တန်ဟက်ခ်ရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ယူနိုက်တက်ကို ပြောင်းခဲ့တဲ့ အဲရစ်ခ်ဆန်၊ ဗန်ဒိုက်ခ်က ဗီဒစ်ထက် ပိုကောင်းတယ် ပြောတဲ့ ကာရေဂါကို ဖာဒီနန် တုံ့ပြန် အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
တန်ဟက်ခ်ရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ယူနိုက်တက်ကို ပြောင်းခဲ့တဲ့ အဲရစ်ခ်ဆန်
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန်က သူ့အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ခ်ရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တဲ့နောက် မန်ချက်စတာကို ရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အဲရစ်ခ်ဆန်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ အတူ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီမှာတော့ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ကုန်ခဲ့တာကြောင့် ယူနိုက်တက်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ အဲရစ်ခ်ဆန်ဟာ နှလုံးမှာ စက်တပ်လိုက်ရတာကြောင့် အင်တာမီလန်ကို စွန့်ခွာခဲ့ရဖူးပြီး ပြီးခဲ့တဲ့ နွေရာသီက အပြောင်းအရွှေ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
အဲရစ်ခ်ဆန်က ဘရန့်ဖို့ဒ်ကို ပြန်ဖို့ ဘယ်တုန်းကမှ မနီးစပ်ခဲ့ဖူးကြောင်း၊ အဲ့ဒီနောက် ယူနိုက်တက် နည်းပြ တန်ဟက်ခ်က ဖုန်းခေါ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယူနိုက်တက်မှာ မြင်ယောင်မိကြောင်း၊ ကံကောင်းစွာနဲ့ သူတို့ ကလည်း အပြောင်းအရွှေ့ကို လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဒီနေရာကို ရောက်လာခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဗန်ဒိုက်ခ်က ဗီဒစ်ထက် ပိုကောင်းတယ် ပြောတဲ့ ကာရေဂါကို ဖာဒီနန် တုံ့ပြန်
ဗာဂျယ် ဗန်ဒိုက်ခ်ဟာ အာဆင်နယ်နဲ့ ပွဲမှာ ခြေစွမ်းပိုင်း ဆိုးရွားခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း နီမန်ဂျာ ဗီဒစ်ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ လစ်ဗာပူးလ် နောက်ခံလူဟောင်း ဂျင်မီ ကာရေဂါက ပြောကြားခဲ့ပါတယ်။
ဗီဒစ်ဟာ ယူနိုက်တက်နဲ့ အတူ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ အောင်မြင်မှု ဆုတံဆိပ် အများအပြားကို ရယူနိုင်ခဲ့ပြီး အသင်းရဲ့ နောက်တန်းမှာ ကာလရှည်ကြာ အဓိက ကျောက်ဆောင် ကစားသမား အဖြစ် ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာရေဂါ ကတော့ ပရီးမီးယားလိဂ်ရဲ့ ဒီလိုမျိုး ဂန္တဝင် နောက်ခံလူ တစ်ယောက်ကို မလေးမစား ပြောဆိုခဲ့တာလို့ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန်က ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။
ဖာဒီနန်က ကာရေဂါရဲ့ ပြောစကားကို သိရှိခဲ့ရကြောင်း၊ သူဘာကြောင့် ဒါလိုမျိုး ပြောတယ် ဆိုတာကို မသိနိုင်ကြောင်း၊ သူပြောခဲ့တဲ့ တောရက်စ်က ဗီဒစ်နဲ့ (၁၅) ပွဲ တွေ့တဲ့ နေရာမှာ (၃) ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း၊ ကာရေဂါ ကသာ ယူနိုက်တက်နဲ့ ပွဲတွေမှာ ခဏခဏ ခံလိုက်ရပြီး အကြိမ်ပေါင်းများစွာ ထုတ်ပယ်ခံခဲ့ရကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။
ငယ်ဘဝ ဟီးရိုးက ဘော်လ်တန် ဂိုးသမားဟောင်းကြီး ဖြစ်ခဲ့ကြောင်း ရမ်စ်ဒေးလ် ဖွင့်ဟ
အဆိုပါ ဖင်လန် ဂိုးသမားကြီးဟာ ဘော်လ်တန် အတွက် ပွဲပေါင်း (၅၀၀) ကျော် ကစားပေးခဲ့ပြီးနောက် ဝက်စ်ဟမ်း ကိုလည်း ပြောင်းရွှေ့ခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ်ရဲ့ ရှေ့မီနောက်မီ ပရိသတ်တွေ ကတော့ ဂျက်စကယ်လိုင်နန်ကို တော်တော်လေး လေးစားမှု ရှိကြပြီး ရမ်စ်ဒေးလ် ကလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။
ရမ်စ်ဒေးလ်က သူ ဘော်လ်တန် အသင်းရဲ့ အကယ်ဒမီမှာ ကစားသမား ဘဝကို ဖြတ်သန်းနေချိန်က ဂျက်စကယ်လိုင်နန်က ကစားသမား ဘဝ အတွက် ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ကြောင်း၊ ကစားသမား ဘဝ အစောပိုင်းမှာ ဒီဂိုးသမားကြီးက တွန်းအား ဖြစ်စေခဲ့ကြောင်း၊ အဲ့ဒီနောက်မှာ သူနဲ့ မိသားစုချင်းပါ ရင်းနှီးခဲ့ပြီး သူ့သားဖြစ်သူ ဝီလီယံနဲ့လည်း ဘောလုံး ကစားဖော် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.