နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဥရောပ ထိပ်တန်း ကလပ်တွေ မှာသာ ကစားချင်နေတဲ့ ပေါ့ဘာ | ပရီးမီးယားလိဂ

ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟောင်း ပေါလ် ပေါ့ဘာ ကတော့ သူ့အနေနဲ့ ဥရောပ ထိပ်သီးလိဂ်တွေ မှာသာ ယှဉ်ပြိုင် ကစားလိုကြောင်း ထပ်မံ ဖွင့်ဟ ပြောကြားလာခဲ့ပြန်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ စီးရီးအေ ကစားသမားဟောင်း ပေါ့ဘာက မကြာခင် မြက်ခင်းစိမ်းပေါ် ပြန်လည် ခြေချခွင့် ရတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်သစ် ကွင်းလယ်လူ ဟာ အစောပိုင်း ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ ကလပ် တစ်ခု မှာသာ ပါဝင် ကစားသွားလိုကြောင်း ပြောကြားထားပါသေးတယ်။

ပေါ့ဘာက ပထမတစ်ကြိမ် အင်တာဗျူးမှာ “ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ်းလှမ်းမှုတွေကို စိတ်ဝင်စားမှုတွေ လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် ရုရှား ဘက်ကနေ ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက် ကတော့ စိတ်ဝင်စားစရာ မကောင်းပါဘူး။ ကမ်းလှမ်းချက်တွေ များစွာ ရှိခဲ့ပေမယ့်လည်း အဲ့ဒါက ကျွန်တော်ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ ကျွန်တော် တို့မှာက ပန်းတိုင် ကိုယ်စီ ရှိကြတယ်လေ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားနေရတဲ့ အသင်းက ကမ်းလှမ်းလာမယ် ဆိုရင်တော့ ဒါက ငြင်းစရာကို မရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။ တကယ်သာ ရောက်လာမယ် ဆိုရင်တော့ ဘာကြောင့်နဲ့မှ မငြင်းနိုင်ပါဘူး။ ကျွန်တော် တို့က အမြဲတမ်း ထိပ်တန်း အသင်း တစ်သင်း မှာပဲ ပါဝင်ကစားချင်ကြတာလေ။ အဲ့ဒါက ကျွန်တော့် အပေါ်မှာ မမူတည်သလို တခြား အရာတွေ အများကြီး အပေါ်မှာပဲ မူတည်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်ဘာက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် တို့မှာသာ ယှဉ်ပြိုင်ကစားဖူးသူလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အဲလ်နာဆာမှာ ကစားဖွယ်လည်း ရှိနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ တားမြစ်ဆေး ပြဿနာတွေ ဖြစ်ပွားခဲ့ပြီးနောက် ဂျူဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းထားခဲ့ပြီး လက်ရှိ မှာ အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းက အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိခဲ့တဲ့ နှစ်မှာပဲ တားမြစ်ဆေး သုံးစွဲထားတယ် ဆိုပြီး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ၄ နှစ် ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ့ဘာ တစ်ယောက် အယူခံဝင်ရာမှာ အောင်မြင်ခဲ့တာကြောင့် ၁၈ လ အထိ လျော့ပေါ့ ပြစ်ဒဏ်ကျခံရပြီး လာမယ့် မတ်လ မှာပဲ ဘောလုံး ပြန်လည် ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပေါ်ဘာက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် တို့မှာသာ ယှဉ်ပြိုင်ကစားဖူးသူလည်း ဖြစ်ပါတယ်။ သူက ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်စ် ကနေ ယူနိုက်တက်ကို ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ချိန်မှာ ဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံး အပြောင်းအရွှေ့ အဖြစ် စံချိန်တင်ခဲ့သူ ဖြစ်ပါတယ်။   ပေါ့ဘာကို ရုရှား ကလပ်တွေက ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ငြင်းဆန် ပယ်ချထားခဲ့ပြီး ဥရောပ ထိပ်သီးလိဂ်တွေ မှာသာ ယှဉ်ပြိုင် ကစားဖို့ ဆန္ဒရှိကြောင်း တဖွဖွ ပြောကြားနေခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် တချို့က စိတ်ဝင်စားနေပေမယ့်လည်း ပြင်သစ် ကလပ် မာဆေးလ် ကသာ သူ့ကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ ပေါ့ဘာက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာမှာ ကစားဖွယ်လည်း ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်