နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အိုနာနာရဲ့ အေးဂျင့်၊ တိုနာလီကို ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူနိုင်တဲ့ နယူးကာဆယ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အိုနာနာရဲ့ အေးဂျင့်၊ တိုနာလီကို ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူနိုင်တဲ့ နယူးကာဆယ် စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၂၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေလုပ်နေတဲ့ အိုနာနာရဲ့ အေးဂျင့်

အင်တာမီလန် ဂိုးသမား အန်ဒရီ အိုနာနာရဲ့ အေးဂျင့် ဖြစ်သူဟာ ဒီကနေ့မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ တိုက်ရိုက် ဆွေးနွေးသွားဖို့ အတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါးဗစ် ဒဟဲယား နေရာမှာ အစားထိုးဖို့ အတွက် ဂိုးသမားသစ် တစ်ဦး ရှာဖွေနေတဲ့ ယူနိုက်တက်က အိုနာနာကို ပစ်မှတ်ထားခဲ့တာပါ။

ဒဟဲယားနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးတဲ့ အခြေအနေမှာပဲ ရှိနေသေးပြီး ယူနိုက်တက်ဟာ ဂိုးသမား အများအပြားကို လိုက်လံ ချဉ်းကပ်နေခဲ့တာပါ။ လက်ရှိ မှာတော့ အိုနာနာနဲ့ သတင်း အထွက်ဆုံး ဖြစ်နေပြီး ခေါ်ယူနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ်။

အင်တာမီလန် ကတော့ သူတို့ရဲ့ ဂိုးသမားကို အနည်းဆုံး ယူရိုသန်း ၅၀နဲ့ အပိုဆုကြေးငွေတွေ ရမှ ရောင်းထုတ်မယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက အင်တာ အတွက် လက်စွမ်းပြခဲ့ပြီးနောက် အိုနာနာက အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာပါ။


တိုနာလီ အတွက် သဘောတူညီမှုရရှိခဲ့တဲ့ နယူးကာဆယ်

ချန်ပီယံလိဂ် ကန်ရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်က တိုနာလီလို ကြယ်ပွင့်ကို အချိန်တိုလေး အတွင်းမှာပဲ စည်းရုံးနိုင်ခဲ့တာပါ။
တိုနာလီ အတွက် အေစီမီလန်နဲ့ ဆွေးနွေးမှုတွေ နောက်ဆုံး အဆင့်ကို ရောက်နေခဲ့တဲ့ နယူးကာဆယ်

နယူးကာဆယ်ယူနိုက်တက် ကတော့ အေစီမီလန် ကွင်းလယ်လူ ဆန်ဒရို တိုနာလီနဲ့ သတင်းထွက်လာပြီး ၂ ရက် အကြာမှာပဲ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု အရယူလိုက်ပါပြီ။ ပြောင်းရွှေ့ကြေးနဲ့ အပိုဆုကြေး အတွက် အေစီမီလန်နဲ့ ညှိနှိုင်းနေပြီ ဖြစ်ပြီး ဆေးစစ်မှုကိုတော့ ကစားသမား ရောက်ရှိနေတဲ့ ရိုမေးနီးယားမှာပဲ ပြုလုပ်သွားဖို့ စီစဉ်ပြီးပါပြီ။

ချန်ပီယံလိဂ် ကန်ရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်က တိုနာလီလို ကြယ်ပွင့်ကို အချိန်တိုလေး အတွင်းမှာပဲ စည်းရုံးနိုင်ခဲ့တာပါ။ ပြီးတော့ အယ်လ်ဟိုင်လယ်ကို ရောက်သွားတဲ့ ၀ုဗ် ကွင်းလယ်လူဟောင်း နီဗက်စ် ကိုပါ အငှားနဲ့ ပြန်ခေါ်ဦးမှာပါ။ အဲဒီအသင်း ကလည်း နယူးကာဆယ် သူဌေးပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အချိန်တိုလေး အတွင်းမှာတင် အီတလီရဲ့ အလားအလာ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူနိုင်ခဲ့တဲ့ စွမ်းရည် ကတော့ တကယ်ကို အသိအမှတ်ပြုစရာပဲ ဖြစ်ပါတယ်။ နယူးကာဆယ် အနေနဲ့ လာမယ့် ရာသီသစ်မှာ ချန်ပီယံလိဂ် ကစားရဖို့ ရှိနေတာကြောင့် ကစားသမားကောင်းတွေကို ဆက်တိုက် စုစည်းနေတာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ
မန်ချက်စတာစီးတီး
1X2 သရေ (Draw) @ 4.90
ဂိုးပေါ် 3.00 @ 2.06
ဘန်လေ အာရှ ဟန်းဒီးကပ် +1.50 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကိုင်စီဒို အတွက် ကမ်းလှမ်းမှုတွေ ပြန်လုပ်တော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာ ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ အတွက် ပြန်လည် ကြိုးပမ်းမှုတွေ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ကိုင် ဟာဗက်ဇ်၊ ဇီယက်ချ်၊ ကူလီဘလီနဲ့ မန်ဒီ တို့ကို ရောင်းချရာမှာ ပေါင် ၁၀၇ သန်း အထိ ရရှိထားပြီး ပေါင်သန်း ၈၀ အထိကို ကိုင်စီဒို အတွက် ပြန်လည် အသုံးပြုဖို့ စီစဉ်နေတာပါ။

ကိုင်စီဒိုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ချဲလ်ဆီး ဘက်က ကမ်းလှမ်းခဲ့ဖူးသေးပြီး ငြင်းဆန်ခံခဲ့ရပါတယ်။ အခု ပိုချက်တီနိုက ထပ်မံကမ်းလှမ်းဖို့ အတွက်ကို ကြိုးစားလာခဲ့ပြိး ဒီတခါမှာတော့ ပေါင်သန်း ၈၀ အထိ ပေးချေသွားဖို့ အသင့် ဖြစ်နေတာပါ။

ချဲလ်ဆီးဟာ ကစားသမား အများအပြားကို အသင်းကနေ ရောင်းထုတ်ထားပြီး ကြိုတင် သဘောတူညီမှု ရရှိထားတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဗီလာရီးရဲလ် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ကို ထပ်မံ ခေါ်ယူဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်