နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ကို ဆက်ထိန်းထားခဲ့တာက ယူနိုက်တက် အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုတဲ့ အိုနာနာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အနေနဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို အသင်းမှာ ဆက်ထိန်းထားခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင့် ဂိုးသမား အန်ဒရီ အိုနာနာက ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် မှာ ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် အက်ဖ်အေဖလား မှာတော့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကလပ် သမိုင်းတစ်လျှောက် ဆိုးရွားတဲ့ စံချိန် မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့တာကြောင့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ဖို့ အထိ စဉ်းစားခဲ့သလို နာမည်ကြီး နည်းပြတွေကိုလည်း ပစ်မှတ်ထား ချိန်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က နောက်ဆုံး မှာတော့ တန်ဟက်ဂ်ကို စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းထားခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန် နည်းပြဟာ ယူနိုက်တက်နဲ့ ပွဲဦးထွက် ရာသီမှာ ခရာဘောင်ဖလား ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် နိုင်ပွဲ ရာခိုင်နှုန်းက ၅၄ ရာခိုင်နှုန်း (၄၁/၇၆) အထိ ရှိခဲ့ပါတယ်။ သူ့ထက် နိုင်ပွဲ ရာခိုင်နှုန်း ပိုများအောင် စွမ်းဆောင်ထားနိုင်တဲ့ နည်းပြ ကလည်း ဆာအဲလက်စ် ဖာဂူဆန် (၆၅ ရာခိုင်နှုန်း) သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ဂိုးသမား ဖြစ်တဲ့ အန်ဒရီ အိုနာနာ ကတော့ သူ့ရဲ့ အသင်းက တန်ဟက်ဂ်ကို စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ အပေါ် အားပေးထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန် နည်းပြဟာ ယူနိုက်တက်နဲ့ ပွဲဦးထွက် ရာသီမှာ ခရာဘောင်ဖလား ရယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် နိုင်ပွဲ ရာခိုင်နှုန်းက ၅၄ ရာခိုင်နှုန်း (၄၁/၇၆) အထိ ရှိခဲ့ပါတယ်။
အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ယူနိုက်တက်

အိုနာနာက Sky Sportsနဲ့ အင်တာဗျူးမှာ “ကျွန်တော်က မန်နေဂျာ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တဲ့သူတွေထဲမှာ မပါပါဘူး။ မနှစ်က အဲရစ်ခ်နဲ့ ကျွန်တော်တို့ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ရပေမယ့် တကယ်ကို ကောင်းမွန်စွာနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကလပ်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ကျွန်တော်တို့ အားလုံး ကိုယ်စား ပြောတာပါ။ ကျွန်တော်တို့ အားလုံး မန်နေဂျာရဲ့ ညွှန်ကြားချက်ကို လိုက်နာပါတယ်။ ကျွန်တော်တို့ သူနဲ့ အတူ တစ်ရာရာခိုင်နှုန်း အပြည့် တူတူ ရှိနေပါတယ်”
ယူနိုက်တက် ဟာ လက်ရှိ အချိန်မှာ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားထာပြီး ရိုဆင်ဘော့ဂ်နဲ့ ပွဲမှာ ၁-၀ နဲ့ ရှုံးနိမ့်ကာ ရိန်းဂျားစ် ကိုတော့ နှစ်ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ အမေရိကန်မှာ ကစားတဲ့ ရာသီကြို ခြေစမ်းပွဲမှာတော့ အာဆင်နယ်ကို ပွဲချိန် အတွင်း ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးတော့ ပင်နယ်တီ မှာတော့ ၃-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အတွက် ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ လီနီ ယိုရိုတို့ ဒဏ်ရာရခဲ့တာ ကတော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီပွဲပြီးရင်တော့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ ရှိပြီး ရီးရဲလ်ဘက်တစ်၊ လစ်ဗာပူးလ်တို့နဲ့ ကစားရမှာပါ။ အဲ့ဒီပွဲတွေ ပြီးရင်တော့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ၂၀၂၄/၂၅ ဘောလုံး ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ်တော့ ဖူလ်ဟမ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်