပွဲသာ ကစားနိုင်ခဲ့ပြီး မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မက်တစ်ပ်ဟာ လစ်ဗာပူးလ် အတွက် ၈ နှစ်တာ ကာလ အတွင်းမှာတော့ ၂၀၁ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ တနင်္ဂနွေနေ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ အန်ဖီးလ်မှာ ကစားမယ့် ပွဲစဉ်မှာ နည်းပြ ဖြစ်သူ ကလော့ပ်နဲ့ အတူ မက်တစ်ပ် ကိုလည်း နှုတ်ဆက်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်