ဘရန့်ဖို့ဒ် – မန်ချက်စတာစီးတီး
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ အစောဆုံးပွဲစဉ် အဖြစ် မန်စီးတီးကဘရန့်ဖို့ဒ်ကိုအဝေးကွင်းမှာသွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပြန်ရထားတဲ့ မန်စီးတီးတို့ အိမ်ကွင်းကစားပုံမာကျောတဲ့ ဘရန့်ဖို့ဒ်ကိုအသာရသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာအိမ်ကွင်းကစားပုံကောင်းပြီးလစ်ဗာပူးလ် ပြီးရင် ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အိမ်ကွင်းရလဒ် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်းဘရန့်ဖို့ဒ်ကပြီးခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့် ပွဲစဉ်မှာပလိုင်းမောက်လိုအသင်းကိုအိမ်ကွင်းမှာရှုံးပြီးပြိုင်ပွဲကနေနှုတ်ဆက်ထားပါတယ်။ ဒါ့အပြင် သောမက်စ် ဖရန့်ခ် ရဲ့ အသင်းကဒီရာသီပရီးမီးယားလိဂ်မှာ ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၉ ပွဲရှုံးထားလို့ ခြေစွမ်းပိုင်းမဆိုးဘူးလို့ ပြောလို့ မရပါဘူး။ နောက်ပြီးပျားတွေဟာကြီး ၆ ကြီးအသင်းတွေနဲ့ တွေ့တိုင်းရလဒ်တွေဆိုးရွားနေခဲ့တာလည်းတွေ့ရပါတယ်။
မန်ချက်စတာစီးတီးကတော့ လက်စတာစီးတီးကိုအနိုင်ရပြီးနောက် ဝက်စ်ဟမ်းကို ၄-၁၊ ဆဲလ်ဖို့ဒ်ကို ၈-၀ ရလဒ်တွေနဲ့ ထပ်မံအနိုင်ရကာ ၃ ပွဲဆက် ရလဒ်တွေပြန်ကောင်းနေပါတယ်။ အောက်တိုဘာလကုန်ကနေပြီးခဲ့တဲ့ ဒီဇင်ဘာလအကုန်လောက်ထိရလဒ်ဆိုးရွားခဲ့မှုကိုပပ် ဂွါဒီယိုလာရဲ့ အသင်းကပြန်လည် ရုန်းထွက်ထားနိုင်ပြီးခြေစွမ်းပိုင်းလည်းပြန်လည် တည်ငြိမ်လာတာတွေ့ရပါတယ်။ မန်စီးတီးဟာဒီရာသီပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ၄ ပွဲရှုံးနိမ့်ထားပြီးပြိုင်ပွဲစုံမှာတော့ အဝေးကွင်းနောက်ဆုံး ၉ ပွဲမှာနိုင်ပွဲ ၁ ပွဲသာရထားပြီးရှုံးပွဲ ၇ ပွဲရှိခဲ့ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
အခုပွဲကိုဘရန့်ဖို့ဒ် ဘက်ကဟစ်ကီ၊ ဘန်မီး၊ ပင်နော့ခ်၊ ကာဗယ်လ်ဟို၊ ဂိုးမက်စ်၊ ရိုဒရီဂွက်ဇ်၊ ဒါဆေးလ်ဗား၊ ရှား၊ ဟင်နရီတို့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။
မန်စီးတီးဘက်မှာတော့ ဂိုးသမားအီဒါဆင်၊ ဂျွန်စတုန်းစ်၊ ဘော့ဘ်၊ ရိုဒရီ၊ ရူဘင် ဒီးရာ့စ် တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ်လူစာရင်း
ဘရန့်ဖို့ဒ် -ဖလက်ကန်၊ ရိုဝါဆလက်ဗ်၊ ဗန်ဒန်ဘက်ဂျ်၊ ကောလင်းန်၊ လီဝစ် ပေါ်တာ၊ နောဂတ်၊ ဂျနဲလ်၊ ဒမ်းစ်ဂတ်၊ အမ်ဘူအမ်မို၊ ဝစ်ဆာ၊ ချိတ်ဒ်
မန်ချက်စတာစီးတီး-အော်တီဂါ၊ လီဝစ်၊ အာကန်ဂျီ၊ အေခီ၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဖိုဒန်၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဆာဗင်ဟို၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းက၇ကြိမ်တွေ့ဆုံခဲ့ရာမှာသရေပွဲလုံးဝမရှိခဲ့ပဲဘရန့်ဖို့ဒ်က ၂ ကြိမ် နိုင်ကာမန်စီးတီးကတော့ ၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာမန်စီးတီးကဘရန့်ဖို့ဒ်က ၂ ကြိမ် နိုင်ပြီးမန်စီးတီးကနောက်ဆုံး ၃ ကြိမ်ဆက် နိုင်ထားပါတယ်။ ဘရန့်ဖို့ဒ် အိမ်ကွင်းနောက်ဆုံး ၃ ပွဲမှာမန်စီးတီးက ၂ ကြိမ် နိုင်ပြီးဘရန့်ဖို့ဒ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1×2မှာဘရန့်ဖို့ဒ်အနိုင်အတွက်၄.၁၀ဆ၊သရေအတွက်၄.၁၁ဆ၊မန်စီးတီးအနိုင်အတွက်၄.၁၀ဆပေးထားပါတယ်။အာရှဟန်းဒီးကပ်မှာတော့မန်စီးတီးကသရေအရှုံး၊ တစ်လုံးတစ်ဝက်စား၊ တစ်လုံးသရေကြေးတွေပေးထားပြီးဂိုးပေါင်းကတော့၃လုံးကစဖွင့်ပါတယ်။လက်ရှိခြေစွမ်းအရတော့ဘရန့်ဖို့ဒ်ကတပ်ပျက်နေလို့မန်စီးတီးတို့ အာရုံစိုက်ကစားမယ်ဆိုရင်တော့ရလဒ်ကောင်းနဲ့ အိမ်ပြန်နိုင်ဖို့ မခက်ပါဘူး။ ကြေးအရတော့အပြန်အလှန်သွင်းဂိုးတွေရှိနိုင်ပါတယ်။မန်စီးတီးကလက်ရှိမှာ Form ပြန်မိနေပြီးတိုက်စစ် ကလည်းဂိုးသွင်းခြေပြန်တွေ့နေပါတယ်။ မန်စီးတီးနိုင်ပွဲဖြစ်ဖို့ သေချာပါတယ်။
ခန့်မှန်းရလဒ်
ဘရန့်ဖို့ဒ် ၁-၂ မန်ချက်စတာစီးတီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.