နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နည်းပြ ထိုင်ခုံ လှုပ်လာပြီ ဖြစ်တဲ့ အန်ဂျီ ပိုစတီကိုဂလူး | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ လန်ဒန် ဒါဘီ ပွဲစဉ်မှာ ဒီရာသီမှာ ပရီးမီးယားလိဂ် နိုင်ပွဲ လုံးဝ မရရှိသေးတဲ့ မြိုခံ ကလပ် ခရစ္စတယ်ပဲလေ့စ့်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် စပါး ပရိသတ်တွေက အသင်းရဲ့ ရလဒ်ကို ဒေါသထွက်ပြီး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးကို ရာထူး ကနေ ထုတ်ပယ်ဖို့ အတွက် တောင်းဆိုမှုတွေ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဩစတြေးလျ လူမျိုး ဘောလုံး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူး အနေနဲ့ သူရဲ့ စပါး နည်းပြ ဘဝ ပွဲဦးထွက်ရာသီ မှာတော့ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်စေခဲ့သလို ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိစေခဲ့ပါတယ်။ အသင်းနဲ့ တာထွက်တဲ့ ရာသီမှာ အခုလောက် အထိပဲ စွမ်းဆောင်နိုင်ခဲ့တာက ကိစ္စမရှိပေမယ့်လည်း ဒုတိယမြောက် ရာသီ မှာတော့ ပိုစတီကိုဂလူးရဲ့ စပါး ဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန် အတွင်း ရှုံးပွဲက ၄ ပွဲ အထိတောင် ရှိလာခဲ့ရသလို ပဲလေ့စ်လို နိုင်ပွဲ လုံးဝ မရှိသေးတဲ့ အသင်း ကိုပါ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ပိုစတီကိုဂလူး အနေနဲ့ သူရဲ့ စပါး နည်းပြ ဘဝ ပွဲဦးထွက်ရာသီ မှာတော့ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်စေခဲ့သလို ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိစေခဲ့ပါတယ်။
နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေတဲ့ စပါး

စပါး အနေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာတော့ ရလဒ်တွေ ကောင်းနေ ပေမယ့် ခရာဘောင်ဖလားမှာ မန်စီးတီးနဲ့ ဆုံတွေ့နေတာ ကြောင့် နောက်တစ်ဆင့် တက်ဖို့က မသေချာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် စပါးက ပရီးမီးယားလိဂ် မှာလည်း Top 4 နေရာနဲ့ ၅ မှတ် အထိ ကွာဟနေတာကောင့် ဒီအခြေအနေမှာ စပါး ပရိသတ်တွေက နည်းပြ ပိုစတီကိုဂလူးကို ရာထူး ကနေ ထုတ်ပယ်ခံရသင့်ကြောင်း ဝေဖန် ပြောဆိုလာကြတာ ဖြစ်ပါတယ်။ စပါး ပရိသတ်တွေက ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ ရလဒ်ပိုင်း အတွက် နည်းပြ အန်ဂျီ ပိုစတီကိုဂလူးကို ဒေါသထွက်နေခဲ့ကြပါတယ်။ ဒါ့အပြင် ၁၅ နှစ်တာ ကာလ အတွင်း သူတို့ အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ ပိုစတီကိုဂလူးက အဆိုးရွားဆုံးသော နည်းပြ တစ်ဦး ဖြစ်တယ် လို့လည်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

စပါး အသင်း တာဝန်ရှိသူတွေ ကတော့ ဟိုဆေး မော်ရင်ဟိုနဲ့ ကွန်တီ တို့လို ထိပ်တန်း နည်းပြတွေနဲ့တောင် လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုစတီကိုဂလူးသာ ရလဒ်ကောင်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်ဘူး ဆိုရင်တော့ အသင်း ကနေ ထုတ်ပယ်ခံရဖို့လည်း ယုံကြည်နေတာ ဖြစ်ပါတယ်။ စပါးဟာ လာမယ့် ပွဲစဉ်တွေ အဖြစ် မန်ချက်စတာစီးတီး၊ အက်စတွန်ဗီလာ တို့နဲ့ ဆက်တိုက် တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေဟာ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး အတွက်တော့ ဖိအားများစရာတွေ ဖြစ်လာခဲ့ပြီးတော့ အကယ်၍ ရလဒ် မကောင်းခဲ့ဘူး ဆိုရင်တော့ အထုတ်ပယ်ခံရတာလည်း ဖြစ်နိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်