ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ သေချာတော့မယ့် နယူးကာဆယ်၊ မလာစီယာကို ဝေဖန်ခဲ့တဲ့ ရှမိုက်ကယ် အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၉ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ သေချာတော့မယ့် နယူးကာဆယ်
နယူးကာဆယ် ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ကို အဝေးကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ် အနိုင်ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့် တနေရာကို အပိုင်ရယူဖို့ နီးစပ်လာခဲ့ပါပြီ။ စပါးကို ၆-၁ နဲ့ အံ့အားသင့်ဖွယ်ရာ နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် အဲဗာတန်နဲ့ ပွဲကိုလည်း ၄-၁ နဲ့ ထပ်မံအနိုင်ရခဲ့ကာ အဆင့် ၃ နေရာမှာ ရမှတ် ၆၂ မှတ်နဲ့ ရှိနေပြီး ယူနိုက်တက်ထက် တစ်ပွဲ ပိုကစားထားကာ ၂ မှတ် အသာ ရရှိထားပါတယ်။
အဆင့် ၅ နေရာက စပါးထက် တပွဲလျော့ ကစားပြီး ၈ မှတ် ဖြတ်တောက်ထားလို့ လက်ကျန် ၅ ပွဲပဲ ကျန်တော့တဲ့ အနေအထားနဲ့ ချိန်ထိုးကြည့်ရင် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် စိတ်မပူရလောက်တော့ဘူးလို့ ဆိုရမှာပါ။ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၈ ပွဲ မှာ ၇ ပွဲအထိ အနိုင်ရကာ တပွဲသာ အရေးနိမ့်ခဲ့တဲ့ အထိ နယူးကာဆယ်က ခြေစွမ်း ထက်မြက်နေခဲ့ပါတယ်။
စပါး၊ အဲဗာတန် တို့နဲ့ ပွဲတွေမှာလည်း ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ကော်လမ် ဝီလ်ဆင်၊ ဂျိုးလင်တန်၊ အိုင်ဆက်ခ် တို့လို တိုက်စစ်ကစားသမားတွေ အကုန်လုံးက အားကိုးနေရပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်း ကလည်း တာဝန်ကျေနေခဲ့ပါတယ်။ အက်ဒီဟိုဝီရဲ့ အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးမှ မရှိပေမယ့် အသင်းလိုက် ကစားအား ကောင်းမွန်ပုံနဲ့ အတူ ထိပ်ဆုံး လေးသင်း နေရာကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စပါးကို သရေကျခဲ့လို့ ကစားသမားတွေကို အပြစ်တင်ခဲ့ပြန်တဲ့ တန်ဟက်ဂ်
မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ စပါးကို အဝေးကွင်းမှာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ဒုတိယပိုင်းမှာ ၂ဂိုး ပြန်ပေးရပြီး သရေကျခဲ့တဲ့နောက် အသင်းသားတွေကို အပြစ်တင်သွားခဲ့ပါတယ်။ ဆန်ချို၊ ရက်ရှ်ဖို့ဒ် တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းကို ဦးဆောင်နေခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင် တို့ရဲ့ ချေပဂိုးတွေကို ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ကစားပုံ တော်တော်လေးကို ကျဆင်းသွားခဲ့ပြီး နည်းပြ တန်ဟက်ဂ်ရဲ့ လူစားလဲပုံတွေ ကလည်း မေးခွန်းထုတ်စရာတွေ ရှိနေခဲ့ပါတယ်။ ခြေစွမ်းပြနေတဲ့ ဆန်ချိုကို စောစောစီးစီး လူစားလဲခဲ့သလို အဲရစ်ခ်ဆန် ကိုလည်း ဖရက်ဒ်နဲ့ လဲကာ ကက်စ်မဲရိုးနဲ့ တွဲဖက်စေခဲ့ပြီး အန်တိုနီ မာစီရယ် ကလည်း လူစားဝင်လာကတည်းက ဘာဆိုဘာမှကို မလုပ်ပြနိုင်ဘဲ ရှိနေခဲ့ပါတယ်။
တန်ဟက်ဂ်က “ တချို့က ၉၀% လောက်ပဲ ကစားပြီး လုံလောက်တယ် ထင်နေကြပါတယ်၊ သူတို့က စက်ရုပ်တွေ မဟုတ်ဘူး တာကို ကျနော် သိပါတယ်၊ ပင်ပန်းနွမ်းနယ်နေတာက ပြသနာတစ်ခု ဆိုပေမယ့်လည်း ကစားခွင့်ရတိုင်းမှာ အရာအားလုံးကို ပေးရမှာပါ၊ ဒါက အခြေခံ အချက်ပါပဲ၊ ကျနော်တို့ အကောင်းဆုံး မထိန်းချုပ်နိုင်တဲ့ ပွဲတွေက ပိုပိုများလာပြီလို့ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
မလာစီယာကို ဝေဖန်ခဲ့တဲ့ ရှမိုက်ကယ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က ယူနိုက်တက် နောက်ခံလူ မာလာစီယာကို အပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မာလာစီယာဟာ စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လူစားဝင်လာပြီးနောက် ခြေစွမ်းမပြနိုင်ဘဲ ရှိခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ ချေပဂိုးသွင်းယူမှု မှာလည်း သူ့ရဲ့ အားနည်းချက်ကြောင့်လို့ ရှမိုက်ကယ်က ယူဆနေပါတယ်။
ယူနိုက်တက်ဟာ ၂-၀ နဲ့ ဦးဆောင်နေခဲ့ပြီးမှ ချေပဂိုး ၂ ဂိုး အထိ ပြန်ပေးခဲ့ရကာ သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လူစားလဲလှယ်မှုတွေ ကိုလည်း ရှမိုက်ကယ်က ဝေဖန်သွားခဲ့ကာ ဘစ်စ်ကာလို ခြေစွမ်းပြနေတဲ့ ကစားသမားကို ဘာလို့ လူစားလဲခဲ့ရတာလဲ လို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
“ မာတီနက်ဇ်နဲ့ ဗာရန်းတို့ မပါဝင်နိုင်လို့ ခံစစ်က အခက်တွေ့နေခဲ့ရပါတယ်၊ ဖြတ်တင်ဘောတွေ ကိုလည်း သူတို့မတားဆီးနိုင်ဘူး၊ ဒုတိယဂိုးမှာ ဆိုရင် မာလာစီယာက ဘာလုပ်နေတာလဲ ဆိုတာ ကျနော် မသိဘူး၊ ဘောလုံးက သူ့နားကနေ ဖြတ်သွားတာကို ကြည့်ရုံပဲ ကြည့်နေတယ်၊ ကွင်းထဲကို ဝင်လာရင် အကျိုးရှိအောင် ကစားရမှာပါ၊ မင်းအလုပ်က အဲဒါပဲလေ၊ ခြေစွမ်းပြနေတဲ့ ဘစ်ဆာခါ ကိုလည်း ဘာလို့ လူစားလဲလိုက်လဲ ဆိုတာ နားကို မလည်နိုင်ပါဘူး” လို့ ရှမိုက်ကယ်က ပြောသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.