နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တန်ဟက်ဂ် အတွက် အလွန် စိတ်မကောင်း ဖြစ်မိတယ် ဆိုတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထုတ်ပယ်ခံရပြီးနောက် ပိုမိုကောင်းမွန်လာမယ်လို့ ပပ် ဂွာဒီယိုလာက ယုံကြည်နေပါတယ်။ 

တန်ဟက်ဂ်ဟာ ဝက်စ်ဟမ်းကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီး နောက်တစ်နေ့ မနက် မှာတော့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နယ်သာလန်သား နည်းပြဟာ ယူနိုက်တက်မှာ ရှိနေစဉ် အတွင်း ဂွာဒီယိုလာနဲ့ ၇ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ၅ ကြိမ် ရှုံးနိမ့်ကာ ၂ ကြိမ် ကတော့ အနိုင်ရခဲ့ပါတယ်။ အဲဒီ ၂ ပွဲထဲက ၁ ပွဲ ကတော့ ပြီးခဲ့တဲ့ မေလက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဖြစ်ပြီး ယူနိုက်တက်က အနိုင်ရကာ ချန်ပီယံဆုလည်း ရရှိခဲ့ပါတယ်။ 

ဒီရာသီမှာတော့ တန်ဟက်ဂ်က ရာသီ အစမှာတင် ရလဒ်ပိုင်း တော်တော်လေး ဆိုးရွားနေခဲ့ပြီး နောက်ဆုံး ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ချိန် မှာတော့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၇ မှတ်၊ တန်းဆင်းဇုန်နဲ့ ၇ မှတ်သာ ကွာဟနေပါတယ်။

ပပ်ဂွာဒီယိုလာ ကတော့ တန်ဟက်ဂ် ထုတ်ပယ်ခံရခြင်းနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော် သူ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်၊ ဘာလို့လဲ ဆိုတာ ဒါက ဘောလုံးမှာ ဒါက အကောင်းဆုံး အလုပ် တစ်ခု ဖြစ်နေလို့ပါပဲ။ ကျွန်တော် သူ့ကို အကောင်းဆုံး လုပ်ပြီး သူ ပိုအားကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်။ ရလဒ်တွေ မကောင်းရင် ခင်ဗျား အနေနဲ့ ထုတ်ပယ်ခံရမှာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ ကျွန်တော် အပါအဝင်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈၅ ပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးတော့ ၂၇ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ဆာ အဲလက်စ် ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက် မန်နေဂျာတွေထဲမှာ ရှုံးပွဲ အများဆုံးလည်း ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ ရှုံးပွဲ ရာခိုင်နှုန်း ၃၁.၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ ဒေးဗစ် မွိုက်စ် ၃၂.၄ ရာခိုင်နှုန်း ပြီးရင် ပရီးမီးယားလိဂ် ခေတ်မှာ ဒုတိယ အဆိုးဆုံး မန်နေဂျာ မှတ်တမ်းလည်း ဖြစ်ပါတယ်။

ယူနိုက်တက်သည် တန်ဟက်ဂ် လက်အောက် ၁၂၈ ပွဲ ကစားရာမှာ ၁၇၃၉ ကြိမ် ဂိုးပေါက် ကန်ချက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မန်စီးတီး ကတော့ ၂၀၂၂/၂၀၂၃ ဘောလုံး ရာသီ နောက်ပိုင်း ဂိုးပေါက် ကန်ချက် ၁၀၀၀ ကျော်နဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါဟာ ယူနိုက်တက်နဲ့ နှိုင်းယှဉ်ရင်တော့ ၇၁၇ ကြိမ် လျော့နည်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ဟာ ယာယီ နည်းပြ ရူ့ဒ် ဗန် နစ္စတယ်ရွိုင်းနဲ့ လက်စတာစီးတီးနဲ့ ခရာဘောင်ဖလား ပွဲစဉ်ကို ကစားဖို့ ရှိပြီး အမော်ရင် ကတော့ ချဲလ်ဆီးနဲ့ ပွဲစဉ်မှ စတင် ကိုင်တွယ်ဖွယ်လည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်