နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

INEOSက အပြုသဘောဆောင်တဲ့အရာ တစ်ခုမှ မလုပ်ဆောင်ပေးနိုင်သေးဘူးလို့ ဝေဖန်လိုက်တဲ့ ပေါလ် စခိုးလ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ကစားသမား ပေါလ် စခိုးလ် ကတောာ့ လက်ရှိ အသင်းပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ INEOS ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပေါလ် စခိုးလ်က INEOS ဟာ ပရီးမီးယားလိဂ် ကလပ်ကို သူတို့ စတင် ထိန်းချုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းက လက်ရှိ အချိန်ထိ အပြုသဘောဆောင်တဲ့အရာ တစ်ခုမှ မလုပ်ဆောင်ပေးနိုင်သေးကြောင်း ဝေဖန် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဆာဂျင်မ် ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ INEOSဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်လ အကြာမှာတော့ ယူနိုက်တက်ရဲ့ အားကစားပိုင်းဆိုင်ရာ လုပ်ငန်းတွေကို ထိန်းချုပ်ခဲ့ပြီး နောက်ထပ် နှစ်လ အကြာ မှာတော့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လစ်ဗာပူးလ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ၃ ပွဲ ရှုံးကာ ၁ ပွဲ သရေကျထားပါတယ်။ ယူနိုက်တက်ဟာ ရာသီ အစောပိုင်းမှာ အသင်းနဲ့ အဆင်မပြေတဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်ခဲ့ပြီး ရူဘင် အမော်ရင်ကို အစားထိုး ခန့်အပ်ခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ တိုးတက်မှုတွေ နှေးကွေးနေသေးတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အဆိုးရွားဆုံး ကာလတွေကို ကျော်ဖြတ်နေရပေမယ့် ရာသီလယ် လက်မှတ် စျေးနှုန်းကို ၆၆ ပေါင် အထိ တိုးမြှင့်လိုက်ခြင်းကြောင့် ပရိသတ်တွေရဲ့ မကျေနပ်ခြင်းကို ခံနေရပါတယ်။ ဒါ့အပြင် INEOS က အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကို သံတမန် အဖြစ်က ထုတ်ပယ်ခဲ့တာ အဝတ်လဲခန်း အတွင်း သွားရောက်ခွင့် ပိတ်ပင်ခဲ့တာတွေကြောင့် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ INEOS အနေနဲ့ ယူနိုက်တက်ရဲ့ ရှယ်ယာ အများစုကို သူတို့ လက်လွှဲရယူလိုက်ချိန်က စလို့ ပရိသတ်တွေကို အကြိုက်တွေ့စေမယ့် ကိစ္စဆိုလို့ ကွင်းသစ် တည်ဆောက်မယ့် စီမံကိန်းသာ ရှိသေးတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အခြေအနေတွေက INEOS တာဝန်ယူချိန်မှာ မျှော်လင့်ထားသလို ဖြစ်မလာသေးကြောင်း ပေါလ် စခိုးလ်က ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “INEOS က လက်ရှိအချိန်ထိ သူတို့ တာဝန်ယူခဲ့တာ ၁ နှစ် နီးပါး ရှိနေပါ။ ဒါပေမယ့် အရာအားလုံးက အပျက်သဘောဆောင်နေပါသေးတယ်။” လို့ စခိုးလ်က The Overlap Football Fan Debate မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး “ဘောလုံးအသင်း အတွက် သူတို့ လုပ်ဆောင်ပေးခဲ့တဲ့ အပြုသဘောဆောင်တဲ့ အရာ တစ်ခုမှ ကျွန်တော် တွေးလို့ မရသေးပါဘူး။ ဘောလုံးကွင်းမှာ အခြေအနေတွေက ပိုဆိုးလာတဲ့ အတွက် စျေးသက်သာတဲ့ လက်မှတ်တွေ လုပ်ပေးမယ်လို့ ပြောလို့ မရဘူးလား။ သူတို့က ကျွန်တော် တို့ကို အပြုသဘောဆောင်တဲ့ အရာ တစ်ခုခု ပေးလို့ မရဘူးလား။ ကွင်းထဲမှာ ရှိနေတဲ့ အရာတွေနဲ့ ပိုက်ဆံ ပိုပေးကြဖို့ မန်ယူ ပရိသတ်တွေကို ဘယ်လို တောင်းဆိုမလဲ။ ဘောလုံးကွင်းလား။ ကျွန်တော်တို့ ကြည့်နေတဲ့ လက်မှတ်ခတွေကို ဈေးတက်အောင် လုပ်ဖို့ ဒီပိုင်ရှင်တွေက ဘယ်လို တွေးမိလဲတော့ မသိဘူး။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အဆိုးဆုံး ရာသီကို ရောက်နေပြီး ဈေးတက်ဖို့ သူတို့ မလုပ်သင့်ဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ပေါလ် စခိုးလ်က “ယူနိုက်တက်မှာ အပြုသဘောဆောင်တာ ဘာတစ်ခုမှ မရှိသေးကြောင်း၊ အသင်းက ပျမ်းမျှအားဖြင့် ကြည့်ရတာ အဆင်ပြေပေမယ့် ပရိသတ်တွေ အတွက်တော့ ဘာမှ မလုပ်ပေးနိုင်သေးကြောင်း ထပ်လောင်း ပြောဆိုသွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်