နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို ခြိမ်းခြောက်နိုင်မယ့် အသင်းက လစ်ဗာပူးလ်ပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်လိုက်တဲ့ အိုဝင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားထားပြီးချိန်မှာတော့ ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်တဲ့ အသင်း ၂ သင်းသာ ရှိထားပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ် တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ ၂ သင်းထဲကမှ ပေးဂိုး လုံးဝ မရှိသေးတဲ့ အသင်း ကတော့ လစ်ဗာပူးလ် ဖြစ်ပြီး ရာသီသစ်မှာ ပုံစံကောင်းတွေ ပြသနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ ဂန္တဝင် နည်းပြကြီး ယာဂင် ကလော့ပ် ထွက်ခွာသွားပြီးနောက် ရာသီသစ်မှာ နည်းပြ အာနေး ဆလော့တ်နဲ့ အတူ အပြောင်းအလဲ များစွာနဲ့ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် အတွေ့အကြုံ လုံးဝ မရှိသေးတဲ့ အာနေး ဆလော့တ်က ကလော့ပ် အလွန် လစ်ဗာပူးလ်ကို အကောင်းဆုံး ကိုင်တွယ်ပြနေပြီး ပရိသတ်တွေရဲ့ ယုံကြည်မှုရဖို့ တစ်ပွဲပြီး တစ်ပွဲ တည်ဆောက်ပြနေခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ် ဟာ ရာသီကြို ခြေစမ်းပွဲတွေ ကနေ စပြီး အခု ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန် အထိ အသင်းကို ရလဒ်ကောင်းးတွေေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် ကစားသမားဟောင်း မိုက်ကယ် အိုဝင် ကပါ သူ့ရဲ့ အသင်းဟောင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးကို ဖိအားပေးနိုင်မယ့် အသင်း ဖြစ်တယ် ဆိုပြီး ဟောကိန်းထုတ် ခန့်မှန်းပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

 
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး မှာတော့ မန်စီးတီးက ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီး လစ်ဗာပူးလ် ကတော့ ရဂိုး၊ ပေးဂိုး အနေအထားအရ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ဖွယ် ရှိနေတဲ့ လစ်ဗာပူးလ်

အိုဝင်ရဲ့ သုံးသပ်ချက် ကိုတော့ မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုး ကလည်း ထောက်ခံသွားခဲ့ပြီး လစ်ဗာပူးလ်ဟာ ဒီရာသီမှာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး မန်စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ် ဆိုပြီး မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ “လစ်ဗာပူးလ်က ဒီရာသီ အမှတ်ပေးဆုဖလား အတွက် တကယ် စိန်ခေါ်နိုင်မှာပါ။ ရာသီမစတင်ခင်တုန်း ကတော့ ဒီနှစ်က အာဆင်နယ်ရဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့သေးတာ။ ဒီရာသီမှာ အာဆင်နယ်က မန်စီးတီးကို ကောင်းကောင်း ဒုက္ခပေးပြီးတော့ ပရီးမီးယားလိဂ် ဖလားပါ ရယူသွားနိုင်မယ်လို ထင်ခဲ့တာ။ ဒါပေမယ့် ရာသီအစ ၃ ပွဲ ကြည့်ပြီး လိုက်ချိန်မှာတော့ လစ်ဗာပူးလ်က အာဆင်နယ်ကို ကျော်သွားနိုင်မယ်လို့ ထင်မိလာပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပေါလ်စခိုးက “သူတို့ အသင်းဟာ မနှစ်က ရာသီကတည်းက ထိပ်ပိုင်းနားမှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပေမယ့် ရာသီ နှောင်းပိုင်း ပွဲ အနည်းငယ်မှာ အဝေးကွင်း ရှုံးပွဲတွေ တွေ့ခဲ့ရလို့သာ ချန်ပီယံ ပြေးလမ်းထဲ ကနေ ထွက်ခဲ့ရတာပါ။ အခု ကစားသမား စာရင်းကို စုစုစည်းစည်းနဲ့ ကြံခိုင်မှု ကောင်းကောင်းသာ ရှိနေမယ် ဆိုရင်တော့ မန်စီးတီးကို ကောင်းကောင်းကြီး စိန်ခေါ် နိုင်လိမ့်မယ်လို ကျွန်တော် ထင်ပါတယ်။” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး မှာတော့ မန်စီးတီးက ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီး လစ်ဗာပူးလ် ကတော့ ရဂိုး၊ ပေးဂိုး အနေအထားအရ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အဆင့် ၃ နေရာမှာတော့ ဘရိုက်တန်၊ အဆင့် ၄ နေရာမှာတော့ နယူးကာဆယ် တို့ ရှိနေပြီးတော့ ဝေဖန်သုံးသပ်သူ ပေါလ်စခိုးနဲ့ အိုဝင် တို့ရဲ့ အသင်းဟောင်း ယူနိုက်တက် ကတော့ အဆင့် ၁၄ နေရာမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်